ပျား: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ် |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အမြောက်အများ +အမြောက်အမြား, -အောက်ဖက် +အောက်ဘက်) |
||
စာကြောင်း ၂၁ -
[[File:Melittosphex burmensis.jpg|thumb|''[[Melittosphex burmensis]]'', Cretaceousကာလ အစောပိုင်း (လွန်ခဲ့သော နှစ်သန်း ၁၀၀မှ ၁၄၅ မှ) [[မြန်မာ]]မှ[[ပယင်းကျောက်]]အတွင်း ဖြစ်တည်နေသော ကျောက်ဖြစ် ပျားရုပ်ကြွင်း]]
"ပျားကို ပုံပြု၊ ခြကိုတု၊ ရမှုဥစ္စာ၊ ရတနာ" ဟူ၍လည်းကောင်း၊ "သင်ကြားပညာ၊ ပစ္စည်းရှာ၊ ပမာပျားသဏ္ဌာန်"ဟူ၍ လည်းကောင်း ဆိုရိုးရှိခဲ့သည်။ ပညာကိုဖြစ်စေ၊ ဥစ္စာကို ဖြစ်စေ ရှာဖွေစုဆောင်းသူတို့သည် ခြကောင်နှင့် ပျားကောင်များကို အတုယူကာ အနည်းငယ် ဖြစ်စေကာမူ မပျောက်မပျက်အောင် တဖြည်းဖြည်း စုဆောင်းထားပါက နောင်ပညာရှိကြီး ဥစ္စာရှင်ကြီးအဖြစ်သို့ ရောက်နိုင်ကြပေမည် ဖြစ်သည်။ ပျားတို့သည် အင်းဆက်ပိုးမျှသာဖြစ်သော်လည်း အုံဖွဲ့ပုံ၊ ဝေကျပုံတာဝန်ကို အသီးအသီးမတွယ်ကပ်ဘဲ ထမ်းဆောင်ကြပုံတို့မှာ စံနစ်တကျရှိလှသဖြင့် အင်းဆက်ပိုးအပေါင်းတို့တွင် အလွန်မှတ်သားနည်းယူဖွယ်ရာ ကောင်းပေသည်။ မြန်မာနိုင်ငံတွင် ပျားကြီး၊ ယင်းပျား၊ သစ်ခေါင်းပျား၊ ခွေးလှေးပျားနှင့် မွေးလိမ်ပျားဟူ၍ ပျားငါးမျိုးအထင်အရှား ရှိလေသည်။ ထိုပျားများအနက် ပျားကြီး၊ ယင်းပျားနှင့်သစ်ခေါင်းပျားများမှ ပျားရည်
ပျားသည် ဟိုင်မင်နော့တာရာမျိုးစဉ်ဝင် အတောင်လေးခုရှိသော တုတ်တတ်သည့် အင်းဆက်ပိုးမျိုးဖြစ်သည်။ သားငယ်များအတွက် အလွန်အစာသိုလှောင်ကောင်းသဖြင့် ထင်ရှားသည်။ လူတို့ကဲ့သို့ပင် အဆောက်အအုံဖွဲ့၍ စုပေါင်းနေထိုင်တတ်ကြ၏။ မိမိတို့၏နေအိမ် ပျားအုံများကို ဆောက်ရာ၌ အထူးပင် ကျွမ်းကျင်လှပေသည်။ အင်းဆက်ပိုးများအနက် ပျားများသည် လူများအဖို့ အလွန်အသုံးကျသော အင်းဆက်ပိုးဖြစ်သည်။ ပျားရည်ကို ပေးရုံမက အပင်များကို တစ်ပင်နှင့်တစ်ပင် မျိုးကူးစေသဖြင့် အသီးဖွံ့ဖြိုးစေသည်။
စာကြောင်း ၅၁ -
==ပျားအုံ တည်ဆောက်ပုံ==
ပျားအုံတစ်ခု၌ ကောင်ရေများလာသောအခါ ပျားတို့သည် အခြားတစ်နေရာသို့ ပြောင်း၍ ပျားအုံအသစ်ဖွဲ့တတ်ကြ၏။ ပျားတို့သည် ပျားအုံဟောင်းမှ မထွက်ခွာမီ ပျားရည်ကို နင့်အောင် စားသုံးထားကြ၏။ သို့မှသာ အိုးအိမ်အသစ်မထူထောင်နိုင်မီ အဆာခံနိုင်ပေလိမ့်မည်။ ပျားအုံပြုလုပ်ရန် နေရာကိုတွေ့သည်နှင့် တပြိုင်နက် ပျားဘုရင်မနှင့်ပါသွားသောလုပ်သားများတို့သည် ပျားအုံခေါင်းမှအောက်ခြေအထိ တစ်ကောင်နှင့်တစ်ကောင်တွယ်၍ ကန့်လန့်ကာကဲ့သို့ တန်းနေကြလေသည်။ ယင်းသို့တန်းနေယင်း သူတို့၏ကိုယ်တွင်းမှ ဖယောင်းကို ညွှစ်ထုတ်ပြီးနောက် ခြေထောက်ဖြင့် ပွတ်ယူကြသည်။ ပျော့ပျောင်း၍ လိုသလို ပြုပြင်နိုင်သော ပျားဖယောင်းဖြင့် အခန်းများ ဆောက်လုပ်ကြရာ ခြောက်ထောင့် အခန်းများ တသီတတန်းတည်း
==ပျားများ ပေါက်ပွားပုံ==
အခန်းတော်တော်များများ အဆင်သင့် ဖြစ်သည်နှင့် တပြိုင်နက် ပျားဘုရင်မသည် အပျိုဖော်ရံရွှေတော်များ ခြံရံ၍ အခန်းတွင်းသို့ ဝင်ကာ ဥတစ်လုံးစီ အုချလေသည်။ ပျားမိခင် ပျားဘုရင်မသည် မိမိအုခဲ့သော ဥများမှ မည်သည့်ပျားမျိုး ပေါက်လာမည်ကို သိသည့် အားလျော်စွာ ပျားဘုရင်မပေါက်လာမည့် ဥအတွက် သာမန်အခန်းထက် ကြီးသော အခန်းတစ်ခုကို ရွေးချယ်လေသည်။ ပျားထီးပေါက်မည့်ဥကိုမူ လုပ်သားပျားပေါက်မည့် ဥအုချသည့် အခန်းထက် ကြီးသော အခန်းတွင် အုသည်။ ပျားဘုရင်မ၏ ဥအုသောလုပ်ငန်းပြီးလုနီးတွင် ပထမဆုံးဥခဲ့သော ဥများကစ၍ ပေါက်လာကြသည်။ ဥသည် ဖြူပြာပြာ မျဉ်းကွေးကလေးသဏ္ဌာန်ဖြစ်သည်။ ပထမသုံးလေးရက်တွင်
ပျားသည် အင်္ဂါစုံပျားဘဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အခန်းတွင်းမှ ထွက်လာကြသည်။ သူတို့သည် အခြားပျားများနှင့်အတူ ပျားအုံအပေါက်ဝမှ ဘုရင်မရှိရာ အခန်းတွင်းသို့ သွားရာလမ်းတလျှောက် တထောက်တထောက်မှ အတောင်များကို အတင်းခတ်ကာ ပျားအုံအေးမြလာစေရန် ပြုလုပ်ပေးသည်။ သို့ရာတွင် ဘုရင်မလောင်း ပျားမင်းသမီးသည် ဘုရင်မရှိသရွေ့ကာလပတ်လုံး အခန်းတွင်းမှ ထွက်မလာတော့ချေ။ ပျားမင်းသမီး၏အသံကြားရုံဖြင့် ပျားဘုရင်မသည် ယင်းအခန်းသို့ သွားကာ အဆိပ်ဆူးဖြင့် တုတ်သတ်တတ်သည်။ ပျားတစ်အုံတွင် ပျားမင်းသမီး ခုနှစ်ကောင် ရှစ်ကောင်ခန့် ပါရှိတတ်သည်။ ပျားအုံတွင် ပျားမျိုးစုံ ပြည့်သွားသည့်အခါ ပျားဘုရင်မသည် လုပ်သားပျားအနည်းငယ်နှင့်အတူ ပျားအုံသစ်လုပ်ရန် ထွက်သွားတတ်သည်။ သူ့ကိုယ်တွင်လည်း အုရန် ဥထောင်ပေါင်းများစွာ ရှိနေသေးသည်။ ပျားဘုရင်မထွက်သွားပြီးသည်နောက်မှ ပျားမင်းသမီးသည် အခန်းတွင်းမှ ထွက်လာ၍ ကျန်ရစ်သော လုပ်သားပျားတို့၏စောင့်ရှောက်ပြုစုမှုကို ခံယူသည်။ ထို့နောက် ပျားမင်းသမီးသည် မိတ်ဖက်ပြုရန် ပျားအုံမှ ပျံထွက်သွားတတ်သည်။
|