နိုင်ငံရေးဘောဂဗေဒ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ခဲ့ပါသည် +ခဲ့သည်, -စေပါသည် +စေသည်, -ရပါသည် +ရသည်, -ရှိပါသည် +ရှိသည်, -ဖြစ်ပါသည် +ဖြစ်သည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လာပါသည် +လာသည်, -ရပါ သည် +ရသည်)
စာကြောင်း ၁၁ -
၁၉၉၀ ပြည့်နှစ်တွင် ဆိုဗီယက်ယူနီယမ်ကြီး ပြိုလဲအပြီး ယင်းနှင့် တနွယ်ငင်တစ်စင်ပါ အမိန့်ပေးစီးပွားရေးစနစ်မှာလည်း လက်တွေ့ အလုပ်မဖြစ်တော့သည့် စနစ်ဖြစ်ကြောင်း မြင်ဝါးထင်ထင် တွေ့လိုက်ကြသည်ဖြစ်ရာ မည်သည့်နိုင်ငံမှ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကျင့်သုံးခြင်းမျိုးမပြုလုပ် တော့ပေ။ သို့နှင့် အရင်းရှင်စီးပွားရေးစနစ်ကို နိုင်ငံများ ဦးလှည့် သွားကြသော်လည်း အရင်းရှင်စနစ်ဆို သော နာမည်ကိုတော့မသုံး။ ယင်းအစား ဈေးကွက်စီးပွားရေးစနစ်ဟု သုံးနှုန်းခေါ်ဝေါ်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် အရိုင်းဘဝမှ ယဉ်ကျေးလာသည့် အရင်းရှင်စနစ်၏ မညီမျှတက်မှုအပေါ် သံသယမျက်လုံးများဖြင့် ကြည့်နေကြဆဲကြောင့်ဖြစ်လေသည်။
အရင်းရှင်စနစ်ဆိုသည်မှာ ကုန်စည်ခွဲဝေဖြန့်ဖြူးမှုကို ဈေးကွက်အင်အားက အဆုံးအဖြတ်ပြုသည့် ပုဂ္ဂလိက ပိုင်ဆိုင်မှု(Private Sector) ဦးစားပေးစနစ်ဖြစ်သည်။ အရင်းရှင်စနစ်အောက်တွင် (Capitalist mode of production) အရင်းစုဆောင်းမှုကို တစ်သီးပုဂ္ဂလများ၊ ကော်ပိုရေးရှင်းကြီးများက ကြီးကြီး မားမားထိန်းချုပ် ထားလေသည်။ သို့သော် တကယ့်လက်တွေ့တွင် မည်သည့်နိုင်ငံမှ အရင်းရှင်စနစ်ချည်း သီးသန့် ကျင့်သုံးကြသည်တော့ မဟုတ်ပါ။ ပုဂ္ဂလိကပိုင်းရော၊ ပုဂ္ဂလိကပိုင်းပါပါဝင်သည့် အရောအစပ် (mixed economy) ပုံစံမျိုးကို နိုင်ငံအများစုက ကျင့်သုံးကြလေသည်။ အများစုသော အရင်းရှင် စီးပွားရေးစနစ်ကျင့်သုံးသော နိုင်ငံများတွင် အစိုးရများမှ အရင်းရှင်စနစ်၏ ဓနခွဲဝေမှုနှင့် ပတ်သတ်သော မညီမျှမှုကို ညီမျှမှုရှိစေရန် အစိုးရမှ ဝင်ငွေဖြန့်ခွဲမှု မူဝါဒကောင်းကို ချမှတ် အကောင်အထည်ဖော်ခြင်း မျိုးလည်းရှိသည်။ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်အစရှိသော စကင်ဒီနေးဗီးယားနိုင်ငံများသည် (Scandinavia Countries) ပြည်တော်သာနိုင်ငံများ “Welfare state” နိုင်ငံများဖြစ်ကြလေသည်။
အဆိုပါ ပြည်တော်သာနိုင်ငံများသည် ပြည်သူများအတွက် စရိတ်မျှပေးကျန်းမာရေးခံစားခွင့်များ၊ သက်ကြီးရွယ်အို လူမှုစောင့်ရှောက်ရေးအစီအစဉ်များ၊ အငြိမ်းစားဝန်ထမ်း ပင်စင်လစာ ခံစားခွင့်များ၊ အခမဲ့ပညာရေး အစီအစဉ်များ ၊ အလုပ်သမားလက်မဲ့များအတွက် အကျိုးခံစားခွင့်များကို နိုင်ငံတော်မှ လူမှုဖူလုံရေး မူဝါဒများချမှတ် (Welfare Policy) အကောင်အထည်ဖော်ကြလေသည်။ ၂၀ဝ၈ ဘဏ္ဍရေး အကျပ်အတည်း ပြီးသည်နောက်တွင် အကျဉ်းအတည်းဒဏ်ကို ခံရမှုအနည်းဆုံးနိုင်ငံများမှာ အထက်ပါ လူမှုလုံခြုံရေးပိုက်ကွန်ကို အခိုင်အမာ တည်ဆောက်ထားသည့် နိုင်ငံများဖြစ်နေကြောင်းကို တွေ့ရှိရပါ သည်။တွေ့ရှိရသည်။
 
မြန်မာနိုင်ငံတွင်လည်း ပါလီမန်ဒီမိုကရေစီခေတ်က လူအများ ဖြစ်နိုင်ဖွယ် မရှိဟုဆိုကာ လှောင်ပြောင်ခဲ့ကြသည့် လူတကိုယ်၊ တစ်တိုက်လုံး ကားတစ်စီး ပိုင်ဆိုင်ရမည်ဟူသော ပြည်တော်သာ စီမံကိန်းကဲ့သို့သော မူဝါဒမျိုးကို ကျင့်သုံးအကောင်အထည်ဖော်ခဲ့ကြဖူးလေသည်။ အရှင်းရှင်စနစ်တွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းကြီးများက ဈေးကွက်ကို အဓိက လွှမ်းမိုး ခြယ်လှယ်မှုများ (monopoly) ရှိခြင်းကြောင့် ဆင်းရဲချမ်းသာ လူတန်းစားကွာဟ မှုပို၍ ဖြစ်ပေါ်စေသည်။ ယခုကဲ့သို့ Globalization ခေတ်ကြီးတွင် အရင်းရှင်စနစ်၏ သဘောတရားမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စနစ်ကြီးအတွက် ပိုမိုဖွံ့ဖြိုးတိုးတက်မှုကို ရောက်သွားမည်လော သို့မဟုတ် ဆင်းရဲချမ်းသာကွာဟ မှုကြီး ထွားလာလေမည်လောဟု မေးစရာများပင်ရှိလာပါသည်။မေးစရာများပင်ရှိလာသည်။ ဆင်းရဲချမ်းသာကွာဟမှု အမှန်ပင်ကြီးထွား လာသော်လည်း ယင်း Globalization ကို အသုံးပြုပြီး ဖွံ့ဖြိုးဆဲနိုင်ငံ (တတိယကမ္ဘာနိုင်ငံ) မှ ဖွံ့ဖြိုးပြီး ပထမနိုင်ငံသို့တက်လှမ်းသွားသည့် နိုင်ငံများလည်းရှိလေသည်။ ယင်းနိုင်ငံများမှာ အရှေ့အာရှဒေသမှ အာရှကျားများပင်ဖြစ်လေသည်။
 
==အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများနှင့်အာရှကျားများ==