"ဆင်" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၁ လ
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အတွင်းဖက် +အတွင်းဘက်)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ခ +။ ခ, -။ထ +။ ထ))
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အတွင်းဖက် +အတွင်းဘက်))
အာဖရိကဆင်သည် အာရှဆင်ထက် ပို၍ကြီးမားသည်။ တစ်ခါတစ်ရံ ၁၁ပေမျှအထိပင် မြင့်သည်။ အာရှဆင်မျိုးသည် အရပ် ၁ဝ ပေထက် မကျော်ပေ။ အာဖရိကဆင်မျိုးသည် ဦးထိပ်လုံး၍ နားရွက်ကြီးသည်။ အာရှဆင်မျိုးသည် ဦးထိပ်ခွက်၍ နားရွက်သေးသည်။ အာဖရိကဆင်မျိုး၏နှာမောင်း၌ ညီညာသော အရစ်များပါရှိသည်။ ထိုနှာမောင်းများတွင် လက်ညှိုးလုံးလောက်ရှိသော နှုတ်ခမ်းနှစ်ခုလည်းရှိ၏။ အာရှဆင်မျိုး၏ နှာမောင်းသည် ပြောင်ချော၍အဖျားသို့ တစ်ဖြည်းဖြည်းသွယ်သွားသည်။ အဖျား၌ နှုတ်ခမ်းတစ်ခုတည်းသာ ရှိသည်။ အာရှဆင်နှင့် အာဖရိကဆင်တို့တွင် အခြားကွာခြားချက် များစွာရှိသေး၏။ ထိုကွာခြားချက်များကြောင့် ဇီဝဗေဒပညာကျော်များသည် ထိုဆင်များကို မျိုးစိတ်ခွဲ၍ သီးခြားနာမည်ပေးထားကြသည်။
 
[[အာဖရိကဆင်]]မျိုးသည် [[အာဖရိကတိုက်]] အတွင်းဖက်ကျသောအတွင်းဘက်ကျသော တောနက်ကြီးများထဲတွင်သာ ကျက်စားလေ့ ရှိသည်။ [[အာရှဆင်]]မျိုးကို [[အိန္ဒိယဆင်]]မျိုးဟူ၍လည်း ခေါ်ကြသေး၏။ သို့သော်လည်း ထိုဆင်မျိုးကို [[အိန္ဒိယနိုင်ငံ]]၌သာမဟုတ်၊ [[မြန်မာနိုင်ငံ]]၊ [[ထိုင်းနိုင်ငံ]]၊ [[သီရိလင်္ကာနိုင်ငံ]]၊ [[ဆူမတြားကျွန်း]]၊[[မလေးရှား]]ကျွန်းဆွယ် စသော အရပ်တို့တွင်လည်း အနှံ့အပြားတွေ့ရပေသည်။ ထိုဆင်နှစ်မျိုးသည်အကျင့်စာဂအားဖြင့် အလွန်တူညီသည်။ ဆင်ဟူသရွေ့သည်အပေါင်းအသင်းကိုကြိုက်သည်။
 
အချုပ်အနှောင် မခံရဘဲ၊ လွတ်လွတ်လပ်လပ်နေရလျှင်အစုအအုပ်နှင့်သာ သွားလာကျက်စားတတ်သည်။ ဆင်အုပ်တစ်အုပ်တွင်အကောင် ၁ဝ ကောင်မှ အကောင် ၁ဝဝ အထိ ရှိတတ်သည်။ အများအားဖြင့် ဆင်မကြီးက ဦးစီးခေါင်းဆောင်ပြုလေ့ရှိ၏။ ဆင်များကို တောထဲတွင် စမ်းချောင်းများအနီးအပါး၌ တစ်စုတစ်ရုံးကြီးတွေ့ရတတ်၏။ မိုးရာသီတွင် လွင်တီးခေါင်သို့၎င်း၊ တစ်ခါတရံ တောင်ပေါ်သို့၎င်း ပြောင်းရွှေ့သွားလေ့ရှိသည်။ ဆင်ထီးများသည် မုန်ယိုတတ်သည်။ မုန်ယိုနေသောအခိုက်တွင်