ချစ်ကောင်း(ဗိုလ်မှူး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျို့ဝှက် +လျှို့ဝှက်)
စာကြောင်း ၂၈ -
 
==ဖက်ဆစ် တော်လှန်ရေး==
ထို့နောက် ၁၉၄၄ ခုနှစ်တွင် စစ်ဦးစီး ဌာနချုပ်ရုံးတွင် အမှုထမ်းဆောင်နေစဉ် အိန္ဒိယသို့ လျို့ဝှက်စေလွှတ်လျှို့ဝှက်စေလွှတ် တာဝန်ပေးအပ်ခြင်း ခံရသည်။ ၎င်းနှင့်အတူ သွားရောက်ခဲ့သူများမှာ [[သခင်ဗိုလ်]] (ဂျပန် တော်လှန်ရေး အတွက် အိန္ဒိယမှ မြန်မာနိုင်ငံသို့ လေထီးဆင်းရန် လေယာဉ်ပျံအတက်တွင် ပျက်ကျကာ သေဆုံး)၊ [[မန်းဝင်းမောင်]] (နောင် နိုင်ငံတော် သမ္မတကြီး)၊ ကိုကျော်ရင် (ကထိက [[ဦးကျော်ရင်]])၊ ကိုအုန်းမောင် ([[လေထီးဦးအုန်းမောင်]]) တို့ ဖြစ်ကြသည်။ အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့ရှိ အင်္ဂလိပ်တို့ ဖွင့်လှစ်ထားသော ဗမာပြည် ဌာနခွဲ (B.C.S.) တွင် ဂျပန် တိုက်ခိုက်ရေးနှင့် ပတ်သက်သည့် စည်းရုံးရေးနည်း၊ စာလုံးမပေါ်အောင် ရေးနည်း၊ ဖတ်နည်း၊ ပြောက်ကျားတပ် ဖွဲ့နည်း၊ ဖောက်ခွဲ ဖျက်ဆီးနည်း၊ လက်နက်ငယ်များ ကိုင်စွဲပစ်ခတ်နည်း စသည်တို့ကို သင်ကြားခဲ့ရသည်။ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သင်တန်းဆင်းပြီးသော အခါ စစ်ဘက်ဆိုင်ရာတို့၏ စီစဉ်ချက်အရ မြန်မာနိုင်ငံတွင် ဂျပန်တို့ သိမ်းပိုက်ထားသော နယ်မြေများ အတွင်းသို့ လေထီးဖြင့် ဆင်း၍ ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ကြီးနှင့် ပူးပေါင်းကာ ဖက်ဆစ် တော်လှန်ရေးတွင် ပါဝင် လှုပ်ရှားခဲ့သည်။
 
==ပြည်သူ့အာဏာ ဂျာနယ်==