ကပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လွင့်စင် +လွင့်စဉ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။အ +။ အ)
စာကြောင်း ၁၀၄ -
ဓား၊ လှံ သေနတ် အစရှိသည့် လက်နက်များအတွက်နှင့် အသက်အန္တရာယ်ဖြစ်ပေါ်သည်ကို သတ္ထန္တရာယ်ကပ် ဟု ဆိုသည်။ အဓမ္မရာဂ, ဝိသမလောဘ, မိစ္ဆာဓမ္မ ဟူသည့် တရားဆိုးကြီးသုံးမျိုးတို့သည် လောက၌ ဖိစီးတိုက်ခိုက်လာသည့်အခါ လူတို့သည် တရားလက်လွတ်ကြကုန်၏။ ကိုယ်အမူအရာ နှုတ်အမူအရာတို့သည် ကြမ်းတမ်းရက်ရောစွာ ဖြစ်လာကြကုန်၏။ အမျိုးမျိုးသော လက်နက်တို့သည် ပေါ်လာကြကုန်၏။ ထိုလက်နက်တို့သည် လူတို့၏ အလိုသို့လိုက်၍ အဖော်သလဲကြီးများ ဖြစ်ကြလေကုန်၏။ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ခြင်း၊ ထိုးခုတ်ခြင်း တို့သည် လောက၌ ဖြစ်ပေါ်ကုန်၏။ လုယက်ခြင်း, သူခိုး ခိုးခြင်း, ဓားပြတိုက်ခြင်း စသည်တို့သည်လည်း ဖြစ်ပေါ်လာကုန်၏။ မြို့ရွာနိဂုံးတို့ကိုလည်း မီးရှို့ခြင်းတို့လည်း ဖြစ်ပေါ်ကုန်၏။ မီးသည် တရားဆိုးသုံးပါးထွန်းကားသောအခါ လောက၏ လက်နက်ကြီးတစ်ပါး ဖြစ်၏။ ထိုသို့ဖြစ်သည့်အခါတွင် လူတို့သည် သေကျေပျက်စီးခြင်း၊ ပစ္စည်းဥစ္စာကုန်ဆုံးခြင်း၊ မြို့ပြပြည်ရွာတို့၌ မီးလောင်ခြင်းတို့ ဖြစ်ကုန်၏။<ref name="depani"/>
 
နိုင်ငံအချင်းချင်း စစ်ဖြစ်ကြလျှင် ကြီးစွာသော သတ္ထန္တရာယ်ကပ်ကြီး ဆိုက်သည်မည်၏။ ထိုအခါ စစ်တိုက်မှုကြောင့် လူများစွာတို့ သေကျေပျက်စီးကြရ၏၊ မြို့ရွာတို့သည်လည်း ပျက်စီးပြုန်းတီးကြရကုန်၏။ ထိုစစ်ပွဲများသည် အချို့သည် နှစ်နှစ် သုံးနှစ်ကြာ၏။အချို့သည်သုံးနှစ်ကြာ၏။ အချို့သည် လေးငါးခြောက်နှစ် ကြာမြင်၏။ အချို့မှာမူ ဆယ်နှစ်, ဆယ့်နှစ်နှစ်ကြာမြင့်၏။ စစ်ပွဲကြာသည်နှင့်အမျှ လူသတ္တဝါများ သေကျေပျက်စီးကြရလေ ဖြစ်၏။ ထိုသတ္ထန္တရာယ်ကပ်ကြီး တိုက်ခိုက်သည့်အခါ သတ္တဝါတို့သည် နည်းပါးယုတ်လျော့ကြကုန်၏။ဤသတ္ထန္တရာယ်ကပ်သည် လူနည်းပါးကြောင်း မြို့ရွာပျက်ကြောင်းပင် ဖြစ်သည်။<ref name="depani"/>
 
====(၂) ဒုဗ္ဘိက္ခန္တရာယ်ကပ်====
"https://my.wikipedia.org/wiki/ကပ်" မှ ရယူရန်