ဂျော်တို (ပန်းချီဆရာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရုပ်ထု +ရုပ်တု)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အတွင်းဖက် +အတွင်းဘက်)
 
စာကြောင်း ၅ -
ဂျော်တိုသည် ချီမားဗူဧနှင့် တွေ့ပြီးနောက် ထိုဆရာကြီးထံမှာပင် တပည့်ခံကာ ပန်းချီပညာကို လေ့လာလိုက်စားခဲ့ရာ မူလ ပါရမီခံရင့်သန်ပြီးသူဖြစ်သည့် အတိုင်း မကြာမီပင် ပန်းချီအတတ်တွင် ထက်မြက်ထူးချွန်လာလေသည်။ ဘဝကို ဖော်ကျူးရာတွင် ဂျော်တိုသည် သူမတူအောင် ကောင်းမွန်သေချာလှသည်။
 
ဂျော်တိုရှေးဦးစွာ ရေးဆွဲခဲ့သော ပုံများမှာ အဆီဇီဘုရားရှိခိုးကျောင်းအတွင်းရှိ အဆီဇီစိန်ဖရန်းစစ်၏ အတ္ထုပ္ပတ္တိကားများ ဖြစ်သည်။ သူသည် လူပုံများကို ရေးဆွဲရာတွင် သက်ရှိ လူများကို ကြည့်၍ ရေးဆွဲလေ့ရှိသည်။ ထိုပန်းချီကားများကို သူ၏ ဆရာကြီးကိုယ်တိုင် စတင်ရေးဆွဲ၍ အပြီးမသတ်သေခင် ကွယ်လွန်သွားသောကြောင့် ဂျော်တိုကပင်တာဝန်ယူ၍ အပြီးသတ်သည်အထိ ဆက်လက်ရေးဆွဲခဲ့သည်ဟု အဆိုရှိသည်။ ထိုနောက် ပက်ဒူအားမြို့သို့ သွားရောက်ပြီးလျှင် ရှေးခေတ် ရောမပြည်၏ အရီနာမြို့တည်ရာအရပ်ရှိ စိန်မေရီဘုရားရှိခိုးကျောင်း၏ အတွင်းဖက်အတွင်းဘက် ၄ မျက်နှာလုံးကို ပန်းချီကားများ ရေးဆွဲပေးလေသည်။
 
ရောမမြို့တွင် စိန်ပီတာဘုရားရှိခိုးကျောင်းကြီးကို တည်ဆောက်ပြီးသောအခါ အတွင်းဖက်၌အတွင်းဘက်၌ တန်ဆာဆင်ယင်ရန် အတွက် နိုင်ငံတွင်းရှိ သုခုမပညာသည်များကို ပုပ်ရဟန်းမင်း၏ အမိန့်ဖြင့် လိုက်လံရှာဖွေ၍ လက်ရာများကို တောင်းယူသည်။ ထိုသူများအနက် ဂျော်တိုအား စိတ်တိုင်းကျသဖြင့် အလျင်အမြန်ခေါ်ယူ၍ ရေးခြယ်စေသည်။
 
ဂျော်တိုသည် အလုပ်နှင့်လက်မပြတ်ဘဲ အချိန်ရှိသမျှ ပန်းချီကားများကို ရေးခြယ်နေသောပညာသည်ကြီးဖြစ်သည်။ ကမ္ဘာ့စာပေသမိုင်းတွင် ထင်ရှားလှသော စာဆိုတော်ကြီး ဒန်တီမှာ သူနှင့် ရင်းနှီးခင်မင်သော မိတ်ဆွေဖြစ်သည့်ပြင် အကြံဉာဏ် ပေးပုဂ္ဂိုလ်လည်း ဖြစ်သည်။ ဂျော်တို၏လက်ရာကောင်းများသည် ပန်းချီကားများအဖြစ်သာ အများအပြား ကျန်ရစ်သောကြောင့် သူ့အား ပန်းချီဆေးရေးအတတ်၌သာ ကျွမ်းကျင်သူဟု ထင်မြင်ဖွယ်ဖြစ်သော်လည်း ဗိသုကာ အတတ်နှင့် ရုပ်လုံးဖော် အတတ်တွင်လည်း ကျွမ်းကျင်လှသူ ဖြစ်သည်။ ဖလော်ရင့်မြို့ရှိ ဂျူအိုမိုဘုရားရှိခိုးကျောင်း ခေါင်းလောင်းစင်ကြီးနှင့် ဂျော်တို မျှော်စင် အဆောက်အအုံကြီးများ၏ ပုံစံများမှာ ဂျော်တိုရေးဆွဲခဲ့သော ပုံစံများ ဖြစ်သည်သာမက သူကိုယ်တိုင်ကြီးကြပ်ဆောက် လုပ်ခဲ့ရသော အဆောက်အအုံကြီးများ ဖြစ်ပေသည်။ သို့ရာတွင် ထိုအဆောက်အအုံကြီးများ ဆုံးခန်းသို့ မရောက်မီ ၁၃၃၇ ခုနှစ်၌ ပန်းချီဆရာကြီး ဂျော်တို ကွယ်လွန်လေသည်။ သူ၏တပည့် များက ဆက်လက်၍ လက်စသတ်သည်။ သူ၏ ရုပ်အလောင်းကို ကြီးကျယ်ခမ်းနားစွာ ဂုဏ်ပြုလျက် သူတည်ဆောက်ထားခဲ့သော ဖလော်ရင့်မြို့ရှိ ထင်ရှားသည့် ဂျူအိုမိုဘုရားရှိခိုးကျောင်းကြီးအတွင်း၌ အမှတ်တရမြှုပ်နှံထားကြလေသည်။