စပိန်အနုပညာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြောက်ဖက် +မြောက်ဘက်)
စာကြောင်း ၄ -
စပိန်နိုင်ငံ၏ သမိုင်းတလျောက်တွင် မင်းပြောင်းမင်းလဲ များခဲ့သည်။ ထိုအကြောင်းကြောင့် စပိန်နိုင်ငံ၏ အနုပညာရပ်တို့ ထွန်းကားလာသည်မှာ များမကြာသေးကြောင်းကို တွေ့ရပေသည်။ စပိန်နိုင်ငံ၏ ရှေးခေတ်သမိုင်းကို သေချာစွာ မသိကြရလေ။ သို့သော် စပိန်နိုင်ငံသည် တစ်ခေတ်က ရောမပိုင်နိုင်ငံ ဖြစ်ခဲ့ကြောင်းကိုကား သိရသည်။ ထိုနောက်တွင် ဂေါ့သခေါ် တောင်ပေါ်သားများသည် မြောက်ဘက်မှ နေ၍၎င်း၊ အာဖရိကမြောက်ပိုင်းမူးဝါးလူမျိုးတို့သည် တောင်ဘက်မှ နေ၍၎င်း၊ ဝင်ရောက်အုပ်စိုးကြသည်။ ထိုသို့ ရောမ၊ ဂေါ့သ၊ မူးဝါး စသော လူအမျိုးမျိုးတို့ တစ်ခေတ်စီ ဝင်ရောက်အုပ်စိုးကြကုန်သောကြောင့် စပိန်အနုပညာရပ်များမှာလည်း အမျိုးမျိုး ပြောင်းလဲခဲ့ရလေသည်။ လူအမျိုးမျိုး အုပ်စိုးခဲ့ကြသည့်အနက် ဗရင်ဂျီဂိုဏ်းဝင် ခရစ်ယန်နှင့် မွတ်စလင်တို့လည်းပါဝင်လေရာ စပိန်နိုင်ငံရှိ သာသနာအဆောက်အအုံများ၊ နန်းတော်များမှာ အုပ်စိုးသောလူမျိုးကို လိုက်၍ ဗိသုကာပုံစံ အမျိုးမျိုး ကွဲပြားခြားနားနေသည်။
 
စပိန်နိုင်ငံတွင် မူးဝါးလူမျိုးတို့၏ အနုပညာ လက်ရာကောင်းများ ကျန်ရစ်ခဲ့သည်။ ယင်းတို့အနက် ကော်ဒိုးဗားပလီကြီးနှင့် ကျော်စောလှသော အယ်လမ်ဗရာ နန်းတော်အဆောက်အအုံကြီးများမှာ အထင်အရှားဆုံး အဆောက်အအုံများဖြစ်သည်။ မူးဝါးလူမျိုးတို့ကို စပိန်နိုင်ငံမှ တွန်းလှန်လိုက်သော အချိန်တွင် မြောက်ဖက်နိုင်ငံများမှမြောက်ဘက်နိုင်ငံများမှ ရောမဆန်သော ဗိသုကာ အနုပညာ ပုံစံများ ထွန်းကားလာပြန်သည်။ ထိုအချိန်အခါက၊ စပိန်နိုင်ငံတွင် ရောမဆန်သော ဗိသုကာအဆောက်အအုံများကို တည်ဆောက်ခဲ့ကြ၏။ ၁၂ ရာစုနှစ် အကုန်အထိ ထိုရောမဆန်သော ဗိသုကာပုံစံများ ခေတ်စားပြီးနောက်၊ ဂေါ့သပုံစံဖြင့် ဆောက်လုပ်သော အဆောက်အအုံများ ပေါ်ပေါက်လာပြန်သည်။
 
ဂေါ့သစနစ်သည် စပိန်နိုင်ငံသို့ ရောက်ရှိခဲ့သော အနုပညာ စနစ်များအနက် ခေတ်အစားဆုံးစနစ်ဖြစ်သည်ဟု ဆိုရပေမည်။ သို့ရာတွင် ဥရောပတိုက်တွင် ရီနေးဆွန်းခေါ် ဉာဏ်သစ် အရေးပုံခေတ် သို့ရောက်သောအခါ၊ စပိန်နိုင်ငံတွင် ဂေါ့သစနစ် သာမက ယခင်က ခေတ်စားခဲ့သော စနစ်ဟောင်းများလည်း ပြန်လည်ဆန်းသစ်လာပြန်သည်။ ထိုအခါတွင် စပိန်နိုင်ငံတွင်း၌ [[တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း]] ဆိုသကဲ့သို့ အနုပညာမူ အမျိုးမျိုး ပေါ်ပေါက်လာလေသည်။ ထိုသို့ ပေါ်ပေါက်လာသော မူများကို ရောမမူ၊ ဂေါ့သမူ စသည်ဖြင့် အမည်မှည့်