ဂဠုန်ဆရာစံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ဆ +။ ဆ, -။ထ +။ ထ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အရှေ့ဖက် +အရှေ့ဘက်)
စာကြောင်း ၄၇ -
ဆရာစံသည် အသက် ၅ နှစ်သားအရွယ် ၁၈၈၁ခုနှစ်တွင် ရွှေဘိုနယ် မင်းကုန်းကျောင်းဦး မင်္ဂလာဆရာတော်ထံတွင် ပညာစတင်သင်ကြား ခဲ့လေသည်။ ခုနစ်နှစ် သားအရွယ်တွင် မြင်းသူကြီးရွာ ဘုန်းကြီးဦးကလျာဏကျောင်း၌ ဆက်လက်သင်ယူသည်။ သရက်ကန်အရှေ့ရွာ၊ အနောက်ရွာကြားတွင်ရှိသော ဦးသူရိယ အုတ်ကျောင်း၌ ပညာသင်ယူနေစဉ် အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ကြီးကွယ်လွန်ခဲ့လေသည်။ ၁၈၉၁ခုနှစ်တွင် ရှင်သာမဏေ (၁) နှစ်ကျော် ဝတ်သည်။ ထို့နောက် ဆရာစံသည် အသက် ၁၆ နှစ်တွင် ရဟန်းဘောင်မှ လူထွက်၍ မိုးကုတ်မြို့ သို့တက်၍ ဆေးကု၊ ဇာတာဖွဲ့ဖြင့် အသက်ဝမ်းကျောင်းပြုခဲ့သည်။ ဆရာစံသည် အောက်ပြည်အောက်ရွာသို့ဆင်း၍ အလုပ်အကိုင်ရှာဖွေနေစဉ် သူ့အသက် ၂၀ တွင် မိခင်ကြီးကွယ်လွန်ခဲ့လေသည်။
 
ထိုမှတဖန် ဆရာစံသည် မန္တလေးရတနာဘုမ္မိအရပ်ရှိ မဏိရတနာရာမ မြတောင်တိုက်တွင် သင်္ကန်းဆည်းလျက် ပညာဆည်းပူးခဲ့ပြန်သည်။ ဆရာစံသည် မြတောင်တိုက်တွင် ၂ နှစ်ခန့် ပညာသင်ကြားပြီးနောက် လူထွက်၍ တောင်ငူဘက်သို့ သွားရောက်နေထိုင်ခဲ့လေသည်။ ထိုမှတဆင့် ဖြူးမြို့အရှေ့ဖက်ရှိဖြူးမြို့အရှေ့ဘက်ရှိ ငါးခေါင်းအင်းရွာသို့ အလုပ်အကိုင်ရှာဖွေရန် ခရီးထွက်ခဲ့ပြန်သည်။ ထိုရွာတွင် နေထိုင်စဉ်အတွင်း အညာ ဒေသ ယာဉ်ခြင်းရွာမှရောက်ရှိနေထိုင်သော ဒေါ်ကေနှင့်အကြောင်းပါ၍ မမယ်စိန်နှင့်မောင်ရွှေရင်အမည်ရှိ သမီးတစ်ယောက်နှင့် သားတစ် ယောက် ထွန်းကားခဲ့သည်။ ထို့နောက် ၁၉၀၉ တွင် ကော့ကရိတ်တွင် ရဟန်းခံ၍ ရဟန်းဘဝဖြင့် (၂) နှစ်ခန့်နေပြီး လူထွက်သည်။
 
ယင်းနောက် ဆရာစံသည် ရွှေဘိုခရိုင်မှ အောက်ပြည်သို့ စုန်ဆင်း၍ ကော့ကရိတ်၊ အပေါင်၊ ကျွဲခြံ၊ ဘီလူးကျွန်း ကမာမိုရွာတို့တွင် ဆေးဆရာ အဖြစ် လှည့်လည်ဆေးကု၏။ ဆရာစံသည် တိုင်းရင်းဆေးကုရာတွင် နာမည်ကြီး၍ တပည့်တပန်းပေါများသည့်အပြင် ရောဂါ၏လက္ခဏာကို မည်သို့စစ်ဆေးရမည်၊ မည်ကဲ့သို့သော ဆေးဝါးဓာတ်စာတို့ကို ပေးရမည်ဟူသော ကုထုံးအတွက် “လက္ခဏုဇဆေးကျမ်း” ကိုပင် စီရင်ရေးသားသွားခဲ့သည်။ ထို့အပြင် လုပ်ရပ်နှင့်ဆိုင်သော “ဝိဇ္ဇာသိပ္ပံအင်္ဂုတ္တကျမ်း”နှင့် “ညာဏောဒီဇဆေးကျမ်း” တို့ကိုလည်း ရေးသားပြုစုခဲ့သည်။ နက္ခတ်ဗေဒင်ဖက်တွင်လည်း ကညော် မွန်ဆရာတော်ထံ နည်းနာခံယူသင်ကြား၍ သင်္ကြန်စာများကိုပင် ဆရာစံအမည်ဖြင့် ထုတ်ဝေခဲ့ဖူး သည်။ ဆရာစံသည် တိုင်းရင်းဆေးပညာအစွယ်အပွားများဖြစ်သည့် အဂ္ဂိရတ်ပညာနှင့် ဗေဒင်နက္ခတ်ပညာတို့ကိုကျွမ်းကျင်ပြီး နောက် ဓာတ်ပညာတွင် အနုစိတ်သည့် ဆေးဝါးဖော်စပ်မှုနှင့်ဆိုင်သော “ညာတောဓိရံကျမ်း” ကို ရေးသားခဲ့သေးသည်။