ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။သ +။ သ)
စာကြောင်း ၃၂ -
 
===နိုင်ငံရေး ဆောင်ရွက်မှုများ===
ဝိုင်အမ်ဘီအေ ရဲ့ ပထမဆုံး နိုင်ငံရေးဆောင်ရွက်မှုကတော့ အိန္ဒိယကို ကိုယ်စားလှယ်အဖွဲ့လွှတ်ပြီး အုပ်ချုပ်ရေး တိုးမြှင့်ပေးဖို့တောင်းဆိုမှု ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး လှုပ်ရှားလာသော ခရစ် ၁၉၁၇ ခုနှစ် မှ ၁၉၁၉ ခုနှစ်အတွင်း၌ ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်းပေါင်း ၂ဝဝ ကျော်မျှ တိုးပွားလာခဲ့လေသည်။ ၁၉၁၇ ခုနှစ်မှာ ဗြိတိသျှက အိန္ဒိယကို အုပ်ချုပ်ရေး တိုးပေးဖို့စီစဉ်လာတဲ့အခါ ဝိုင်အမ်ဘီအေ က (ဦးစု၊ ဦးဖေ၊ ဦးဘဘေနှင့်ဦးမေအောင်) တို့ကို အိန္ဒိယ လွှတ်ပြီး အရေးဆိုစေခဲ့ပါတယ်။သို့ရာတွင်အရေးဆိုစေခဲ့ပါတယ်။ သို့ရာတွင် ၁၉၁၈ ခုနှစ် ဇွန်လ၌ ထွက်ပေါ်လာသော မွန်တေဂူနှင့်ချမ်းစဖို့ အစီရင်ခံစာတွင် မြန်မာပြည် အတွက် အုပ်ချုပ်မှုပြုပြင် ပြောင်းလဲရေး ထောက်ခံချက်များ မပါရှိခဲ့ချေ။ ထိုနောက် အိန္ဒိယပြည်အား ပြုပြင်ပြောင်းလဲ အုပ်ချုပ်မှုစနစ်ပေးအပ်ရန် ဗြိတိသျှ ပါလီမန်က ဥပဒေကြမ်း တင်သွင်းရာတွင် မြန်မာပြည်အတွက် ဘာမျှမပါရှိသည်နှင့် ၁၉၁၉ ခုနှစ် မေလ ၁၈ ရက်နေ့ တွင် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေပုရှိန်) ကိုယ်စားလှယ်အဖွဲ့ကို ဗိလတ်အထိလွှတ်ပြီး အရေးဆိုစေခဲ့ပါတယ်။ သို့ပါလျက်နှင့်လည်း အိန္ဒိယပြည်အုပ်ချုပ်ရေး ဥပဒေကြမ်းကို စဉ်းစားကြသော ဗြိတိသျှ အထက်နှင့်အောက် ပါလီမန် ၂ ရပ် တွဲဖက် ကော်မတီသည် မြန်မာပြည်အတွက် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးများကို ဥပဒေကြမ်းတွင် ထည့်သွင်းပေးရန် မထောက်ခံခဲ့ချေ။ ကရက်ဒေါက်စီမံကိန်းနှင့် နှစ်သိမ့်လာတာကို ဝိုင်အမ်ဘီအေ ကပဲ ဦးစီးကန့်ကွက်ခဲ့ပြီး (၁၉၂၀) မှာ ‘ဖေပုမောင်’ (ဦးဘဖေ၊ ဦးပု၊ ဦးသိမ်းမောင်) တို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယအကြိမ် ဗိလတ်ကိုလွှတ်ပြီး အုပ်ချုပ်ရေး တိုးမြှင့်ပေးဖို့ တောင်းဆိုစေခဲ့ပါတယ်။ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကြမ်း ထွက်ပေါ်လာတဲ့အခါမှာလဲ ဥပဒေ မပြဋ္ဌာန်းမီကတည်းက တက္ကသိုလ်ဥပဒေကြမ်းကို ဝိုင်အမ်ဘီအေ ကနေ ကန့်ကွက်ခဲ့ပါတယ်။
 
==တိုးတက်လာသော အသင်းအင်အား==