ဘကြီးတော်(စစ်ကိုင်းမင်း): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။မ +။ မ, -။ထ +။ ထ)
စာကြောင်း ၅၄ -
[[File:Minister of State in Konbaung uniform.jpg|thumb|295x295px|ကုန်းဘောင်ခေတ် ဗိုလ်ချုပ်]]
မင်းတရားကြီး အိမ်ရှေ့စံစဉ်က မစစောင့်ရှောက်၍ မဏိပူရတွင် စိုးစံနေရသော၊ မဏိပူရ ကသည်းစော်ဘွား မဟာရှိန်ရာဇာသည် မကျိုးမနွံရှိသဖြင့် မင်းတရားကြီး
နန်းတက်သည့် နှစ်အတွင်း၌ပင် ညီတော် ဒွါရာဝတီ မင်းသား သတိုးမင်းရဲကျော်ထင်ကို ဗိုလ်ချုပ်ခန့်၍ တပ်တော်များချီတက်သိမ်းယူစေရာ၊ မဏိပူရ တစ်မြို့လုံးကို ရသည်။ မဏိပူရချီတပ်တွင် အလုံမြို့ဝန်မင်းကြီး [[မဟာဗန္ဓုလ]]က လက်ဝဲစစ်ကြောင်း၊ စစ်ကဲမင်းကြီး မင်ခေါင်းကျော်က လက်ယာကြာင်း ချီတက်သည်။ မြို့ကိုရပြီးနောက်၊ အစောင့်တပ်များ ချထားကာ တပ်များပြန်လာကြသည်။မဟာရှိန်တပ်များပြန်လာကြသည်။ မဟာရှိန် ရာဇာသည် အင်္ဂလိပ်တို့ဩဇာလွှမ်းမိုးသော ကချာနယ်ထဲသို့ ပြေးဝင်ခိုလှုံသည်။ ယင်းစော်ဘွား၏ သားဟဲလာစန္ဒရော် အိန်စောင်တာပသည် မြန်မာသက္ကရာဇ် ၁၁၈၂ ခုနှစ်တွင် ကချာမှနေ၍ မဏိပူရရှိ မြန်မာတပ်များကို လာရောက်တိုက်ခိုက်သည်။ မြို့စောင့် တပ်များက ပြန်လှန်ခုခံနေစဉ် အမရပူရမှစစ်ကူတပ်များ ရောက်ရှိလာ သဖြင့် ကသည်းတပ်များကို နှိမ်နင်းရသည်။ အင်္ဂလိပ်တို့သည် မြန်မာတို့၏ တန်ခိုးပျံ့နှံ့လာခြင်းကို မနှစ်သက်ပေ။ ထို့ကြောင့် ကချာနယ် အုပ်ချုပ်ရေးတွင် ဝင်ရောက်စိုးမိုးချယ်လှယ်မှုများ ပြုသည်။ ထို့ကြောင့်လည်း မြန်မာတပ်များနှင့် မသင့်မတင့် ဖြစ်သည်။
 
မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်တွင် ဘိုးတော်မင်းတရားလက်ထက်က နန်းတင်ပေးခဲ့သော အာသံစော်ဘွား စန္ဒရေကန္တရှိန်သည် အင်္ဂလိပ်တို့၏ အမအစကိုယူကာ မြန်မာမင်းအား ထောင်ထားခြားနားမည် ပြုသဖြင့် မဟာဗန္ဓုလသည် အာသံကို ချီတက်နှိမ်နင်းရပြန်သည်။ စန္ဒရကန္တရှိန်သည် အင်္ဂလိပ်တို့ပိုင်နက်သို့ ပြေးဝင်ခိုလှုံသည်။ မင်းကြီး မဟာဗန္ဓုလသည် အာသံ၌ စော်ဘွားအသစ်ကို နန်းတင်၍၊ ဗိုလ်မှူးမင်းကြီး မဟာသီလဝကို အစောင့်အနေအထားပြီး ပြန်လာသည်။
စာကြောင်း ၆၂ -
ထိုအခါ မြန်မာတို့ဘက်မှ စစ်ကူရန် ဗိုလ်မှူးဝန်ကြီး မဟာဗန္ဓုလကို [[ရခိုင်ပြည်နယ်|ရခိုင်ပြည်]]သို့တစ်ကြောင်း၊ ဗိုလ်မှူးဝန်ကြီး သတိုးသုဓမ္မ မဟာသက်တော်ရှည်ကို အာသံမဏိပူရသို့တစ်ကြောင်း ချီတက်စေသည်။ မြန်မာသက္ကရာဇ် ၁၁၈၅ ခု တစ်ပေါင်းလ၊ ခရစ်နှစ် ၁၈၂၄ ခု၊ မတ်လ ၅ ရက်နေ့တွင် အိန္ဒိယ ဘုရင်ခံချုပ် လော့အမ်းမှတ်က အင်္ဂလိပ်နှင့် မြန်မာတို့စစ်ဖြစ်ကြောင်း ကြေညာလေသည်။
 
မဟာဗန္ဓုလ၏ တပ်များသည် ပန်းဝါတိုက်ပွဲ ( ရာမူးတိုက်ပွဲ ) တွင် အရေးသာသည်။ထိုနောက်အရေးသာသည်။ ထိုနောက် ရှေ့သို့ဆက်လက်ချီတက်ခြင်း မပြုသေးဘဲတပ်နားနေစဉ်၊ [[ရန်ကုန်မြို့]]ကို အင်္ဂလိပ် တပ်များက သိမ်းပိုက်လိုက်သောကြောင့်၊ ဟံသာဝတီ ရန်ကုန်မြို့ကို ပြန်လည်လုပ်ကြံရန် မဟာဗန္ဓုလအား ခေါ်တော်မူသဖြင့်၊ ရန်ကုန်သို့ချီခဲ့ရသည်။ အင်္ဂလိပ်တပ်များသည် ရခိုင်ရိုးမကိုကျော်၍ မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်ရန် အကြံကို လက်လျှော့ပြီးသော် နိုင်ငံတွင်း ရေကြောင်းကိုမှီကာ ဧရာဝတီမြစ်တလျှောက် တိုက်ခိုက်ရန် အကြံပြုသည်။ ထို့ကြောင့် ရန်ကုန်သို့ရေတပ်ကြီး ချီလာပြီးလျှင် ပင်လယ်မှ အမြောက်စိန်ပြောင်းလွှတ်ကာ မြို့ကို စီးထားခြင်း ဖြစ်လေသည်။
 
[[ပထမ အင်္ဂလိပ် - မြန်မာစစ်|အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကြီး]] စတင်ခဲ့လေရာ၊ အင်္ဂလိပ်တို့က လက်နက်အင်အား သာလွန်ခြင်း၊ အင်္ဂလိပ် တပ်သားများသည် အလေ့အကျင့်ရှိပြီးလျှင် တိုက်ရည်ခိုက်ရည်သာခြင်း စသည်တို့ကြောင့် မြန်မာတပ်များ အရေးမလှခဲ့သည်သာများပြီးသော် စစ်သည်ရဲမက် အထိအရှအကျအဆုံး များပြားလှသည်။ ရန်ကုန်တွင် အရေးမလှသဖြင့် [[ဓနုဖြူမြို့|ဓနုဖြူ]]သို့ဆုတ်ခွာပြီးလျှင် တပ်ခံသော မဟာဗန္ဓုလသည်လည်း ၁၁၈၆ ခုနှစ်တွင် ဓနုဖြူခံတပ်၌ ဗုံးသင့်၍ ကျဆုံးလေသည်။