ခရမ်းပင်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ် |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ခ +။ ခ, -အောက်ဖက် +အောက်ဘက်) |
||
စာကြောင်း ၁၆ -
and see [[#Synonyms|text]]
|}}
'''ခရမ်းပင်'''သည် အာလူး၊ ခရမ်းချဉ်ပင်တို့နှင့် မျိုးတူသည်။ ဘဲဥပုံသဏ္ဌာန် ဖြစ်သည်။ အရွက်များ၏ အရောင်မှာ စိမ်းဖန့် ဖန့် နေသည်။
ခရမ်းသီးသည် အာဟာရဓာတ်ကို ကောင်းစွာ မပေးစွမ်း နိုင်သော်လည်း လူကြိုက်များပေသည်။ ခရမ်း ဖြစ်ထွန်းရာ မူလဇာတိမှာ အပူပိုင်းဒေသဖြစ်သည်။ သို့သော် ယခုအခါ သမပိုင်းဇုန်ရှိ နိုင်ငံများတွင် စိုက် ပျိုးလျက် ရှိကြပေပြီ။ ခရမ်းပင်များတွင် ပိုးများ ကျရောက်တတ်သည်။ ပိုးကျလျှင် အရွက်များတွင် အပေါက်ငယ်ကလေးများ ဖြစ်လာသည်။ ထိုအခါ အပင်မကြီးထွားနိုင်တော့ချေ။ ပိုးများကို ကာကွယ်ရန် ဗေါ်ဒိုးမစ္စချာခေါ် အဆိပ်တစ်မျိုးကို အသုံးပြုကြသည်။ ထိုအဆိပ်မျိုးတွင် ဒုတ္ထာအပြင်၊ ထုံးနှင့်ရေကို ၄:၄:၅ အချိုးဖြင့် ရောစပ်ထားသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင် ခရမ်းပင်များနှင့် သင့်တော်သော ရာသီဥတုရှိသဖြင့် ခရမ်းပင်များကို အမြောက်အမြား အနှံ့အပြား စိုက်ပျိုးကြသည်။ ခရမ်းအမျိုးမှာ များပြားလှပေသည်။ ထိုအနက် အသီးများသော ခရမ်းမျိုးများမှာ ခရမ်းရှည်၊ ခရမ်းပုအကြီးစား၊ ခရမ်းပုအငယ်စား၊ ခရမ်းကြွပ်၊ ဆင်ခရမ်း၊ မြေပုံခရမ်း၊ ခရမ်းခဆော့၊ ခရမ်းစပ်၊ မြို့ဖျက်ခရမ်း၊ ထောပတ် ခရမ်း၊ လသာခရမ်းနှင့် ဆယ်စွယ်ခရမ်းများ
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>
|