မြစေတီကျောက်စာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ။ +။)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တောင်ဖက် +တောင်ဘက်)
စာကြောင်း ၇ -
 
==မြစေတီကျောက်စာ==
[[ပုဂံ]]မြို့တောင်ဖက်၊မြို့တောင်ဘက်၊ [[မြင်းကပါ]]ရွာရှိ မြစေတီဘုရားအနီး၌ တွေ့ခဲ့သည်ကို အကြောင်းပြု၍ မြစေတီ ကျောက်စာဟု အမည်တွင်လျက်ရှိသော ကျောက်စာကား ရှေးပုဂံခေတ်ဟောင်းတွင် ရေးထိုးသော ကျောက်စာများအနက် လက်ဦးကျရုံမကဘဲ သမိုင်းနှင့် စာပေတို့ကို ခန့်မှန်းသုံးသပ်ရာ၌ အထောက်အကူပြုသောကြောင့် အလေးတမူ ဂရုပြုကာ အရေးထားအပ်သော ကျောက်စာဖြစ်၏။ ယင်းကျောက်စာကို ဂူပြောက်ကြီး ကျောက်စာဟူ၍လည်းခေါ်ကြသည်။
==ကျောက်စာတိုက် နှစ်တိုက်==
မြစေတီ ကျောက်စာတိုက်နှစ်တိုင်ရှိရာ၊ ပုဂံပြတိုက်တွင် ကျောက်စာတိုင် တစ်ခုရှိ၍၊ မြင်းကပါ မြစေတီ ရင်ပြင်ပေါ်တွင်ကျောက်စာတိုင် တစ်ခုကို စိုက်ထူထား၏။ ပုဂံပြတိုက်တွင်ရှိသော ကျောက်စာတိုင်ကို ခရစ်နှစ် ၁၈⁠၈၆ - ၈၇ ခု( မြန်မာ ၁၂၄၈ ခုနှစ်ခန့်) တွင် ရန်ကုန်အစိုးရ ကောလိပ်ပါဠိစာ ပါမောက္ခနှင့် အစိုးရ ကျောက်စာဝန်အဖြစ် တွဲဖက်ရွက်ဆောင်သော ဂျာမန်ပညာရှိ ဒေါက်တာ ဖိုရှမ်းမားသည် ပုဂံမြို့ တောင်ဖက်တောင်ဘက် မြင်းကပါရွာအနီး မြစေတီခြေရင်း၌ ကပ်လျက်စတင်တွေ့ရှိခဲ့၏။ မြစေတီ ရင်ပြင်ပေါ်တွင်စိုက်ထူထားသော ကျောက်စာတိုင်ကိုမူ [[ဂူပြောက်ကြီး (မြင်းကပါ)|ဂူပြောက်ကြီး]]လိုဏ်ဂူအတွင်း၌ ၃ ပိုင်း ကျိုးပြတ်လျက် စတင်တွေ့ခဲ့ရလေသည်။
 
ကျောက်စာတိုင် တစ်တိုင်တွင် ၄ မျက်နှာရှိရာ၊ တစ်မျက်နှာလျှင် ဘာသာတစ်မျိုးစီရှိလျက် ပါဠိ၊မြန်မာ၊ မွန်နှင့်ပျူစာ ၄ မျိုးရေးထိုးထား၏။ ပုဂံပြတိုက်တွင်ရှိသော ကျောက်စာတိုင်သည် လေးထောင့်မတ်ရပ် ကျောက်စာတိုင်ဖြစ်၍၊ လေးဖက်စာမျက်နှာပြင် အကျယ်ချင်းညီ၏။ အမြင့် ၅ ပေ ၁၁ လက်မ၊ စာမျက်နှာ အမြင့် ၃ ပေ ၆ လက်မ၊ အကျယ် ၁ ပေ ၂ လက်ခန့် ရှိ၏။ ပါဠိစာမျက်နှာ၌ စာကြောင်းရေ ၄၁၊ မြန်မာစာမျက်နှာတွင် စာကြောင်းရေ ၃၉၊ မွန်စာမျက်နှာတွင် စာကြောင်းရေ ၃၃ နှင့်ပျူစာမျက်နှာတွင် စာကြောင်းရေ ၂၆ အသီးအသီး ပါဝင်ရေးထိုးထားသည်။ မြစေတီရင်ပြင်ပေါ်၌ ရှိသော ကျောက်စာတိုင်မှာမူကား မတ်ရပ်လေးထောင့် ကျောက်တိုင် ဖြစ်ငြားသော်လည်း၊ ကျောက်စာမျက်နှာပြင် ၂ ဖက်သည် ပိုမိုကျယ်ပြန့်လျက်၊ ကျန် ၂ ဖက်မှာ ကျဉ်းသည်။ အကျယ်ဖက် ၂ ဖက်တွင် ၁ ပေ ၈ လက်မခန့် ရှိ၍အကျဉ်းဖက်၌ ၁ဝ လက်မခွဲမှ ၁၂ လက်မအထိသာ ရှိသည်။ အကျယ်မျက်နှာပြင်ဖက်၌ စာမျက်နှာပြင် ၄ ပေ ၄ လက်မခန့် ရှိ၍၊၁ ပေ ၇ ၁/၂ လက်မ ကျယ်ပြန့်လေသည်။ အကျယ်ဖက်တွင် ပါဠိနှင့် မြန်မာစာများကို ရေးထိုး၍ အကျဉ်းဖက်တွင် မွန်နှင့်ပျူစာများကိုရေးထိုးထား၏။ ပါဠိစာမျက်နှာ၌ စာကြောင်းရေ ၄ဝ၊ မြန်မာစာမျက်နှာတွင် စာကြောင်းရေ ၃၄၊ မွန်စာမျက်နှာတွင်စာကြောင်းရေ ၄၆ နှင့် ပျူစာမျက်နှာတွင် စာကြောင်းရေ ၂၉ အသီးအသီး ရေးထိုးထားလေသည်။