ကရာချိမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အတွင်းဖက် +အတွင်းဘက်)
စာကြောင်း ၁ -
 
'''ကရာချိမြို့'''သည် [[အိန္ဒိယကျွန်းဆွယ်‎]]အနောက်ဘက်ပိုင်း သိန္ဓုနယ်ရှိသင်္ဘောဆိပ်မြို့ ဖြစ်၍၊ [[ပါကစ္စတန်နိုင်ငံ]]၏ မြို့တော်ဖြစ်ပြီးလျှင် [[အိန္ဒုမြစ်]]ဝကျွန်းပေါ်ဒေသ၏ မြောက်ဘက်တွင် တည်ရှိ၏။ ထို့ကြောင့် အိန္ဒုမြစ်ထွက်သော [[ဝါဂွမ်း‎]]၊ [[ဆား‎]]၊ [[သားရေစိမ်း‎]]၊ [[သိုးမွေး‎]]အကြမ်းနှင့် [[ဂျုံ‎]]စပါးတို့ကို ကရာချိမြို့မှတဆင့် အခြားမြို့နယ်နိုင်ငံများသို့ တင်ပို့လေသည်။ ထိုသို့ ကရာချိမြို့သည် အတွင်းဖက်ရှိအတွင်းဘက်ရှိ နယ်များအတွက် ထွက်ပေါက်ဖြစ်သဖြင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး၌ ထင်ရှားသောမြို့ဖြစ်သည်။ ပါကစ္စတန်နိုင်ငံအတွက် [[ဥရောပတိုက်‎]]နှင့် အနီးဆုံး [[သင်္ဘောဆိပ်‎]]နှင့် [[လေဆိပ်‎]]စခန်းလည်းဖြစ်၍ အခြားမြို့ကြီးများနှင့် [[မီးရထား‎]]ဖြင့် ဆက်သွယ်လျက်ရှိသည်။ ထိုမြို့မှ [[ဟိုက်ဒရဗတ်‎]]နယ်နှင့် အိန္ဒုမြစ်ဝှမ်း တစ်လျှောက်သို့ မီးရထားဖြင့်လည်းကောင်း ရေလမ်းမှလည်းကောင်း ကူးသန်းသွားလာ နိုင်လေသည်။ ကရာချိမြို့နှင့် ၃ မိုင်ခန့် ကွာဝေးသော [[ကီယာမာရီကျွန်း‎]]တွင် အကြီးဆုံးသော သင်္ဘောကျင်းများကို တည်ဆောက်ထား၏။ ထိုမြို့တွင် [[ဘိလပ်မြေ‎]]လုပ်ငန်းနှင့် တံငါလုပ်ငန်းများမှာ ထင်ရှားသော လုပ်ငန်းကြီးများဖြစ်လေသည်။ ကရာချိမြို့၏ အကျယ်အဝန်းမှာစတု ရန်းမိုင် ၈၁၂ဖြစ်၍လူဦးရေမှာ ၁၉၅၂ ခုနှစ် သန်းကောင်စာရင်းအရ ၁၁၁၈၀ဝဝ ဖြစ်သည်။
 
[[Category:ပါကစ္စတန်နိုင်ငံရှိ မြို့များ‎]]