ကြံ့: တည်းဖြတ်မှု မူကွဲများ

၁ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ လ
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အရှေ့ဖက် +အရှေ့ဘက်, -။အ +။ အ)
အရေးမကြီးNo edit summary
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အရှေ့ဖက် +အရှေ့ဘက်, -။အ +။ အ))
ကြံ့မျိုးတွင် ထင်ရှားသောအမျိုး ငါးမျိုးရှိရာ သုံးမျိုးကို အာရှတိုက်၌ တွေ့ရ၍ ကျန်နှစ်မျိုးကို အာဖရိကတိုက်၌ တွေ့ရသည်။ အာဖရိကတိုက်တွင် တွေ့ရသောကြံ့မျိုးမှာ ကြံ့ရှော်မျိုးဖြစ်၍၊ ယင်းကို [[ကြံ့မဲ]]နှင့် [[ကြံ့ဖြူ]]ဟူ၍ နှစ်မျိုးခွဲထား၏။ ကြံ့မဲနှင့် ကြံ့ဖြူဆိုသော်လည်း အရောင်မှာ မတိမ်းမယိမ်းပင်ဖြစ်၏။ ကြံ့မဲမှာ မွဲပြာရောင်ဖြစ်၍ ကြံ့ဖြူမှာ မီးခိုးရောင်ညစ်ညစ် ဖြစ်သည်။ ကြံ့မဲကို အာဖရိကတိုက်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် အနှံ့အပြားတွေ့ရသည်။ အမြင့် ၅ ပေခွဲ ခန့်ရှိ၍ အလျား ၁ဝ ပေခန့် ရှိသည်။ အကောင်ကြီးတို့သည် တစ်တန်မှ နှစ်တန် အထိ အလေးချိန်စီးကြ၏။ အမြီးမှာ တိုတုတ်တုတ် ဖြစ်သည်။
 
ဦးချို ၂ ချောင်းအနက်၊ အရှေ့ဖက်၌အရှေ့ဘက်၌ ရှိသောဦးချိုမှာ ပို၍ရှည်လျက် ၁ ပေခွဲ မှ သုံးပေကျော်ကျော်ခန့်အထိ ရှည်တတ်သည်။ ကြံ့မဲသည် အလွန်လျင်မြန်၍ သျွှိလည်းရှိသည်။ စိတ်ထွက်သည့်အခါ တစ်နာရီလျှင် မိုင်အစိတ် မိုင်သုံးဆယ် အမြန်နှုန်းနှင့် တရှူးထိုးလိုက်တတ်သဖြင့် မုဆိုးတို့သည် ထိုကြံ့မဲမျိုးကို အလွန်ကြောက်ကြ၏။ ကြံ့မဲမျိုးတွင် အမသည် သုံးနှစ်တစ်ကြိမ်ခန့် သားတစ်ကောင်ကျလေ့ရှိသည်။
 
ကြံ့ဖြူကို တွေ့ရသော ဒေသတို့မှာ အာဖရိကတိုက်ရှိ [[ယူဂန်းဒါး]]နယ်နှင့် [[ဇူးလူးလန်]]တို့ ဖြစ်၏။ ကြံ့ဖြူကို နှာဖျားကားကား၊ ပါးစပ်ကျယ်ကျယ် ရှိခြင်းကြောင့် [[ပါးစပ်ပြဲကြံ့]]မျိုးဟူ၍လည်း ခေါ်ကြ၏။ အလျား ၁၄ ပေ၊ အမြင့် ၆ ပေခွဲခန့်ရှိပြီး အလေးချိန် သုံးတန်နီးနီးမျှ ရှိတတ်ကြသဖြင့် ကြံ့ရှော်တွင် အကြီးဆုံးသောကြံ့မျိုး ဖြစ်သည်။အထက်နှုတ်ခမ်းဖျားမှာဖြစ်သည်။ အထက်နှုတ်ခမ်းဖျားမှာ တစ်ဖြောင့်တည်းဖြစ်နေ၍၊ သစ်ရွက်သစ်ကိုင်းများကို မစားနိုင် မြက်ကိုသာ အများအားဖြင့် စားသည်။ ဦးချိုနှစ်ချောင်းအနက် အရှေ့ဖက်ရှိအရှေ့ဘက်ရှိ ဦးချိုမှာ လက်မ ၃ဝ မှ လက်မ ၆ဝ အထိပင် ရှည်တတ်၍ နောက်ဖက်ဦးချိုမှာမူ အတန်ငယ်တိုသည်။ ကြံ့ဖြူသည် ကြံ့မဲလောက် သျွှိမရှိချေ။
 
အာရှတိုက်တွင် တွေ့ရသော ကြံ့သုံးမျိုးမှာ [[အိန္ဒိယကြံ့]]၊ [[ဂျားဗားကြံ့]]နှင့် [[ဆူမတြားကြံ့]]များ ဖြစ်၏။ အိန္ဒိယကြံ့မျိုးမှာ အတန်ငယ်ရှားပါးလျက်ရှိရာ [[အာသံ]]ပြည်၌သာ တွေ့နိုင်တော့သည်။ အာဖရိကတိုက်ရှိ ကြံ့မဲမျိုးနှင့်အရွယ်၊ စားသောက်ပုံ၊ စိတ်ခက်ထန်ပုံတို့ တူသည်။ သို့ရာတွင် အရေအပြားမှာ ကြံ့မဲထက်ပို၍ အတွန့်များပြီးလျှင် ဦးချိုမှာလည်း တစ်ချောင်းတည်းရှိ၍ အရှည်တစ်ပေခန့် ရှိသည်။