ဟင်္သာတထွန်းရင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး HotCatကို အသုံးပြု၍ Category:၂၀၁၆ ကွယ်လွန်သူများကို ပေါင်းထည့်ခဲ့သည်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။င +။ င)
စာကြောင်း ၁ -
{{Unreferenced}}
ဟင်္သာတထွန်းရင်သည် မြန်မာသံစဉ်အမျိုးသားအဆိုရှင်တစ်ဦးဖြစ်သည်သာမက ပြဇာတ်မင်းသား၊ အသံဇာတ်လမ်းမင်းသား တစ်ဦးလည်းဖြစ်သည်။ငယ်အမည်မှာတစ်ဦးလည်းဖြစ်သည်။ ငယ်အမည်မှာ အထွန်းဖြစ်ပြီး အမည်ရင်းမှာ ထွန်းရင်ဖြစ်သည်။ အဘ ဦးဖေ အမိဒေါ်ကုလားမတို့က ဟဟင်္သာတမြို့ နိဗ္ဗာန်တိုက်နယ် ကျောက်အိုင်ကျေးရွာ၌ ထွန်းရင်(ခ)အထွန်းကို ၁၅-၂-၁၉၄၁ ရက် (စနေနေ့)တွင် မွေးဖွားခဲ့သည်။ မွေးချင်း သုံးယောက်အနက် အကြီးဆုံးဖြစ်ပြီး ငယ်စဉ်က ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အရွယ်ရောက်လာသည့်အခါ ဟင်္သာတမြို့ ကံလှရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်သည်။ ဟင်္သာတမြို့ နေရှင်နယ်ကျောင်း၌ အတန်းပညာဆက်လက်သင်ကြားခဲ့ရာ ကိုးတန်းအထိ ရောက်ရှိခဲ့သည်။ အသက် (၂ဝ) အရွယ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ကာ ရွှေဝါဆပ်ပြာစက်ရုံ၌ အလုပ်ဝင်လုပ်သည်။ စက်ရုံတွင် လုပ်ကိုင်နေစဉ်အတွင်း အားလပ်သည့်အခါ မယ်ဒလင်တစ်လက်ဖြင့် ဆို၊ တီးလေ့ ရှိရာ စက်ရုံအကြီးအကဲတစ်ဦးက နှစ်သက်သဘောကျပြီး ဂီတဖြင့် ဖြစ်ထွန်းနိုင်ခြေရှိသူဟုယူဆ၍ ဂီတစာဆို ပန်တျာ ချစ်လှိုင်နှင့် ဆက်သွယ်ပေးခဲ့သည်။
 
၁၉၆၄ ခုနှစ်တွင် ပန်တျာချစ်လှိုင်ရေးစပ်သည့် ''မောင်ကြီးကြိုနေမယ်''၊ ''ရှာတော့မယ်''၊ ''လှည်းယဉ် ကျော့'' စသည့် တေးသီချင်းများဖြင့် ရောင်းတမ်းဓာတ်ပြား လောကဝယ် နေရာရခဲ့ပြီး ဆက်တိုက်ဆိုသလိုပင် အခြားသော တေးရေးဆရာများရေးစပ်ပေးသည့် သီချင်းပေါင်းများစွာ သီဆိုခဲ့ပြန်သည်။ ၁၉၇ဝ ခုနှစ်ဝန်းကျင်ခန့်တွင် ''ဟင်္သာတ''တေးအဖွဲ့ကို တည်ထောင်ပြီး ကိုယ်တိုင်လည်း တေးသီချင်းများ သီဆိုရေးသားခဲ့ရာ မြန်မာအသံဓာတ်ပြား တေးများရရှိခဲ့သည်။ ''မိသားစုကန်တော့ပွဲ'' မြန်မာအသံ ဓာတ်ပြားတေးထင်ရှားသည်။