ဂေါ့သလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြောက်ဖက် +မြောက်ဘက်)
 
စာကြောင်း ၁ -
[[Image:Bischof Ulfilas erklärt den Goten das Evangelium.jpg|thumb|right|300px|ရောမတို့၏ လက်ရာ ပန်းချီကား ဂေါ့သ်များကို အာရိယန် အဖြစ် ပြောင်းလဲနေပုံ]]
==ဂေါ့သလူမျိုး==
ဘီစီ ၃ဝဝ လောက်က ရောမနိုင်ငံကို ဝင်ရောက်တိုက်ခိုက် သော ဂျာမန်လူမျိုးတစ်မျိုးမှာ ဂေါ့သလူမျိုးဖြစ်သည်။ မူလက သူတို့သည် ဘောလတစ် ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် နေထိုင်ကြ၏။ အေဒီ ၂ဝဝ လောက်ရောက်သောအခါ သူတို့ သည် ဒန်းညုမြစ်နှင့် ပင်လယ်နက်မြောက်ဖက်တွင်ပင်လယ်နက်မြောက်ဘက်တွင် လူအင်အား တောင့်တင်းစွာဖြင့် နိုင်ငံကြီးတစ်နိုင်ငံကို တည်ထောင်ကြသည်။ ထိုနောက် ဂေါ့သတို့သည် ရောမပိုင်နက်ဖြစ်သော ဒေးရှိယာကို ဝင်ရောက်တိုက်ခိုက်ကြရာ ဩရီးလီယန်ဘုရင်သည် အေဒီ၂၇၂ ခုနှစ်တွင် ဂေါ့သတို့လက်သို့ ဒေးရှိယာကို အပ်လိုက်ရ၏။ နှစ်ပေါင်း ၁ဝဝ ခန့်ကြာသောအခါ ဂေါ့သလူမျိုး ၂ စုကွဲသွား ၏။ တစ်စုမှာ အောစတြိုဂေါ့သခေါ် အရှေ့ပိုင်းဂေါသဖြစ်၍ ကျန်တစ်စုမှာ ဗီစီဂေါ့သခေါ် အနောက်ပိုင်း ဂေါ့သတို့ ဖြစ်သည်။ အော့စတြို ဂေါ့သတို့သည် ပင်လယ်နက်ကမ်းခြေ တစ်လျှောက်တွင် နေထိုင်ကြ၍ ဗီစီဂေါ့သတို့မှာ ကားဒေးရှိယာနယ်နှင့် ဒန်းညုမြစ်ကမ်းတစ်လျှောက်၌ နေထိုင်ခဲ့ကြ၏။
 
၃၉၅ ခုနှစ် သီအိုဒိုးဆီးယပ်ဘရင် နတ်ရွာစံသောသောအခါ အဲလရစ်ဘုရင်ကြီးမှူးသော ဗီစီဂေါ့သတို့သည် ပုန်ကန်ထကြွကြ ၍ ဂရိပိုင်နယ်များကို သိမ်းယူကြသည်။ ထိုနောက် အီတလီသို့ ချီတက် တိုက်ခိုက်ကြပြန်ရာ ရောမမြို့တော်လည်း ၄ဝဝ ပြည့် နှစ်တွင် ဂေါ့သတို့လက်ထဲသို့ ကျရောက်ရလေသည်။ ခေါင်းဆောင် အဲလရစ်မှာ စစ္စလီနယ်မြေများသို့ သွားရောက် တိုက်ခိုက်ရန် ပြင်ဆင်ဆဲတွင် သေဆုံးသွားလေသည်။ အဲလရစ်၏ နေရာကို ဆက်ဆံသော ဂေါ့သတို့သည် သူတို့ လူများနှင့် အီတလီနိုင်ငံမှ ထွက်ခွါသွားကြ၍ စပိန်နှင့် ဂေါ့သ တောင်ပိုင်း (ယခုပြင်သစ်)တွင် နိုင်ငံသစ် တည်ထောင်ကြသည်။ ဖရန့်လူမျိုးများနှင့် ၅ဝ၇ ခုနှစ်တွင် တိုက်ခိုက်ကြ ပြန်ရာ ဗီစီဂေါ့သတို့ အရေးနိမ့်၍ သူတို့၏ မြောက်ပိုင်းနယ်မြေ များကို ဖရန့်ဘုရင် ကလိုးဗစ်လက်သို့ ပေးအပ်လိုက်ရသည်။