အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-းး +း)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ဒ +။ ဒ, -။ခ +။ ခ, -။အ +။ အ, -။ပ +။ ပ, -။လ +။ လ, -။ထ +။ ထ, -။ယ +။ ယ)
စာကြောင်း ၄၆ -
အမျိုးသား သိပ္ပံ ဖောင်ဒေးရှင်း (NSF)သည်၎င်းတို့၏ တီထွင်သူ ဒေးဗစ် အယ်(လ်) မီး(လ်)(စ်) (David L. Mills)က "ဖက်(ဇ်)ဘော(လ်)(စ်)(fuzzballs)" ဟုခေါ်ဆိုသော ကွန်ပျူတာကို အသုံးပြု၍ တက္ကသိုလ် ၅၆ ကီလိုဘစ်/စက္ကန့် ကွန်ယက်ကျောရိုးဖြစ်သည့် NSFNETကို တည်ဆောက်ရန် လုပ်ငန်းအပ်နှံခဲ့သည်။ နောက်နှစ်တွင် NSFသည် ပိုမိုမြန်ဆန်သည့် ၁.၅ မီဂါဘစ်/စက္ကန့် ကွန်ယက်သို့ ပြောင်းလဲရန် ကမကထပြုခဲ့သည်။ DARPA TCP/IP ပရိုတိုကော(လ်)များကို အသုံးပြုရန် အဓိက ဆုံးဖြတ်ချက်ကို ဒန်းနစ် ဂျန်နင်း(စ်)က ပြုလုပ်ခဲ့ပြီးနောက် NSF တွင် ဆူပါကွန်ပျူတာ ပရိုဂရမ်ကို တာဝန်ယူခဲ့သည်။
 
အခြား ကွန်ယက်များသို့ NSFNET ကို ဖွင့်ပေးခြင်းသည် ၁၉၈၈ခုနှစ်တွင် စတင်ခဲ့သည်။ထိုနှစ်ထဲတွင်စတင်ခဲ့သည်။ ထိုနှစ်ထဲတွင် NSFNETနှင့် စီးပွားဖြစ်ထုတ်လုပ်သော MCI စာပို့ စနစ်တို့ အပြန်အလှန်ဆက်သွယ်မှုကို US ဖယ်ဒရယ် ကွန်ယက်ကောင်စီက အတည်ပြုပေးခဲ့ပြီး ချိတ်ဆက်ခြင်းကို ၁၉၈၉ခုနှစ် နွေရာသီတွင် ပြုလုပ်ခဲ့သည်။ OnTyme၊ Telemail နှင့် Compuserve အပါအဝင် အခြား စီးပွားဖြစ်ထုတ်လုပ်သော အီလက်ထရောနစ် စာပို့ခြင်း ဝန်ဆောင်မှုများ မကြာမီ ချိတ်ဆက်လာခဲ့ကြသည်။ ထိုနှစ်ထဲတွင်ပင် စီးပွားဖြစ် အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သူများ (ISPs) သုံးခုသည် လုပ်ငန်း စတင်ခဲ့ကြသည်- UUNET၊ PSINet၊ နှင့် CERFNET။ နောက်ပိုင်းတွင် ပေါင်းစည်းခဲ့ရာ အင်တာနက်သို့ မုခ်ပေါက် လမ်းများကို ပေးသော အရေးကြီးသည့် သီးခြား ကွန်ယက်များတွင် Usenet နှင့် BITNET တို့ပါဝင်သည်။ TCP/IP ပရိုတိုကော(လ်)သည် ပိုမိုရေပန်းစားလာသည့်အလျောက် Telenet (ထိုအချိန်က Sprintnet ဟုအမည်ပြောင်း), Tymnet၊ Compuserve နှင့် JANET ကဲ့သို့ အမျိုးမျိုးသော အခြား စီးပွားဖြစ်နှင့် ပညာရေးဆိုင်ရာ ကွန်ယက်များသည် ၁၉၈၀ခုနှစ်များတွင် ကြီးထွားလာနေသော အင်တာနက်နှင့် အပြန်အလှန်ချိတ်ဆက်ခဲ့ကြသည်။ TCP/IP မှ တည်ရှိနေသော ဆက်သွယ်ရေး ကွန်ယက်များ၏ အလိုက်သင့် ပြောင်းလဲနိုင်မှုသည် လျင်မြန်စွာ ကြီးထွားမှုကို အခွင့်ပေးခဲ့သည်။
 
သတ်မှတ်မှုများနှင့် ရည်ညွှန်းဥပဒေ၏ လမ်းဖွင့်ထားသော ရယူနိုင်မှုသည် စီးပွားဖြစ် ရောင်းချသူများကို အပြန်အလှန် လုပ်ဆောင်နိုင်သော ကွန်ယက် အစိတ်အပိုင်းများ၊ ဥပမာ ရောက်တာများ၊ တည်ဆောက်ရန် ခွင့်ပြုထားသည်။ ၎င်းက ကုမ္ပဏီပေါင်းများစွာမှ စံချိန်စံညွှန်းမီ ကွန်ယက် ဂီယာကို ရရှိစေနိုင်သည်။ ဤအရာသည် အင်တာနက် လျင်မြန်စွာ ကြီးထွားလာမှုနှင့် ဒေသန္တရနယ်ပယ် ကွန်ယက်ဖွဲ့ခြင်း တဟုန်ထိုး တိုးပွားလာမှုတို့ကို အထောက်အပံ့ဖြစ်စေခဲ့သည်။ ယင်းသည် UNIX နှင့် အခြား သုံးနေကျဖြစ်သော ကွန်ပျူတာ မောင်းနှင်လည်ပတ်မှု စနစ်တိုင်းနီးပါး ပေါ်တွင် TCP/IP ၏ ကျယ်ပြန့်သော အကောင်အထည်ဖော်မှုနှင့် တိကျသော စံချိန်စံညွှန်း သတ်မှတ်ခြင်းတို့ကို မျိုးစေ့ချခဲ့သည်။
စာကြောင်း ၆၈ -
အင်တာနက်အလွှာသည် ကွန်ပျူတာများကို အင်တာနက် ပရိုတိုကော(လ်) IP လိပ်စာများမှတဆင့် အချင်းချင်း သိမှတ်ရန်နှင့် နေရာချထားရန် ဆောင်ရွက်နိုင်ပြီး ကွန်ပျူတာတစ်ခုနှင့်တစ်ခုကို ကြားခံ(တဆင့်ခံ) ကွန်ယက်များမှတဆင့် ချိတ်ဆက်ရန် လုပ်ဆောင်ခွင့်ပြုသည်။ နောက်ဆုံးဖြစ်သော တည်ဆောက်ပုံ၏ အောက်ဆုံးလွှာမှာ ဆော့(ဖ်)ဝဲအလွှာဖြစ်သည့် ချိတ်ဆက်အလွှာဖြစ်သည်။ ၎င်းက တူညီသော ကွန်ယက် အချိတ်အဆက်နယ်ပယ်တွင်း လက်ခံဟို့(စ်)များအကြား ဆက်သွယ်ချိတ်ဆက်မှုကို ထောက်ပံ့ပေးသည် - ဥပမာ ဒေသန္တရနယ်ပယ်ကွန်ယက် (local area network - LAN) သို့မဟုတ် ဖုန်းဖြင့်ချိတ်ဆက်ခြင်း။ TCP/IP ဟုလူသိများသော ပုံစံငယ်ကို အောက်ခံ ဟာ့ဒ်ဝဲအား မှီခိုမှုကင်းလွတ်ရန် ဒီဇိုင်းပြုလုပ်ထားသည်။ ထို့ကြောင့် ပုံစံငယ်သည် ၎င်းသက်သက်ဆိုလျှင် မည်သည့် အစိတ်အပိုင်းနှင့်မျှ ပတ်သက်ခြင်းမရှိပေ။ Open Systems Interconnection (OSI) ပုံစံငယ်ကဲ့သို့ အခြား ပုံစံငယ်များကိုလည်း ဖန်တီးတည်ဆောက်ခဲ့သည်။ သို့သော် ၎င်းတို့သည် ဖော်ပြချက် အသေးစိတ်များ နှင့်လည်းကောင်း အကောင်ထည်ဖော်ခြင်းတွင်လည်းကောင်း သဟဇာတဖြစ်မဖြစ်ပါ။ သို့သော် ဆင်တူမှု များစွာ ရှိနေပြီး ပုံမှန်အားဖြင့် OSI ကွန်ယက်ဖွဲ့ခြင်း ဆွေးနွေးမှုများတွင် TCP/IP ပရိုတိုကော(လ်)များအကြောင်း ပါဝင်သည်။
 
အင်တာနက် မော်ဒယ်၏ အထင်ရှားဆုံး အစိတ်အပိုင်းမှာ အင်တာနက် ပရိုတိုကော(လ်) (Internet Protocol - IP) ဖြစ်သည်။ ၎င်းက အင်တာနက်ပေါ်တွင် ကွန်ပျူတာများအတွက် လိပ်မူခြင်း စနစ်များ(IP လိပ်စာများ) ကို လုပ်ဆောင်သည်။ IP သည် ကွန်ယက်အချင်းချင်း ချိတ်ဆက်ခြင်းနှင့် အခြေခံအားဖြင့် အင်တာနက်ကို ၎င်းဘာသာ တည်ဆောက်ခြင်းကို လုပ်ဆောင်နိုင်သည်။ IP မူကွဲ ၄ (IPv4) သည် ယနေ့အင်တာနက်၏ ပထမ မျိုးဆက်တွင် အသုံပြုခဲ့သော စဦးမူကွဲ ဖြစ်ပြီး အဓိက အသုံးပြုဆဲဖြစ်သည်။ အင်တာနက် လက်ခံဟို့(စ်) ~သန်းထောင်ပေါင်း ၄.၂ (၁၀၉)အထိ လိပ်မူရန် ရည်စူးထားသည်။ သို့သော် အင်တာနက်၏ အရှိန်အဟုန်ကြီးစွာ ကြီးထွားလာမှုက IPv4 လိပ်စာ ကုန်ခန်းမှု ကိုဖြစ်စေခဲ့ရာ ၂၀၁၁ခုနှစ်ခန့်တွင် ၎င်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။ပိုမိုကြီးမားသောခန့်မှန်းရသည်။ ပိုမိုကြီးမားသော လိပ်မူနိုင်စွမ်းရှိပြီး အင်တာနက် သွားလာရေး လမ်းကြောင်း သတ်မှတ်ခြင်းကိုလည်း ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်သည့် ပရိုတိုကော(လ်) မူကွဲအသစ်ဖြစ်သော IPv6 ကို ၁၉၉၀နှစ်များ အလယ်က ထုတ်လုပ်ခဲ့သည်။ထိုIPv6တွင်ထုတ်လုပ်ခဲ့သည်။ ထိုIPv6တွင် နက်ဝက်လိပ်စာပေါင်း 3.4×10power38 ခန့်ရှိပြီး ယခင် IPV4ထက် 7.9×10power28 ဆခန့်ပိုမိုကြီးမားသည်။ ယခုအခါ IPv6 သည် ကမ္ဘာတဝှမ်းတွင် စီးပွားဖြစ်ထုတ်လုပ်သော လက်တွေ့အသုံးချမှု အဆင့်တွင် တည်ရှိနေပြီး အင်တာနက် လိပ်စာ မှတ်ပုံတင်လုပ်ငန်းများ(RIRs) သည် အရင်းအမြစ် မန်နေဂျာများကို ဤ စနစ်သစ်အား အလျင်အမြန် လက်ခံခြင်းနှင့် ပြောင်းလဲခြင်းတို့ကို စီစဉ်ဆောင်ရွက်ကြရန် တိုက်တွန်း လှုံ့ဆော်ခဲ့ပြီး ဖြစ်သည်။
 
IPv6 သည် IPv4 နှင့် အပြန်အလှန်အသုံးပြု၍ မရပါ။ ၎င်းသည် IPv4 ဆော့(ဖ်)ဝဲနှင့် တိုက်ရိုက် ဆက်သွယ်ရယူနိုင်မှုမရှိဘဲ အင်တာနက်၏ ပြိုင်တူဖြစ်သော မူကွဲတစ်ခုကို အခြေခံအားဖြင့် တည်ဆောက်သည်။ ဆိုလိုသည်မှာ IPv6 အင်တာနက်ပေါ်တွင် ဆက်သွယ်ရန် လိုအပ်သော ကွန်ယက် ကိရိယာတိုင်းအတွက် ဆော့(ဖ်)ဝဲ အဆင့်မြှင့်ခြင်းများ သို့မဟုတ် ဘာသာပြန် အထောက်အပံ့များ လိုအပ်သည်။ ခေတ်သစ် ကွန်ပျူတာ မောင်းနှင် လည်ပတ်မှုစနစ် အများစုမှာ အင်တာနက် ပရိုတိုကော(လ်) မူကွဲနှစ်မျိုးလုံးနှင့် လုပ်ဆောင်နိုင်ရန် ပြောင်းလဲပြီးဖြစ်သည်။ သို့သော် ကွန်ယက် အခြေခံ ဖွဲ့စည်းတည်ဆောက်မှုများသည် ဤတိုးတက်ဖြစ်ပေါ်မှုတွင် နောက်ကျ ကျန်နေခဲ့ဆဲဖြစ်သည်။ ၎င်း၏ အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံကို ဖြစ်စေသော ခက်ခဲရှုပ်ထွေးသည့် အမှန်တကယ် ချိတ်ဆက်မှုများမှအပ အင်တာနက်ကို နှစ်ဦးနှစ်ဘက်နှင့်ဆိုင်သော သို့မဟုတ် အများနှင့်ဆိုင်သော ကုန်သွယ်မှု သဘောတူစာချုပ်များ (ဥပမာ- ဂုဏ်ရည်တူသဘောတူညီချက်များ) နှင့် နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်များ သို့မဟုတ် ကွန်ယက်ပေါ်တွင် အချက်အလက်များကို မည်သို့ လဲလှယ်ရမည်ကို ဖော်ပြသော ပရိုတိုကော(လ်)များက ပံ့ပိုးဆောင်ရွက်သည်။ အမှန်တကယ်ပင် အင်တာနက်ကို ၎င်း၏ အပြန်အလှန် ချိတ်ဆက်မှုများနှင့် လမ်းကြောင်းပေါ်လစီများအားဖြင့် အနက်ဖွင့်ကြသည်။
စာကြောင်း ၈၈ -
== ခေတ်ပေါ်အသုံးများ ==
 
အင်တာနက်သည် အလုပ်လုပ်နေသော နာရီများ နေရာများနှင့် ပတ်သက်ပြီး ပိုမိုကြီးမားစွာ လိုက်လျောညီထွေမှု ဖြစ်စေသည်။ အထူးသဖြင့် မီတာတတ်မထားသော အမြန်နှုန်းမြင့် ဆက်သွယ်မှုများနှင့် ဝက်(ဘ်) အသုံးချပရိုဂရမ်များ ပျံ့နှံ့မှုအားဖြင့် ဖြစ်သည်။ယခုအခါတွင်ဖြစ်သည်။ ယခုအခါတွင် နည်းလမ်းပေါင်းများစွာဖြင့်၊ အထူးသဖြင့် မိုဘိုင်း(လ်) အင်တာနက် ကိရိယာများမှ တဆင့် အင်တာနက်ကို မည်သည့်နေရာမှမဆို ဆက်သွယ် ရရှိနိုင်သည်။ မိုဘိုင်း(လ်)ဖုန်း၊ ဒေတာကတ်များ၊ လက်ကိုင်ကစားနည်း စက်များ (handheld game consoles) နှင့် ဆယ်လူလာရောက်တာများသည် ယင်းကိရိယာ နည်းပညာကို ပံ့ပိုးသော ကြိုးမဲ့ကွန်ယက် လွှတ်ထားသည့် မည်သည့်နေရာတွင်မဆို အသုံးပြုသူများကို အင်တာနက်သို့ ဆက်သွယ်ရန် ခွင့်ပြုထားသည်။ သေးငယ်သော ကြည့်ရှုရန် ဖန်သားပြင်က သတ်မှတ်ထားသော ကန့်သတ်ချက်များအတွင်း၊ ထိုအိတ်ဆောင် ကိရိယာများ၏ အခြား ကန့်သတ်ချက်ရှိသော အထောက်အပံ့ပစ္စည်းများ၊ အီးမေး(လ်)နှင့် ဝက်(ဘ်)များအပါအဝင် အင်တာနက် ဝန်ဆောင်မှုများကို ရရှိကောင်း ရရှိနိုင်သည်။ ဝန်ဆောင်မှု ထောက်ပံ့ပေးသူများသည် ကမ်းလှမ်းထားသော ဝန်ဆောင်မှုများကို ကန့်သတ်ကောင်း ကန့်သတ်နိုင်ပြီး၊ ကြိုးမဲ့ဒေတာ ပို့လွှတ်ခြင်းများအတွက် အခကြေးငွေမှာ အခြား ဆက်သွယ်ရရှိနိုင်သော နည်းလမ်းများထက် သိသာစွာ မြင့်မားနိုင်သည်။
 
မူလတန်းကြိုမှ ဘွဲ့လွန်ပါရဂူအထိ အဆင့်များအားလုံးအတွက် ပညာရေးဆိုင်ရာ ပစ္စည်းများမှာ ဝက်(ဘ်)ဆိုဒ်များပေါ်တွင် ရရှိနိုင်သည်။ ဥပမာများမှာ ကျောင်းများနှင့် အထက်တန်းကျောင်းများ၏ ပြန်လှန်သင်ကြားခြင်း လမ်းညွှန်များမှတဆင့် ရရှိနိုင်သော CBeebies မှသည်၊ ဂူးဂဲ(လ်)စကော်လာ၏ အကြိုက်များမှတဆင့် အမြင့်ဆုံးအဆင့် ပညာရှင်သုံး စာပေများကို ဆက်သွယ်ရယူနိုင်သော အကျိုးသက်ရောက်သော တက္ကသိုလ်များ (virtual universities) အထိ အတန်းအစား အမျိုးမျိုး ကွဲပြားပါသည်။ အဝေးသင် ပညာရေးစနစ်တွင် အိမ်စာများနှင့် အခြား သတ်မှတ်ပေးထားသော သင်ခန်းစာများ လုပ်ဆောင်ခြင်း၊ မိမိကိုယ်မိမိ လမ်းညွှန် သင်ယူ ခြင်း၊ အချိန်ပိုများကို ကုန်လွန်စေခြင်း၊ သို့မဟုတ် စိတ်ဝင်စားသော အချက်တစ်ခုအပေါ် အသေးစိတ်အချက်အလက်များ ပိုမိုရှာဖွေခြင်းများတို့တွင် ကူညီသည်။ မည်သည့်နေရာမှမဆို မည်သည့်အဆင့်အတွက်မဆို ပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို ဆက်သွယ်ရယူနိုင်ခြင်းသည် လူအများအတွက် ဘယ်သောအခါကမျှ ယခုလောက် မလွယ်ကူခဲ့ပေ။ ယျေဘုယျအားဖြင့် အင်တာနက်နှင့် အထူးသဖြင့် World Wide Web တို့သည် ပုံမှန်သမားရိုးကျ ပညာရေးအတွက်ရော၊ သမားရိုးကျမဟုတ်သော ပညာရေးအတွက်ပါ အရေးကြီးသည့် စွမ်းဆောင်နိုင်စေသူများ ဖြစ်ကြသည်။
စာကြောင်း ၁၂၁ -
အင်တာနက်ဖြင့် စကားပြောဆက်သွယ်ခြင်းစနစ်သည် အင်တာနက် ဖန်တီးမှုကြောင့် ဖြစ်ပေါ်စေခဲ့သည့် အများသိသော ဆက်သွယ်ရေး ဝန်ဆောင်မှုပင် ဖြစ်သည်။ VoIP မှာ အင်တာနက် ပရိုတိုကောမှ တဆင့်လာသော အသံဟု အဓိပါယ်ရသည်။ အင်တာနက် ဆက်သွယ်ရေးအားလုံးအပေါ် အခြေခံသည့် ပရိုတိုကောကို ရည်ညွှန်းခြင်းဖြစ်သည်။ စိတ်ကူးမှာ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များက စတင်ခဲ့ပြီး ကိုယ်ပိုင် ကွန်ပျူတာများ အတွက် လမ်းလျှောက် စကားပြောစက်များနှင့် ဆင်တူသော အသံအသုံးချ ပရိုဂရမ်များ ဖြစ်သည်။ မကြာသေးသောနှစ်များက VoIP စနစ်အများအပြားမှာ သာမန်တယ်လီဖုန်းကဲ့သို့ အဆင်ပြေပြီး အသုံးပြုရန်လွယ်ကူ လာသည်။ အကျိူးကျေးဇူးမှာ အင်တာနက်က အသံအသွားအလာကို သယ်ဆောင်သောကြောင့် VoIP မှာ အခမဲ့ဖြစ်နိုင်သည် သို့မဟုတ် ကုန်ကျစရိတ်မှာ သာမန်သုံးနေကျ တယ်လီဖုန်း ခေါ်ဆိုခထက် အလွန်နည်းပါးနိုင်သည်။ အထူးသဖြင့် အလွန်ဝေးသော နေရာဒေသများနှင့် အထူးသဖြင့် cable သို့မဟုတ် ADSL တို့ဖြင့် အင်တာနက် ချိတ်ဆက်ခြင်း အမြဲရှိနေသောသူများအတွက် ဖြစ်သည်။
 
VoIP သည် သာမန်သုံးနေကျ တယ်လီဖုန်း ဝန်ဆောင်မှု၏ အခြားရွေးချယ်စရာ ပြိုင်ဘက်တစ်ခုအဖြစ်သို့ ဖွံ့ဖြိုးလာခဲ့သည်။ ကွဲပြားသော ထောက်ပံ့သူများအကြား အတုံ့အပြန်ပြုလုပ်နိုင်ခြင်းမှာ တိုးတက်လာခဲ့ပြီး၊ သာမန်သုံးနေကျ တယ်လီဖုန်းမှ ခေါ်ဆိုနိုင်ခြင်း သို့မဟုတ် လက်ခံနိုင်ခြင်းတို့ ပြုလုပ်နိုင်လာသည်။ ရိုးရိုးပင် ကိုယ်ပိုင်ကွန်ပျူတာတစ်လုံး လိုအပ်မှုကို ဖယ်ရှားထားသော ဈေးသက်သာသော VoIP ကွန်ယက် အဒက်(ပ်)တာများ ရရှိနိုင်သည်။ခေါ်ဆိုမှုရရှိနိုင်သည်။ ခေါ်ဆိုမှု တစ်ခုနှင့်တစ်ခု အကြား အသံအရည်အသွေး ခြားနားခြင်းများ ရှိနိုင်သော်လည်း မကြာခဏဆိုသလိုပင် သာမန်ခေါ်ဆိုနေကျ ဖုန်းများနှင့် တန်းတူ သို့မဟုတ် ယင်းတို့ထက် သာလွန်ကောင်းမွန်ပါသည်။ VoIP အတွက် ကျန်ရှိဆဲ ပြဿနာများတွင် အရေးပေါ် တယ်လီဖုန်းနံပါတ် ခေါ်ဆိုခြင်းနှင့် ယုံကြည် စိတ်ချရမှုတို့ ပါဝင်သည်။ လက်ရှိတွင်၊ VoIP ထောက်ပံ့သူ အနည်းငယ်တို့မှာ အရေးပေါ် ဝန်ဆောင်မှုကို ပေးသော်လည်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအတွက်မူ မရရှိနိုင်ပေ။ သာမန်သုံးနေကျ ဖုန်းများမှာ ကြိုးလိုင်း မှ ပါဝါရရှိနိုင်ပြီး လျှပ်စစ်ပြတ်တောက်နေချိန်တွင် အသုံးပြုနိုင်သည်။ VoIP မှာ ယင်းကဲ့သို့မဟုတ် ဖုန်းပစ္စည်းကိရိယာနှင့် အင်တာနက် ဝင်ရောက်ကြည့်ရှုရန် ကိရိယာများအတွက် ထောက်ပံ့သည့် လျှပ်စစ်သိုလှောင်ထားရှိမှု (backup power source) မရှိပဲနှင့် အသုံးမပြုနိုင်ပေ။ ကစားသူများအကြား ဆက်သွယ်ရေးတစ်ခုအနေဖြင့် ကစားနည်းအသုံးချ ပရိုဂရမ်များကြောင့် VoIP မှာ တိုး၍တိုး၍ ကျော်ကြားလာလျက်ရှိသည်။ ဖောက်သည်များအတွက် ကျော်ကြားသော VoIPကစားနည်းများတွင် Ventrilo နှင့် Teamspeak တို့ပါဝင်သည်။ Wii, PlayStation 3၊ နှင့် Xbox 360 တို့တွင်လည်း VoIP စကားပြောခြင်းများ ပါဝင်သည်။
 
== ဒေတာရွှေ့ပြောင်းခြင်း ==
စာကြောင်း ၁၄၁ -
အင်တာနက်ပေါ်တွင် ဆက်သွယ်ရန်အတွက် ပျံ့နှံ့သုံးစွဲသော ဘာသာစကားမှာ အင်္ဂလိပ်ဘာသာ ဖြစ်သည်။ အင်တာနက်၏ ပေါက်ဖွားလာသော နေရာကြောင့် သော်လည်းကောင်း၊ အင်္ဂလိပ်ဘာသာ၏ ဘာသာစကားမတူသူချင်း ဆက်သွယ်ပြောဆို ကြသည့်စကားအဖြစ် အခန်းကဏ္ဍအရကြောင့် သော်လည်းကောင်း ဖြစ်နိုင်ပေသည်။ အဓိကအားဖြင့် အမေရိကန် ပြည်ထောင်စုတွင် စတင်ပေါ်ပေါက်လာခဲ့သော ရှေးဦး ကွန်ပျူတာများ၏ လက်တင်အက္ခရာများကို သုံးသော အင်္ဂလိပ် မူကွဲများမှအပ အခြားသော စာလုံးများကို စီမံခန့်ခွဲရန်အတွက် စွမ်းဆောင်နိုင်မှု အားနည်းမှုနှင့်လည်း ဆက်စပ်နိုင်ကောင်း ဆက်စပ်ပေလိမ့်မည်။ World Wide Web ပေါ်၌ တောင်းဆိုမှု အများဆုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာ(၂၈%)ပြီးလျှင် တရုတ် (၂၃%)၊ စပိန်(၈%)၊ ဂျပန်(၅%)၊ ပေါ်တူဂီ နှင့် ဂျာမန်(၄% စီ)၊ အာရဗီ၊ ပြင်သစ်နှင့် ရုရှား (၃%စီ)နှင့် ကိုရီးယား (၂%)တို့ ဖြစ်သည်။
 
ဒေသများအားဖြင့်၊ ကမ္ဘာ့အင်တာနက် အသုံးပြုသူဦးရေ ၄၂%သည် အာရှတွင် အခြေပြုသူများ ဖြစ်ပြီး၊ ၂၄%မှာ ဥရောပ၊ ၁၄%မှာ မြောက်အမေရိက၊ ၁၀%မှာ လက်တင် အမေရိကနှင့်တကွ ကာရစ်ဘီယံဒေသ၊ ၅%မှာ အာဖရိက၊ ၃%မှာ အရှေ့အလယ်ပိုင်းနှင့် ၁%မှာ ဩစတြေလျ/ ပစိဖိတ်သမုဒ္ဒရာ ဒေသများတို့မှ ဖြစ်ကြသည်။လွန်ခဲ့သောဖြစ်ကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အင်တာနက်၏ နည်းပညာများ လုံလောက်စွာပင် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ အထူးသဖြင့် ယူနီကုတ် ကိုအသုံးပြုခြင်းဖြင့် ကမ္ဘာ့ အသုံးအများဆုံး ဘာသာစကားများကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးတို့အတွက် ကောင်းမွန်သော လိုအပ်သည့် အထောက်အပံ့ပစ္စည်းများကို ရရှိနိုင်ပြီဖြစ်သည်။ သို့ရာတွင် မိုဂျီဘာကေ (mojibake) (အချို့သော ဘာသာစကားများ၏ စာလုံးများကို မှားယွင်းစွာဖော်ပြခြင်း) ကဲ့သို့ အချို့အမှားများမှာ ရှိနေဆဲပင်ဖြစ်သည်။
 
အိမ်များတွင် အင်တာနက် ဆက်သွယ်ရရှိမှု အတွက် သုံးလေ့ရှိသော နည်းလမ်းများတွင် ဒိုင်း(လ်)အပ်(dial-up)၊ ကုန်းပေါ် ကြိုး ဘရော့(ဒ်)ဘဲန်(broadband) (ပျော့ပြောင်းသော ကိုအက်(စ်)ဝိုင်ယာကြိုး၊ အကြည်ရောင်ဖန်မျှင်၊ သို့မဟုတ် ကြေးနီဝိုင်ယာများ မှတဆင့်)၊ဖိုင်ဘာ၊ ဝိုင်ဖိုင်၊ ဂြိုဟ်တုနှင့် 3G နည်းပညာ ဆဲ(လ်)ဖုန်းများတို့ ပါဝင်သည်။ အင်တာနက်ကို အများပြည်သူ အသုံးပြုနိုင်သော နေရာများတွင် အင်တာနက်နှင့် ဆက်သွယ်ထားသော ကွန်ပျူတာများရှိသည့် စာကြည့်တိုက်များနှင့် အင်တာနက် ကဖေးများတို့ ပါဝင်သည်။ လေဆိပ် ဟောခန်းမနှင့် ကော်ဖီဆိုင်များကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သော နေရာအများအပြားတွင်လည်း အင်တာနက်ဆက်သွယ်ရရှိနိုင်သော နေရာများရှိသည်။ အချို့နေရာများတွင် မတ်တတ်ရပ်လျက် ခေတ္တခဏမျှသာ အသုံးပြုရန်အတွက် ဖြစ်သည်။ “ပြည်သူ့အင်တာနက်ဆိုင်ငယ်”၊ “ပြည်သူများသုံးစွဲနိုင်သည့် တာမင်နယ်(လ်)များ” နှင့် “ပိုက်ဆံပေးရသည့် အများပြည်သူသုံးဖုန်း ဝက်(ဘ်)” ဟူ၍ အမျိုးမျိုး ခေါ်ကြသည်။
စာကြောင်း ၁၅၄ -
အပြန်အလှန် လူမှုဆက်ဆံရေး၊ လှုပ်ရှားမှုများ နှင့် စည်းရုံး ဆောင်ရွက်ခြင်းတို့၏ လုံးဝ ပုံစံသစ်များအဖြစ် အင်တာနက်က စွမ်းဆောင်နိုင်ခဲ့သည်။ ၎င်း၏ ကျယ်ပြန့်စွာ အသုံးပြုနိုင်မှုနှင့် ရရှိနိုင်မှုကဲ့သို့သော အခြေခံ အရည်အသွေးများ၏ အကျိုးကျေးဇူးကြောင်း ဖြစ်သည်။ ဖေ့(စ်)ဘွတ်(ခ်)၊ တွစ်တာနှင့် မိုင်စပေ့(စ်) ကဲ့သို့ လူမှုရေးနှင့်ဆိုင်သော ကွန်ယက် ဝက်(ဘ်)ဆိုဒ်များကို ပေါင်းသင်းဆက်ဆံရန်နှင့် အပြန်အလှန်ဆက်သွယ်ရန် ဖန်တီးခဲ့ကြသည်။ ၎င်းဆိုဒ်များကို အသုံးပြုသူများသည် အမျိုးမျိုး များပြားသော သတင်းအချက်အလက်များကို စာမျက်နှာများပေါ် ထပ်၍ထည့်ရန်၊ အများစိတ်ဝင်စားသော အရာများကို လေ့လာလိုက်စားရန်နှင့် အခြားသူများနှင့် ဆက်သွယ်ရန် စွမ်းဆောင်နိုင်သည်။ ရှိရင်းစွဲ အသိမိတ်ဆွေများကို ရှာဖွေနိုင်ပြီး၊ ရှိရင်းစွဲ အုပ်စုအသင်းအဖွဲ့များနှင့် ဆက်သွယ်ရန်ကိုလည်း ခွင့်ပြုသည်။ LinkedIn ကဲ့သို့သောဆိုဒ်များက ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်သွယ်မှုများကို ထိမ်းသိမ်းစောင့်ရှောက်သည်။ ယူကျု(ဘ်)နှင့် ဖလစ်ကာ (Flickr)တို့မှာ အသုံးပြုသူများ၏ ဗီဒီယို နှင့် ဓာတ်ပုံများကို အထူးပြုသည်။
 
၂၁ ရာစု၏ ပထမဆယ်စုနှစ်တွင် ပထမမျိုးဆက်သည် အင်တာနက် ဆက်သွယ်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ခြင်း၊ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုနှင့် သက်သေခံ ဆိုင်ရာ နယ်ပယ်များတွင် အကျိုးဆက်များနှင့် အာရုံစိုက်စရာများ ဆောင်ယူလာခြင်း၊ နှင့် မူပိုင်ခွင့်ရှိသော ပစ္စည်းများဖြန့်ဝေခြင်းတို့နှင့် ကြီးပြင်းလာခဲ့ရသည်။ ဤ "digital natives" သည် ယခင်မျိုးဆက်တို့ မကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ရသည်။အင်တာနက်သည်ရင်ဆိုင်ရသည်။ အင်တာနက်သည် နိုင်ငံရေးဆိုင်ရာ အသုံးချမှု ကိရိယာတစ်ခု အဖြစ် အသစ်သော ဆက်စပ်မှုကို အောင်မြင်ရရှိခဲ့ခြင်းသည် အချို့သောတိုင်းပြည်များတွင် အင်တာနက် ဆင်ဆာပြုလုပ်ခြင်းကို လုပ်ဆောင်စေခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၄ခုနှစ်က ဟောင်းဝပ်ဒင်း(န်)၏ သမ္မတရွေးကောက်ပွဲနှင့် ဆိုင်သော စည်းရုံးလှုံ့ဆော်ခြင်းဖြစ်သည့် အင်တာနက်မှာတဆင့် အလှူငွေတောင်းခံခြင်း၏ အောင်မြင်မှုမှာ သတိပြုမိလောက်စရာ ဖြစ်သည်။ များပြားသော နိုင်ငံရေးအုပ်စုများသည် ၎င်းတို့၏ ရည်မှန်းချက် တာဝန်ကို ထမ်းဆောင်ရန်အတွက် စည်းရုံးခြင်း နည်းလမ်းအသစ်တစ်ခု ရရှိအောင်မြင်ရန်အတွက် အင်တာနက်ကို အသုံးပြုပြီး အင်တာနက် လှုပ်ရှားပြောင်းလဲရေး ကို ပေါ်ထွက်လာစေသည်။
 
အီရန်၊ မြောက်ကိုရီးယား၊ မြန်မာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဆော်ဒီအာရေးဗီးယား တို့ကဲ့သို့သော အချို့သောအစိုးရများသည် ၎င်းတို့၏နိုင်ငံများတွင် အများပြည်သူများ အင်တာနက်ပေါ် ဝင်ရောက်ကြည့်နိုင်သော အကြောင်းအရာများ အထူးသဖြင့် နိုင်ငံရေးနှင့် ဘာသာရေးတို့ ပါဝင်သည့် အကြောင်းအရာများကို ကန့်သတ်ထားသည်။ဒိုမိန်းနှင့်ကန့်သတ်ထားသည်။ ဒိုမိန်းနှင့် ပါဝင်သော အကြောင်းအရာများကို စစ်ထုတ်သော ဆော့(ဖ်)ဝဲမှတဆင့် ယင်းကို အထမြောက်အောင် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် အသေးစိတ်စီစဉ်ပြီး ဥပါယ်တံမျဉ်ဖြင့် ကျော်လွှားနိုင်အောင် မပြုလုပ်လျှင် ၎င်းတို့ကို လွယ်ကူစွာ ဝင်ရောက်ကြည့်နိုင်လိမ့်မည် သို့မဟုတ် ရယူနိုင်မည် မဟုတ်ပေ။ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့တွင် အဓိက အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သူများက ဥပဒေအဖြစ် ပြောင်းလဲသွားသော အစီအစဉ်များကို ရှောင်ရှားရန်အတွက် အာဏာပိုင်များ စာရင်းပြုစုထားသော ဆိုဒ်များသို့ ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကို ကန့်သတ်ရန် မိမိတို့ဆန္ဒအလျောက် သဘောတူညီခဲ့ကြသည်။ ဤပိတ်ပင်တားဆီးထားသော URLများ စာရင်းတွင် သိပြီးဖြစ်သည့် ညစ်ညမ်းသော စာပေနှင့် ဓာတ်ပုံဆိုဒ်များ ပါဝင်သည်ဟု မျှော်လင့်ရပြီး စာရင်းတွင်ပါဝင်သည့် အကြောင်းအရာများကို လျှို့ဝှက်ထားရှိသည်။
 
အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအများအပြားတွင် အင်တာနက်မှ တဆင့် ညစ်ညမ်းသော စာပေနှင့်ဓာတ်ပုံများ ကဲ့သို့သော အကြောင်းအရာ ပစ္စည်းများကို ပိုင်ဆိုင်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းတို့ကို ဆန့်ကျင်သည့် ဥပဒေများကို ပြဋ္ဌာန်းထားသည်။ သို့သော် စစ်ထုတ်သော ဆော့(ဖ်)ဝဲကိုမူ ပြဋ္ဌာန်းထားခြင်း မရှိပါချေ။ အခမဲ့သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း ရရှိနိုင်သည့် ပါဝင်သော အကြောင်းအရာများကို ထိန်းချုပ်သည့်ဆော့(ဖ်)ဝဲ (content-control software) ခေါ် ဆော့(ဖ်)ဝဲ ပရိုဂရမ်များ များစွာရှိသည်။ ထိုဆော့(ဖ်)ဝဲဖြင့် ကွန်ပျူတာတစ်လုံးချင်းစီ သို့မဟုတ် ကွန်ယက်များတွင် တိုက်ခိုက်လာသော ဝက်(ဘ်)ဆိုဒ်များကို ပိတ်ပစ်ရန် အသုံးပြုသူတစ်ဦးက ရွေးချယ်နိုင်သည်။ ညစ်ညမ်းသော ပစ္စည်းများ သို့မဟုတ် အကြမ်းဖက်မှု သရုပ်ဖော်ပုံများကို ကလေးများ ဝင်ရောက်ကြည့်နိုင်မှုအား ကန့်သတ်ရန်အတွက်ဖြစ်သည်။
စာကြောင်း ၁၆၄ -
 
သတင်းများ၊ ရာသီဥတုနှင့် အားကစား အစီရင်ခံချက်များအား ဝင်ရောက်ကြည့်ရှုရန်၊ အားလပ်ရက်အပန်းဖြေခရီး စီစဉ်ခြင်းနှင့် လက်မှတ်ကြိုတင်ဝယ်ခြင်း၊ ၎င်းတို့ စိတ်ဝင်စားစရာများ ပိုမိုရှာဖွေခြင်းတို့အတွက် World Wide Web ကို လူအများက ရရှိသုံးစွဲကြသည်။ ကမ္ဘာအနှံ့ရှိ မိတ်ဆွေအပေါင်းအသင်းများနှင့် အဆက်အသွယ်မပြတ် ရှိစေရန်အတွက် စကားပြောခြင်း၊ သတင်းပို့ခြင်းနှင့် အီးမေး(လ်)ပို့ခြင်းတို့ကို လူအများ အသုံးပြုကြသည်။ အချို့တို့မှာ ယခင်က စာရေးမိတ်ဆွေများ ထားသကဲ့သို့ နည်းလမ်းတူသည်။ အသုံးပြုသူများသည် ယင်းတို့၏ ဖိုင်များနှင့် ဆက်တင်များကို အင်တာနက်မှတဆင့် ဆက်သွယ်ရရှိနိုင်သော ဝက်(ဘ်)ဒက်(စ်)တော့(ပ်) အရေအတွက်များ တိုးပွားလာသည်ကို အင်တာနက်က တွေ့ကြုံရသည်။
ဆိုက်ဘာလပ်ကင်း း ကြောင့် ကော်ပိုရေးရှင်းနှင့် ဆိုင်သော အရင်းအမြစ်များ ယိုစိမ့်မှု ဖြစ်စေနိုင်သည်။ ယူကေရှိ ဝန်ထမ်းသည် အလုပ်လုပ်နေစဉ် အချိန်အတွင်း ပျမ်းမျှ ၅၇ မိနစ် ဝက်(ဘ်)ပေါ်တွင် ရှာဖွေလှန်လှောခြင်း ပြုလုပ်သည်ဟု ပင်နီစူလာ စီးပွားရေး ဝန်ဆောင်မှုများအဖွဲ့၏ ၂၀၀၃ခုနှစ် လေ့လာချက်များအရ ဆိုသည်။အင်တာနက်စွဲခြင်းရောဂါဆိုသည်။ အင်တာနက်စွဲခြင်းရောဂါ ဆိုသည်မှာ နေ့စဉ် လူနေမှုဘဝကို နှောင့်ယှက်လောက်အောင် ကွန်ပျူတာ လွန်ကဲ စွာ အသုံးပြုခြင်းဖြစ်သည်။ အင်တာနက်ကို အသုံးပြုခြင်းကြောင့် တစ်ဦးချင်းအပေါ် း အခြားသော အကျိုးသက်ရောက်မှုများ ဥပမာအားဖြင့် ပြောရလျှင် မှန်ကန်သော ဖန်တီးမှုကို ဖြစ်ပေါ်စေသည့် လေးနက်သော တွေးခေါ်စဉ်းစားခြင်းအပေါ် နှောင့်ယှက်ခြင်းကဲ့သို့ လည်း ဖြစ်ပေါ်သည်ဟု အချို့သော စိတ်ပညာရှင်များက ယုံကြည်ကြသည်။
 
== ရည်ညွှန်းကိုးကား ==