ကျန်စစ်သား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်, -လိုပါသည် +လိုသည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လက်ဝဲဖက် +လက်ဝဲဘက်, -မြောက်ဖက် +မြောက်ဘက်, -။သ +။ သ)
စာကြောင်း ၈၈ -
ထီးလှိုင်ရွာ)အရပ်ကို အုပ်ချုပ်ခဲ့ဘူးသောကြောင့် ဖြစ်သည်ဟု ယူဆကြသည်။
 
ရာဇဝင်များ၌လည်းကောင်း၊ လှည်းထောက် ကျောက်စာ၌လည်းကောင်း ကျန်စစ်သားမင်းသည် အနော်ရထာမင်း၏ သားတော်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျန်စစ်သားမင်းသည် ချင်းတွင်းမြစ်ဝအနီး၊ လက်ဝဲဖက်မြစ်ကမ်းရှိလက်ဝဲဘက်မြစ်ကမ်းရှိ ပရိမ္မအရပ်၌ ဖွားမြင်တော်မူသည်။ ဖွားမြင်သောနှစ်ကို သက္ကရာဇ် ၄ဝ၂ ခုနှစ် လောက်ဟူ၍ ယူဆနိုင်သည်။ ၄၄၆ ခုနှစ် (ခရစ် ၁ဝ၈၄ ခုနှစ်)တွင် ပုဂံ၌ မင်းအဖြစ်ကိုရ၍ ၂၈ နှစ် အုပ်စိုးပြီးနောက် ၄၇၄ ခုနှစ်(ခရစ် ၁၁၁၂ ခုနှစ်လောက်) သက်တော် ၇ဝ ကျော်တွင် လွန်တော်မူသည်။
 
ကျန်စစ်သားမင်းသည် နိုင်ငံတော်၏ အစီးအပွားကို လိုလား၍ ဉာဏ်အမြော်အမြင်ကြီးသောမင်း ဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး တရားမျှတစွာ အုပ်ချုပ်သော မင်းလည်း ဖြစ်သည်။ တိုင်းတစ်ပါးတို့နှင့် အချစ်အကြည် ဆက်ဆံ၍ ငြိမ်းချမ်းရေးကို ရယူနိုင်သောမင်းလည်း ဖြစ်သည်။ ထိုမင်းသည် ထိုသို့သော ဉာဏ်အမြော်အမြင်ဖြင့်လည်းကောင်း၊ ထိုသို့သော စေတနာဖြင့်လည်းကောင်း [[အနော်ရထာ]]မင်းတည်ခဲ့သော မြန်မာနိုင်ငံတော်ကို အနှစ် ၂ဝဝ မျှ ဆက်လက်တည်တံ့ ခိုင်မြဲ
စာကြောင်း ၁၁၁ -
ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားတို့၏ နေထိုင်စားသောက် အသက်မွေးမြူမှုတို့ကို ပြန်လည် ကောင်းမွန်လာအောင် အရေးယူဆောင်ရွက်ရင်းပင် ဉာဏ်ပညာ စာရိတ္တ မြှင့်တင်ရေးကိုလည်း ဂရုပြုတော်မူသည်။ ကျန်စစ်သားမင်းသည် ရှင်အရဟံ၏ ဩဝါဒကို ခံယူကာ ခမည်းတော် အနော်ရထာမင်း ဆောင်ရွက်ခဲ့သော သာသနာရေးကိစ္စများကို ဆက်လက် ဆောင်ရွက်တော်မူရာ တိုင်းသူပြည်သားတို့သည် နောင်တမလွန် အတွက်သာမက မျက်မှောက်တွင် ဉာဏ်ပညာစာရိတ္တတိုးတက်မှု အတွက်လည်း အခွင့်အရေးများစွာ ရရှိလာကြသည်။ ငရမန်ကန်းကြောင့် ပြည်တွင်းသောင်းကျန်းသူများ ဖြစ်ပွားနေစဉ်တွင် ပိဋကတ်တော်စာပေအချို့သည် ပျောက်သည်လည်း ရှိတန်ရာ၏။ ပျက်သည်လည်း ရှိတန်ရာ၏။ အချွတ်အလွဲ ဖြစ်သည်လည်း ရှိတန်ရာ၏။ ကျန်စစ်သားမင်းသည် ထို ပိဋကတ်တော်စာပေတို့ကို ပြန်လည်စုဆောင်း၍ တည်းဖြတ် သုတ်သင်တော်မူခဲ့သည်။ အနော်ရထာမင်းတည်ခဲ့သော ရွှေစည်းခုံစေတီတော်ကို ဆက်လက်၍ တည်တော်မူခဲ့သည်။ ထို့ပြင် စေတီကူကျောင်း အများအပြားကိုလည်း တည်တော်မူခဲ့ရာ ပုဂံတွင် အာနန္ဒာကူဘုရားသည် ထင်ရှားသည်။ ထို့ပြင် တူးရွင်းတောင်ခြေ၌လည်းကောင်း၊ အလန်ပုဂံ (တူးရွင်းတောင်ခြေနှင့် မန်းနန်သူရွာအကြား)၌လည်းကောင်း သတ္တဝါခပ်သိမ်းတို့၏ အကျိုးငှာ ရေကန်တစ်ကန်စီ တူးခဲ့သည်။ တူးရွင်းတောင်ခြေရှိ ကန်ကို မြကန်ဟူ၍ ခေါ်ကြသည်။ ထိုကန် အနီး၌ပင် ပိဋကတ်တိုက် တစ်တိုက်ကိုလည်း ဆောက်လုပ်လှူဒါန်းသည်။
 
ထို့ပြင် သက္ကရာဇ် ၄၆ဝ ပြည့်နှစ် (ခရစ် ၁ဝ၉၈ ခုနှစ်)တွင် ကျန်စစ်သားမင်းသည် သထုံမြို့သို့သွား၍ သထုံမြို့ မြောက်ဖက်မြောက်ဘက် မိုင် ၃ဝ ခရီး၌ရှိသော ကျိုက်တလင်စေတီ
(မြသိန်းတန်ဘုရား)ကိုလည်းကောင်း၊ တောင်စွန်းအနီးရှိ မဟာဓာတ်ဘုရား (ကျိုက်တဲဘုရား)ကိုလည်းကောင်း ပြင်တော်မူသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသို့ မင်းချင်းတို့ကို စေ၍ မြတ်စွာဘုရား ပွင့်တော်မူရာဖြစ်သော ဗုဒ္ဓဂါယာ၌ မဟာဗောဓိဘုရား (ဝဇီရာသန)ကို ပြင်စေသည်။ ထိုမျှသာ မက၊ ထိုအရပ်၌ မြေဝယ်စေသည်။ ထို့နောက် ကန်တူးပြီးလျှင် လယ်မြေ တည်စေ၍ ဘုရားသို့ လှူတော်မူသည်။ ဆီမီးဝတ် မပျက်အောင်လည်းကောင်း၊ အဆို အတီး အက ဝတ်မပျက်အောင်လည်းကောင်း ဆောင်ရွက်စေတော်မူသည်။ ထို့ပြင် အိန္ဒိယတောင်ပိုင်းဒေသမှ စောဠိမင်းသားတစ်ပါးသည် ခြွေရံသင်းပင်းနှင့်တကွ ပုဂံသို့ ရောက်လာသည်ဟု ကြားတော်မူရာ ရတနာသုံးပါး၏ ဂုဏ်တော်ကို ရွှေပေတွင် ဟင်္သာပြဒါးဖြင့်ရေး၍ မင်းသားထံသို့ ပို့တော်မူသည်။ မင်းသားနှင့် ခြွေရံသင်းပင်းတို့သည် မိမိတို့၏ အယူဝါဒကို စွန့်၍ ဗုဒ္ဓအယူဝါဒကို ယူကြသည်။
စာကြောင်း ၁၃၆ -
== ကိုးကား ==
<references/>
* မှတ်ချက်။ ။သက္ကရာဇ်များကို။ သက္ကရာဇ်များကို [[ဦးကုလား]]ရေးသော '''ရာဇဝင်ချုပ်'''စာအုပ်မှ အမှန်ယူ ရေးသားပါသည်။
* မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)
* ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။