တတိယ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊) |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။အ +။ အ, -။ထ +။ ထ, -အနောက်ဖက် +အနောက်ဘက်, -အဖက်ဖက် +အဘက်ဘက်, -။ဗ +။ ဗ, -။မ +။ မ) |
||
စာကြောင်း ၂၁ -
* [[ဒုတိယ အင်္ဂလိပ် - မြန်မာစစ်]]ပွဲတွင်လည်း အင်္ဂလိပ်တို့အား မနိုင်ခဲ့ချေ။
* [[တတိယအင်္ဂလိပ်မြန်မာစစ်|တတိယ အင်္ဂလိပ် - မြန်မာစစ်]]ပွဲတွင်လည်း မြန်မာတို့ လက်နက်ချခဲ့ကြရသည်။
သို့သော် မြန်မာတို့သည် အင်္ဂလိပ်တို့အား အဘယ်စစ်ပွဲတွင်မဆို လွယ်ကူစွာ အညံ့မခံခဲ့ကြချေ။ စစ်ပွဲသုံးကြိမ် ရှုံးနိမ့်ပြီးသောအခါ မြန်မာတို့သည် အခြေအနေအရ သူ့ကျွန်ဖြစ်ခဲ့ရသည်။ သို့သော် "သူ့ကျွန်မခံလိုသောစိတ်"ကား မြန်မာတို့၏ ရင်ဝယ် အမြဲတမ်းကိန်းအောင်းလျက်ရှိသည်။ အခြေအနေကြောင့် တစ်ထစ်မျှ ကျဆင်းခဲ့ရသော ဘဝကို ဆယ်ထစ် ဆယ့်ငါးထစ်မျှ ရှေ့သို့ တိုးရန် သတ်မှတ်ထားကြ၏။ စိတ်ဝယ်တေးထားကြ၏။ စင်စစ် အားမတန် မာန်ချလိုရခြင်းဖြစ်သည်။ တော်လှန်ရန် စိတ်ဓာတ်ကား မြန်မာတို့ရင်ဝယ် တိုးလျက်ခုန်လျက် ရှိသည်။ မြောက်လျက် ကြွလျက်ရှိသည်။ "နေသေးသပ၊ ချုံထဲက" ဟု အားနှင့် မာန်နှင့်
ဤစစ်ပွဲသည် ၁၉ ရာစုအတွင်း မြန်မာတို့အတွက် ဗြိတိသျှအင်ပါယာနှင့် နောက်ဆုံးစစ်ပွဲဖြစ်သည်။
စာကြောင်း ၁၁၃ -
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဧရာဝတီမြစ်ဝဲယာရှိ ဆင်ပေါင်ဝဲနှင့် ညောင်ပင်မှော်ခံတပ်များကို ဖြတ်ကျော်ချီတက်သည်။ ထိုသို့တိုက်ခိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ထူးပေါက်ကတုတ်၊ မင်းလှခံတပ်နှင့် ဂွေးချောင်းခံတပ်တိုကို သိမ်းယူရန်ဖြစ်သည်။ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဇောင်ခြမ်းရွာရောက်ပြီး အင်္ဂလိပ်တပ်များသည် သင်္ဘောပေါ်မှ ကမ်းသို့ တက်သည်။ ၁၁ နာရီ ၁၅ မိနစ်တွင် ထူးပေါက်ခံကတုတ်သို့ ရောက်သည်။ တိုက်ပွဲဖြစ်ပွားကြသည်။ မြန်မာတို့က ပြင်းပြင်းထန်ထန်ခုခံ တိုက်ခိုက်ကြပြန်သည်။ ၃ နာရီခန့် ခုခံပြီးနောက် အင်အားခြင်းမမျှသဖြင့် ပန်းတော်ပြင် ကတုတ်သို့ ဆုတ်ကာ မင်းရဲညွန့်တပ်နှင့် ပေါင်းရသည်။ အင်္ဂလိပ်တို့က ထူးပေါက်ခံကတုတ်ကို သိမ်းယူကာ မီးရှို့ဖျက်ဆီး ပစ်ရုံသာမက၊ မြန်မာတို့၏ ကြေးနန်းရုံကိုပါ သိမ်းပိုက်လိုက်သည်။
== ဂွေးချောင်း-ခံတပ် တိုက်ပွဲ ==
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဗိုလ်ချုပ် ပရင်ဒါစဂတ်စ် သည် ကြည်းတပ်ရင်း ၉ ရင်း၊ ရေတပ်တတပ်တို့ဖြင့် ဂွေးချောင်းခံတပ်ကို တိုက်ခိုက်ရန် စီစဉ်သည်။ အစီအစဉ်အရ နံနက် ၈ နာရီတွင် အင်္ဂလိပ်ရေတပ်သည် ပတ္တနဝိုရ်ရွာ၏ အထက်နားတွင် တပ်စွဲကာ ကုန်းပေါ်သို့ တက်ရောက်တိုက်ခိုက်ရန် စီစဉ်ပြန်သည်။ ထိုနေရာမှ၊ သည်ဂွေးချောင်းခံတပ်ပေါ်သို့ မျှော်ကြည့်လိုက်လျှင်ကား မြန်မာ့စစ်တံခွန်၊ စစ်အလံတို့သည် လေကစားတိုင်း တလူလူ လှုပ်ရှားလျက်ရှိသည်။ မောက်တို၊ မောက်ရှည်၊ ဗာလည်ကွေးများ ဝတ်ဆင်ထားသော မြန်မာ့စစ်သည်တော်များကိုကောင်းမွန်စွာ မြင်ရနေသည်။ ထိုနေ့၌ပင် တိုက်ပွဲကြီးဖြစ်ပွားသည်။ အပြန်အလှန်ပစ်ကြ ခတ်ကြသော အမြောက်စိန်ပြောင်းတို့ အသံကား၊ မိုးပြိုသကဲ့သို့ပင်
လက်နက်အင်အား မမျှတခြင်း၊ ကျွမ်းကျင်မှု အင်အား မမျှတသော မြန်မာတို့မှာ အရေးမသာတော့ချေ။ တတ်နိုင်သမျှ ခုခံကြသော်လည်း အင်္ဂလိပ် ကုန်းတပ်၊ ရေတပ်တို့၏ ညှပ်ပိတ် တိုက်ခိုက်ခြင်း ခံရကား နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီတွင် ဂွေးချောင်းခံတပ်ကျဆုံးရသည်။ ထိုတိုက်ပွဲတွင် မြန်မာတို့ဘက်မှ တပ်မှူး မင်းကျော်သိဒ္ဓိရန်အောင် ကျဆုံးရလေသည်။ မြန်မာတို့သည် မင်းထင်မင်းလှ ကျော်ခေါင်တပ်၊ မဟာမင်းထင်မင်းခေါင်တပ်တို့ ပူးပေါင်းကာ၊ လူအင်အား ၁၀၀၀၊ ဆင် ၅၀၀၊ မြင်း ၅၀၀ တို့ဖြင့် ဆုတ်အပ်သော လက်သီး၊ စည်းအပ်သော ထင်းချောင်းပမာ ကြံ့ခိုင်စွာ ဖွဲ့စည်းထားသည်။
== ကြေးနန်းနှင့် မြန်မာတို့ စိတ်ဓာတ် ==
ဂွေးချောင်း ခံတပ်တိုက်ပွဲဖြစ်နေစဉ် ဧရာဝတီမြစ်
ဂွေးချောင်း ခံတပ်ကျဆုံးပြီးနောက် မြန်မာတို့သည် စုမိသမျှ အင်အားနှင့် ခုခံရန် ဦးကင်းဘုရားတွင် စောင့်ဆိုင်းနေ၏။ နိုဝင်ဘာလ ၁၇ ရက်နေ့ တနေ့ခင်း တခင်းလုံး လည်းကောင်း၊ ဦးကင်းဘုရာမှ ခုခံတိုက်ခိုက်ကြသော်လည်း အင်္ဂလိပ်ထိုးစစ်အား ပြင်ထန်လာသဖြင့် ကုန်းရွာသို့ ဆုတ်ခွာပေးလိုက်ရသည်။ ၎င်းမှ တဖန် တဖြည်းဖြည်း မင်းလှမြို့တွင်းသို့ အရောက်ဆုတ်ခွာကာ ခုခံရသည်။ မြန်မာတို့သည် ရေကြောင်း၊ ကြည်းကြောင်းတို့တွင်
[[File:Third Anglo-Burmese War B.jpg|alt=|thumb|227x227px|ဗိုလ်ချုပ် ပရင်ဒါစဂတ်စ် နန်းတော်သို့ ရောက်လာစဉ်]]
== မင်းလှခံတပ် တိုက်ပွဲ ==
အင်္ဂလိပ်များသည် အစီအစဉ်အတိုင်း မင်းလှခံတပ်ကို တိုက်ခိုက်သည်။ အင်္ဂလိပ်နံပါတ် ၁၁ ဘင်းဂေါလ် ခြေလျင်တပ်က ခံတပ်၏
ကာနယ်ဆင်ဗဆင်သည် သူ့တပ်သားများအား စုရုံးကာ မင်းလှခံတပ်သို့ အတင်းချီ၍ ခံတပ်၏ အပေါ်ထပ်သို့ ခက်ခဲစွာ တက်ကြသည်။ အင်္ဂလိပ် ရေတပ်မှလည်း မင်းလှခံတပ်သို့ အမြောက်များဖြင့် လှမ်း၍ပစ်ပေးနေသည်။ မြန်မာတပ်သားများ၊ အင်္ဂလိပ်တပ်သားတို့ ဘတပြန်-ကျားတပြန် လုံးထွေးတိုက်ခိုက်ကြသည်။ မြန်မာ့တပ်မတော်မှလည်း အင်္ဂလိပ် သင်္ဘောများကို အမြောက်များနှင့် ပြန်လည်ပစ်ခတ်သည်။
ထိုစဉ် ဘင်္ဂေါခြေလျင်တပ်ရင်း ၁၂ သည် ခံတပ်၏ တောင်ဘက်မှကွေ့၍မြစ်ကမ်းပါးဘက်တွင် နေရာယူပြီး၊ ခံတပ်၏ အရှေ့ဘက် တံခါးမကြီးကို ဝင်ရောက်တိုက်ခိုက်သည်။ မြန်မာတို့ဘက်မှ ရှိသမျှအင်အား၊ လက်နက်ခဲယမ်းများဖြင့် အစွမ်းကုန် ကြိုးစားခုခံကြသော်လည်း လက်နက်ချင်းမမျှ ကျွမ်းကျင်မှုတွင်လည်း ကွာခြားလေသောကြောင့် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၊ ညနေ ၃ နာရီ ၁၅ မိနစ် အချိန်တွင် မင်းလှခံတပ်မှာ အင်္ဂလိပ်တို့ လက်အောက်သို့ ကျဆုံးခြင်း
နောက်နေ့တွင် အင်္ဂလိပ်တို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ချီတက်လာကြသည်။ မကွေးမြို့၌ ဧရာဝတီမြစ်ကြောင်းကို ပိတ်ဆို့ရန် တာဝန်ပေးခြင်း ခံရသော အီတလီလူမျိုး ကိုမိုတိုနှင့် မိုလီနာရီတို့ လက်နက်ချရလေသည်။
စာကြောင်း ၁၃၆ -
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အင်းဝခံတပ်ရှိ ဗိုလ်မှူးကင်း၊ အတွင်းဝန်ခေါင်ဆောင်သော မြန်မာတပ်များကို အင်္ဂလိပ်တို့ ဝန်းဝိုင်း တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် နေပြည်တော်မှ အမိန့်အရ မြန်မာတို့ လက်နက်ချလိုက်ရသည်။ ထို့အပြင် နိုဝင်ဘာ ၂၈ ရက်နေ့၌ မန္တလေးနေပြည်တော် ဆိပ်ကမ်းသို့ အင်္ဂလိပ်တပ်များ ရောက်ရှိသည်။ ၎င်းနေ့တွင် အင်္ဂလပ်တပ်များက နန်းတော်သို့ ချီတပ်ဝန်းရံပြီးနောက် သီပေါမင်းနှင့် ကင်းဝန်မင်းကြီး ဦးဆောင်သော မြန်မာမှူးမတ်များနှင့် တွေ့ဆုံ၍ လက်နက်ချရန် စကား ကမ်းလှမ်းခဲ့သည်။
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင်
[[File:Saya Chone's "King Thibaw Leaving Mandalay".png|alt=|left|thumb|223x223px|သီပေါမင်း ပါတော်မူ၍ မြန်မာတို့ ဝမ်းနည်းစွာ နှုတ်ဆက်နေရပုံ]]
|