မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သွားပါသည် +သွားသည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဒါဏ် +ဒဏ်)
စာကြောင်း ၁၂ -
* ကနောင်မင်းသားက မြို့စား၊ ရွာစားမင်းသားများအား မိမိတို့အပိုင်စားရသည့် နယ်မြေသို့ သွားရောက်နေထိုင်ခွင့် မပြုခြင်းအပေါ်တွင်လည်းကောင်း၊ မိမိတို့၏ ထီးနန်းဆက်ခံခွင့်ကို အပိုင်သိမ်းကာ အိမ်ရှေ့စံ ဖြစ်နေသည်ကိုလည်းကောင်း မကျေနပ်ရင်းစွဲ ရှိနေခဲ့သည်။
 
မင်းတုန်းမင်းတရားသည် သာသနာပြုမင်းပီပီ သားငှက်များကို ဘေးမဲ့ပေးသည်။ နေပြည်တော်တွင် ကျွဲသား၊ နွားသားမစားရ၊ မသတ်ရဟု အမိန့်ထုတ်သည်။ မြင်ကွန်းမင်းသားညီနောင်က ခမည်းတော်ပိုင် မင်္ဂလာနွားဖြူကို သတ်စားသည်။ ထိုသို့ မင်းမိန့်ကို ဖီဆန်သော သားတော်နှစ်ဦးအား ဆုံးမရန် မင်းတုန်းမင်းက အိမ်ရှေ့စံ ကနောင်မင်းသားကို တာဝန်ပေးသည်။ ကနောင်မင်းသားက မင်းသားညီနောင်ကို ကြေးတိုက်သွင်းကာ ချုပ်နှောင်ထားလိုက်သည်။ မင်းမိန့်ကို ဖောက်ဖျက်ကျူးလွန်ခြင်းသည် သေဒါဏ်ထိုက်သည့်သေဒဏ်ထိုက်သည့် အပြစ်ဖြစ်သည်။ ကနောင်မင်းသားသည် တူတော်တို့အား သေဒါဏ်မပေးဘဲသေဒဏ်မပေးဘဲ ချုပ်ရုံချုပ်ထားသည်ကို မင်းသားညီနောင်က မကျေနပ်ကြပေ။
 
ခမည်းတော် မင်းတုန်းမင်းအပေါ်တွင်လည်း သားတော်များကို ထီးနန်းဆက်ခံခွင့် ပေးရန်မစဉ်းစားဘဲ ညီတော်ကို အိမ်ရှေ့စံအရာ ပေးထားခြင်းအတွက် ကျေနပ်ဟန်မတူပေ။ ထို့ကြောင့်ပင် မြင်ကွန်းမင်းသားသည် တစ်နေ့တွင် နန်းတော်ကို ပုန်ကန်ပြမည်ဟု ကြိမ်းဝါးလေ့ရှိသည်။