သောမတ် မိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂန္တဝင် +ဂန္ထဝင်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။သ +။ သ, -။မ +။ မ)
 
စာကြောင်း ၃၉ -
'''ဆာသောမတ်မိုး''' (ခရစ် ၁၄၇၈-၁၅၃၅)သည် လက်တင်ဘာသာဖြင့် ရေးထား၍ ကမ္ဘာ့စာပေဂန္ထဝင်တွင် ထင်ရှားသော ''ယူဘိုးပီးယား''ခေါ်သော စာအုပ်ကို ရေးသားပြုစုသူ အင်္ဂလိပ်လူမျိုးနိုင်ငံပြု သုခမိန် ဖြစ်၎င်း၊ ဘာသာအယူဝါဒ အာဇာနည်အဖြစ်၎င်း ထင်ရှားကျော်ကြား၏ အဌမ ဟင်နရီဘုရင်၏ လက်ထက်တွင်အရေးပါသော ပုဂ္ဂိုလ်တဦးဖြစ်သည်။
 
ဆာတောမတ်မိုးသည် လန်ဒန်မြို့၌ ၁၄၇၈ ခုနှစ် ဖေဖွာရီလ ၇ ရက်နေ့တွင် မွေးဖွား၍ ဖခင်မှာ ထင်ရှားသော ဝတ်လုံတော်ရတဦး ဖြစ်လေသည်။ ငယ်စဉ်က ကန်တာဗာရီ ဂိုဏ်းချုပ်ကြီး ကာဒင်နယ် မော်တန်ထံတွင် လက်ပါးစေအဖြစ် အမှုထမ်း ခဲ့လေသည်။ အောက်စဖို့တက္ကသိုလ်၌ ပညာဆည်းပူးခဲ့ပြီနောက် ဥပဒေပညာရပ်များကို ဆက်လက်သင်ယူခဲ့လေ၏။ ကျောင်းမှထွက်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးခဲ့ရာ များမကြာမီ ထင်ရှားကျော်ကြား လာခဲ့လေသည်။ သို့သော မိုမှာ ဘုရားတရား ကြည်ညိုသူဖြစ်ရကား ဘုရားဝတ်ပြုကာ ဥပုသ်သီတင်းစောင့်ကာ နေထိုင်ရင်းက သာသနာဘောင်အတွင်းသို့ ဝင်ရန်ပင် ကြံရွယ် ခဲ့၏ နောင်မှ ထိုအကြံကိုဖျက်လိုက်သော်လည်း သူပြုမူလုပ်ကိုင်သမျှတွင် ဘာသာအယူဝါဒ ရည်ရွယ်ချက်များသာ လွှမ်းမိုးခဲ့ပေသည် ၁၅ဝ၄ ခုနှစ်တွင် ပါလီမန်အမတ်တဦး ဖြစ်လာလေသည်။သို့သော်လည်းဖြစ်လာလေသည်။ သို့သော်လည်း သတ္တမဟင်နရီက အခွန်တော်များ ကြီးလေးစွာ ကောက်ခံသည်ကို အတိုက်အခံလုပ်သဖြင့် ဘုရင်အမျက်ရှခြင်းကိုခံရလေသည်။
 
အဌမဟင်နရီနန်းတက်သောအခါ၌ မိုးသည် ဆက်လက်၍အမှုတော်ထမ်းသည် မင်းပျိုမင်းလွင်ဖြစ်သော အဌမဟင်နရီဘုရင်သည် မိုး၏ အရည်အချင်းအစွမ်းအစကို သဘော ကျသဖြင့်အရေးပါလှသည့်ရာထူးကြီးများကို ထမ်းရွက်စေ၏။ တိုင်းတပါးသို့ သံတမန် အဖြစ်နှင့် ၁၅ဝ၉ ခုနှစ်တွင် စေလွှတ်ခဲ့လေသည်။ ၁၅၁၈ ခုနှစ်တွင် ပရီဗီကောင်စီတွင် အဖွဲ့ဝင်တဦးအဖြစ်၎င်း ၁၅၂၃ ခုနှစ်တွင် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ်၎င်း ခန့်အပ်ခြင်းခံရ၏။ ၁၅၂၁ ခုနှစ်တွင် ဆာဘွဲ့အမည်ဖြင့် ချီးမြှင့်ခြင်းခံရသည် ၁၅၂၉ ခုနှစ်တွင် ကာဒင်နယ် ဝူလဇီ၏ နေရာတွင်ချန်စယ်လာခေါ် တရားဌာနဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရလေသည်။ ယခင်က ထိုရာထူးကို သာသနာရေးဘက်မှ ပုဂ္ဂိုလ်ကြီးများသာ ထမ်းရွက်ခဲ့ရလေသာ လူဝတ်ကြောင်ဖြင့် ပထမဦးစွာထမ်းရွက်ရသူမှာ မိုးပင်ဖြစ်လေ၏။
စာကြောင်း ၄၉ -
မိုးသည် ''ယူတိုးပီးယား''စာအုပ်ကို ၁၅၁၆ ခုနှစ်တွင် ရေးသား၏ ယင်းသည် စိတ်ကူးယဉ်ကျွန်းတကျွန်းအကြောင်းဖြစ်၏။ ပေါင်းသင်းဆက်ဆံရာ၌ လူတို့သည် တတန်းတစားတည်းထားသောသဘောကို သရုပ်ဖော်ထားလျက် ဖိနှိပ်စိုးမိုးခြင်းကင်း၍ တကိုယ်ကောင်းစိတ် မမွေးမြူဘဲ ကိုယ်စီကိုယ်ငှ မိမိတွင်ကျရောက်သည့် ဝေပုံကျအလုပ်ကို လုပ်ကိုင်ခြင်းဖြင့် သောကကင်းဝေး နေနိုင်ရေးလမ်းညွှန်ဖြစ်၏ စင်စစ်မှာ အင်္ဂလန်ပြည်၌ ထိုစဉ်က အခြေအနေဆိုးသွမ်းနေသည်ကို စောင်းမြောင်းလျက် ပြုပြင်ရန်အလို့ငှာ ရည်ရွယ်၍ရေးထားသော နိုင်ငံပြုပြင်ရေးစာတမ်းဖြစ်၏။
 
မိုး၏အိမ်သည် သူ၏စိတ်ကူးယဉ်ကျွန်းကဲ့သို့ပင် ဧငြိမ်းသာယာပျော်ရွှင်ဖွယ်ရှိသောဟူ၏။မိုးသည်ဧငြိမ်းသာယာပျော်ရွှင်ဖွယ်ရှိသောဟူ၏။ မိုးသည်''အပြန်အလှန်စကားပြောဆိုခြင်း''နှင့် ''တတိယရစ်ချတ်ဘုရင်၏ ရာဇဝင်''တို့ကိုလည်း ရေးသားခဲ့သေးသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
== ကိုးကား ==