ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +cleanup
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ယ +။ ယ, -။သ +။ သ)
စာကြောင်း ၅ -
[[ဖိုင်:Thomas Robert Malthus Wellcome L0069037 -crop.jpg|thumb|upright|Thomas Robert Malthus]]
[[ဖိုင်:Charles Darwin aged 51.jpg|thumb|upright|၁၈၄၂ ခုနှစ်တွင်ချားလ်စ်ဒါဝင်သည်သူ၏ပထမဆုံး''မျိုးစိတ်များ၏မူလအစ''ပုံကြမ်း<ref>{{harvnb|Darwin|1909|p=53}}</ref>]]
[[ဇီဝဗေဒ]] ပညာတွင် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် သို့မဟုတ် အီဗော်လူးရှင်း ဆိုသည်မှာ သက်ရှိအစုအဝေးများတွင် တွေ့ရသော မျိုးရိုးလိုက်သည့် လက္ခဏာရပ်များ အချိန်နှင့် အမျှ ပြောင်းလဲသွားခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။<ref>{{harvnb|Hall|Hallgrímsson|2008|pp=[https://books.google.com/books?id=jrDD3cyA09kC&pg=PA4 4–6]}}</ref><ref>{{cite web |title=Evolution Resources |location=Washington, DC |publisher=National Academies of Sciences, Engineering, and Medicine |year=2016 |url=http://www.nas.edu/evolution/index.html |url-status=live |archiveurl=https://web.archive.org/web/20160603230514/http://www.nas.edu/evolution/index.html |archivedate=2016-06-03}}</ref> မျိုးရိုးလိုက်သည့် လက္ခဏာများတွင် [[ခန္ဓာဗေဒ]] ဆိုင်ရာ၊ [[ဇီဝဓာတုဗေဒ]]ဆိုင်ရာ နှင့် အပြုအမူဆိုင်ရာ ဂုဏ်သတ္တိများ ပါဝင်ပြီး ထို လက္ခဏာများသည် မျိုးရိုး တစ်ခုမှ အခြားမျိုးရိုးတစ်ခုသို့ ပြောင်းလဲချိန်တွင် လက်ဆင့်ကမ်း သယ်ဆောင်လေ့ရှိသည်။ ဆင့်ကဲပြောင်းလဲမှုသည် အစုအဖွဲ့အတွင်းတွင် မျိုးရိုးလိုက်သည့် လက္ခဏာများ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် အချိန်တွင် ဖြစ်ပေါ်နိုင်သည်။ ထိုသို့ အပြောင်းအလဲများ ဖြစ်ရသည့် အကြောင်းမှာ မျူတေးရှင်း (mutation) ခေါ် ဂျီနုမ်း အစီအစဉ်များ ပြောင်းလဲခြင်း၊ မျိုးဗီဇဆိုင်ရာ ပြန်လည် ပေါင်းစပ်ခြင်း နှင့် ဇီဝမျိုးစေ့ စီးဆင်းခြင်း တို့ကြောင့် ဖြစ်နိုင်သည်။ အီဗော်လူးရှင်းကြောင့် ဘိုးဘွားမိဘတူသော သက်ရှိများမှ တစုနှင့် တစု မတူညီဘဲ ကွဲပြားခြားနားသော သက်ရှိမျိုးကွဲများ ဖြစ်ပေါ်ပြီး [[ချားလ်စ်ဒါဝင်]] က ထိုအဖြစ်အပျက်ကို "အဆုံးမရှိအောင် လှပသော ပုံစံများ နှင့် အံဩဘနန်း ထူးဆန်းသော ပုံစံများ" ဟု ဆိုခဲ့သည်။ယခုဆိုလျင်ဆိုခဲ့သည်။ ယခုဆိုလျင်
 
အမျိုးအနွယ်တစ်ခုကို တိရစ္ဆာန်၊ သို့မဟုတ် အပင်တစ်မျိုးမျိုးသည် မျိုးဆက်တဆက်မှ တဆက်သို့ ဆင့်ကဲပြောင်းလဲခြင်း ကို အီဗော်လျူရှင်းဟုခေါ်သည်။ ထိုသို့ အမျိုးအနွယ်တစ်ခုမှ တစ်ခုသို့ အဆက်မပြတ် ပြောင်းလဲခြင်းကြောင့် ရှေးကရှိခဲ့ဘူး သော တိရစ္ဆာန်၊ သို့မဟုတ် အပင်နှင့် ယခုအခါ ရှိနေသော တိရစ္ဆာန်၊ သို့မဟုတ် အပင်သည် မတူနိုင်တော့ချေ။
စာကြောင်း ၂၇ -
နောင်နှစ် သန်းပေါင်းများစွာ ကြာသော အခါတွင် နို့တိုက်သတ္တဝါများ၏ အီဗော်လျူရှင်း ဖြစ်ရေးကို အားပေးသော ရာသီဥတု ဖြစ်ပေါ်မှုကြောင့် တွားသွားသတ္တဝါမျိုးများ နည်းပါးလာခဲ့သဖြင့် ယခုအခါတွင် တွားသွားသတ္တဝါမျိုးစဉ်ပေါင်း ငါးခုသာ ကျန်ရှိတော့လေသည်။ ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာခြင်းဖြင့် အချို့အမျိုးအစားများ၏ အီဗော်လျူရှင်းဖြစ်ပေါ်လာပုံကို တွေ့နိုင်လေသည်။ ထိုအချက်သည် မြင်း၏ အီဗော်လျူရှင်း ဖြစ်ပေါ်လာပုံတွင် ထင်ရှား၏။ ပထမစ၍ တွေ့ရရာတွင် [[မြေခွေး]]အရွယ်မျှသာရှိသော [[မြင်း]]နှင့်တူသည့် တိရစ္ဆာန်များကို တွေ့ရသည်။ ယင်းတို့၌ ခြေချောင်းကလေးများ ငါးချောင်းရှိသည်။ ထိုနောက် အီဗော်လျူရှင်းစနစ်ဖြင့် အလယ်ခြေချောင်းသာ ကျန်ရစ်ရာမှ တဖြည်းဖြည်း အီဗော်လျူရှင်းဖြစ်ခြင်းဖြင့် ခွာဖြစ်လာသည်။ ထိုအခြေအနေရောက်ရန် ဆင့်ပေါင်း ၁၂ ဆင့် ပြောင်းလာခဲ့ ရပြီးလျှင် နှစ်သန်းပေါင်းများစွာ ကြာပြီးသောအခါတွင် ယခုအခါ၌ မြင်ရသော မြင်းအဖြစ်သို့ ပြောင်းလဲလာသည်ကို တွေ့ရလေသည်။
 
သိပ္ပံပညာရှင်များက ကျောက်ဖြစ်ရုပ်ကြွင်းများ၏အထောက်အထားများမှာ မပြည့်စုံဟု ဝန်ခံကြသည်။ ကျောက်ဖြစ်ရုပ်ကြွင်းများ မကျန်ရစ်သည့် သက်ရှိများ အမြောက်အမြား ရှိသေးကြောင်းယုံကြည်ကြ၏။သို့သော်ရှိသေးကြောင်းယုံကြည်ကြ၏။ သို့သော် ထိုသို့ ကျောက်ဖြစ်ရုပ်ကြွင်း အချို့ကို မတွေ့ကြရသော်လည်း ယေဘုယျမှတ်တမ်းများကို ကြည့်ခြင်းဖြင့် သက်ရှိများ၏ သမိုင်းစဉ်တလျှောက်၌ အီဗော်လျူရှင်း ဖြစ်လာကြသည်မှာ ထင်ရှားသည် ဟုဆိုကြသည်။ ရှေးကျသည့် ကျောက်ဖြစ်ရုပ်ကြွင်းများသည် တစ်ခုနှင့်တစ်ခု တူညီကြသဖြင့် တစ်ခုနှင့်တစ်ခု အဆက်အသွယ် ရှိကြသည်မှာလည်း ထင်ရှားသည်ဟု ဆိုကြသည်။
 
တိရစ္ဆာန်များ၏ နှိုင်းယှဉ်နိုင်သော အနာတမီကို (ခန္ဓာဗေဒ) လေ့လာခြင်းဖြင့် အီဗော်လျူရှင်းဖြစ်လာသည့် အထောက်အထားများကို ပြသနိုင်ပေသည်။