မဟာပီတာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ပ +။ ပ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အနောက်ဖက် +အနောက်ဘက်, -အရှေ့ဖက် +အရှေ့ဘက်)
စာကြောင်း ၂၅ -
ထိုအချိန်ထိ ရုရှားနိုင်ငံမှာ အခြားသော ဥရောပနိုင်ငံများနှင့် ယှဉ်လျှင်များစွာ နောက်ကျကျန်နေချိန်ဖြစ်သည်။ မြေကျွန်လူတန်းစားမှာလည်း အရေအတွက်အားဖြင့် လွန်စွာများပြားနေပြီး ပြည်သူတစ်ရပ်လုံးမှာ အတွေးအခေါ်အားဖြင့်လည်း နောက်ကျနေခဲ့ရသည်။ အနောက်တိုင်းတွင် နယူတန်၏ ကျမ်းစာများ၊ ဥပဒေသများ ထွန်းကားဆူပွက်နေချိန်၌ပင် ရုရှားမှာ သိပ္ပံ နှင့် ဒဿနိက ဘာသာရပ်များထွန်းကားခြင်းမရှိပဲ အလယ်ခေတ်ပုံစံ ဘဝမှ တိုးတက်လားခြင်းမရှိသေးပေ။ ဘာသာရေးနှင့် ပတ်သက်၍လည်း ရှေးရိုးစွဲဘာသာရေးစနစ်နှင့် အော်သိုဒေါ့ ကျောင်းတော်မှာ အာဏာကြီးမြဲဖြစ်သည်။
=== ခရီးရှည်ကြီးထွက်ခြင်း ===
ထိုနောက်ကျမှုများကို ဖယ်ရှားတွန်းလှန်ရန်အတွက် ပီတာသည် အသက်ငယ်ငယ်ကပင် ပရော့ မီခေးလားဟူသောအမည်ကိုခံယူပြီး သာမန်အရပ်သားဘဝဖြင့် ဇာတ်မြုပ်ကာ ခရီးရှည်ကြီးထွက်လေသည်။ ပီတာသည် ရုရှားတစ်နိုင်ငံတည်းဖြင် အော်တိုမန် အင်ပါယာအား ရင်ဆိုင်ရန် မလွယ်ကူကြောင်း ကောင်းစွာ သိရှိထားရာ မဟာမိတ်များ ရရှိစေရန် ရည်ရွယ်ချက်ဖြစ် ၁၆၉၇ ခုနှစ်တွင် ဥရောပနိုင်ငံများသို့ ၁၈ လတာ ခရီးရှည်ကို စတင် ထွက်ခွဲခဲ့သည်။ ဤခရီးရှည်ကို မဟာသံအဖွဲ့ ( Grand Embassy) (Великое посольство) ဟုပင် ခေါ်ဆိုခဲ့ကြသည်။ ထို့သို့ အနောက်ဖက်သို့အနောက်ဘက်သို့ ထွက်သည့် ခရီးရှည်ကြီးတွင် နောက်ပါအင်အား ၂၅၀ ကျော် ပါဝင်ခဲ့သည်။
 
ဥရောပနိုင်ငံအများစုထံမှ အကူအညီဖြင့် အော်တိုမန်အင်ပါယာအား တိုက်ထုတ်ရန် ဟူသော ပီတာ၏ မျှော်လင့်ချက်မှာ ပျက်ခဲ့ရသည်။ အကြောင်းမှာ ပြင်သစ်သည် အစဉ်အလာအရ အော်တိုမန်အင်ပါယာနှင့် မဟာမိတ် ဖြစ်နေခြင်း၊ ဩစတြီးယားမှာလည်း အနောက်ဖက်တွင်အနောက်ဘက်တွင် ဖြစ်နေသော စစ်ပွဲများကြောင့် အရှေ့ဖက်အရှေ့ဘက် အော်တိုမန်တို့နှင့် ငြိမ်းချမ်းရေး ဆက်လက်ထိန်းသိမ်းထားလိုခြင်းတို့ကြောင့် ဖြစ်သည်။ ထို့အပြင် ထိုအချိန်က ဥရောပနိုင်ငံများသည် အော်တိုမန်တို့အား တိုက်ထုတ်ရန်ထက် စပိန် ထီးနန်း ဆက်ခံရေးပြဿနာအပေါ်တွင်သာ အာရုံစိုက်လျက်ရှိခဲ့ကြသည်။ ပီတာဘုရင် ဦးဆောင်သော မဟာသံအဖွဲ့သည် မူလ ရည်ရွယ်ချက် မအောင်မြင်ခဲ့သော်လည်း ဥရောပနိုင်ငံများသို့ ဆက်လက်ထွက်ခွဲ လည်ပတ်ခဲ့သ်ည။ ထိုခရီးစဉ်အတွင် လေ့လာဖွယ်ရာများကို စူးစိုက်လေ့လာခဲ့သည်။ ဟော်လန်နိုင်ငံသို့ သွားရောက်ပြီး [[ဒက်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီ]]၏ သင်္ဘောကျင်းတွင် သင်္ဘောတည်ဆောက်သည့် လက်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ပီတာဘုရင်သည် သင်္ဘောတည်ဆောက်ခြင်းနှင့် ဆိုင်သော နည်းပညာများကို အဓိက လေ့လာနိုင်ခဲ့သည်။ အတက်ပညာရှင်၊ အသိပညာရှင်များစွာနှင့်လည်း တွေ့ဆုံရင်းနှီးခဲ့သည်။ ဒတ်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် ကမ္ဘာ့အကြီးဆုံး သင်္ဘောကျင်းတွင် ပီတာဘုရင်အတွက် အတွေ့အကြုံများစွာ ရရှိခဲ့သည်။ ပီတာသည် အင်္ဂလန်သို့ ခရီးဆက်ခဲ့ပြီး အင်္ဂလန်ပြည့်ရှင် တတိယမြောက် ဝီလီယံနှင့် တွေ့ဆုံခဲ့ပြီး မန်ချက်စတာမြို့သို့ ရောက်ရှိခဲ့ပြီး မြို့ပြတည်ဆောက်ရေး နည်းပညာများကို လေ့လာသင်ယူခဲ့ပြီး နောက်ပိုင်း [[စိန့်ပီတာစဘတ်မြို့]] ( Санкт Питербург) တည်ဆောက်ရာတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ အင်္ဂလန်နိုင်ငံ၏ တော်ဝင်ရေတပ်သင်္ဘောကျင်း တစ်ခုတွင်လည်း အလားတူ လုပ်ကိုင်ခဲ့သည်။ အမြောက်ပစ်နည်းကို ပရပ်ရှားတွင် သင်ကြားခဲ့သည်။ အင်္ဂလန်တွင်ရှိနေစဉ် ပါလီမန်အစည်းအဝေးပွဲသို့လည်း တက်ရောက်နားထောင်သည်။ ရောက်လေရာဒေသတိုင်းတွင် စိတ်ဝင်စားဖွယ်ရှိသည့် လက်နက်တိုက်၊ ပြတိုက်၊ စက်ရုံအလုပ်ရုံနှင့် စာသင်ကျောင်း အစရှိသဖြင့် ဝင်ရောက်လေ့လာခဲ့သည်။ ပီတာဘုရင်သည် ဗီယင်နာမြို့နှင့် အခြားဥရောပမြို့ကြီးများသို့ ရောက်ရှိခဲ့ပြီး ဟိုးလီး ရောမ အင်ပါယာ ပြည့်ရှင် လီယိုပို (ပထမမြောက်)နှင့် တွေ့ဆုံခဲ့သည်။ အကျဉ်းဆိုရလျှင် အနောက်တိုင်း၏ ဓလေ့၊ထုံးစံ နှင့် သိပ္ပံပညာ၊ အုပ်ချုပ်ရေး၊ စက်မှုလုပ်ငန်း တို့ကို သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။
၁၆၉၈ ခုနှစ်တွင် ပီတာဘုရင်သည် သူ၏ ခရီးစဉ်များကို ရုတ်တရက် ရပ်တန့်လိုက်ရပြီး ရုရှားနိုင်ငံသို့ ပြန်ခဲ့ရသည်။ အကြောင်းမှာ သက်တော်စောင့် တပ်ဖွဲ့ဝင်များ၏ သူပုန်ထမှုကြောင့် ဖြစ်သည်။ ပီတာသည် သူပုန်များကို အပြင်းအထန် နှိမ်နင်းခဲ့သည်။ ထို တပ်ဖွဲအားလုံးကို လုံးဝ ဖျက်သိမ်းခဲ့သည်။ သံသယရှိသူ အမတော် ဆိုဖီယာအားလည်း သီလရှင် ဝတ်ရန် ဖိအားပေးခဲ့သည်။