ဖိုးပါကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကနဲ +ခနဲ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ယောကျ်ား +ယောက်ျား)
စာကြောင်း ၂၀ -
ထို့နောက် ဒုတိယဇာတ်ကားအဖြစ် ရန်ကုန် ရုပ်ရှင်မှ ဒါရိုက်တာ ဦးစိုးမောင်က ဖိုးပါကြီး၊ ကြူကြူတို့နှင့် (လူ့လောက) အသံတိတ်ကား ကို ရိုက်ကူးပြီး ၂၈-၁-၄၈ တွင် သွင်ရုံမှာ ပြခဲ့သည်။ သူ၏ တတိယ မြောက် ဇာတ်ကားမှာ အမျိုးသား ရုပ်ရှင် လုပ်ငန်းကြီးတွင် ပထမဆုံး ခြေလှမ်းအဖြစ် စက္ခုအာရုံ အမြင်သစ်ဖြင့် ရှုစားနိုင်ရန် အတွက် ရန်ကုန် ရုပ်ရှင်မှ ဒါရိုက်တာ ရွှေဘော်က ဖိုးပါကြီး၊ ကြူကြူ၊ ဖိုးပါလေး၊ တင်မောင်ကြီး၊ ဦးမောင်လေးတို့နှင့် (ချစ်သွေးညီ) အသံတိတ် ၁၆ မမ ဆေးရောင်စုံဖြင့် ရိုက်ကူးကာ ၁၉-၆-၄၈ တွင် ဘုရင့်ရုံ၌ တင်ဆက်ရာ အသံတိတ် ကား၏ စူပါဝင်ငွေ ၃၅၀၀ဝ ကျပ်ရခဲ့၏။ ထို့နောက် ဖိုးပါကြီး၊ ဖိုးပါလေး၊ ကြူကြူတို့နှင့် ဒါရိုက်တာ ရွှေဘော်ကပင် (ရွှေမျက်မှန်) အသံတိတ်ကို ရိုက်ကူးပြီး ၄-၆-၄၉ တွင် ဘုရင့်ရုံမှာ တင်ဆက် သွားသည်။
 
ရန်ကုန် ရုပ်ရှင်သည် နောက်ထပ် ဆေးရောင်စုံ ၁၆ မမ အသံတိတ် နှစ်ကား ထပ်မံ ရိုက်ကူးသွားရာ ယင်းတို့မှာ ဒါရိုက်တာ ရွှေဘော်က ဖိုးပါကြီး၊ ဖိုးပါလေး၊ မေချစ်တို့နှင့် (ရှက်လွန်းလို့) ကို ဖန်တီးကာ ၁၂-၈-၄၉ တွင် သွင်ရုံမှာ ပြရာ ဝင်ငွေ ၁၅၀၀ဝ ကျပ်ရခဲ့သည်။ ဒါရိုက် တာ တင်မြင့်အမည်ခံ ဖိုးပါလေးက ဖိုးပါကြီး၊ ကြူကြူ၊ ဖိုးပါလေးတို့နှင့် (ပျို့ချစ်လင်) ကို ရိုက်ကူး၍ ၂၀-၁-၅ဝတွင် ဘုရင့်ရုံမှာ တင်ဆက်ရာ ဝင်ငွေ ၅၅၀ဝ ကျပ်ရခဲ့သည်။ ထို့နောက် ဆက်တိုက်ပင် (ဩော် ဖူးစာ)၊ (ခင်နဲ့မောင်)၊ (လူလိုလူ)၊ (ဂလဲ့စား)၊ (တယူသန်) စသည့် အသံတိတ် ဇာတ်ကားတို့တွင် ပါဝင်ခဲ့ရသည်။ ထိုသို့ ရုပ်ရှင်လောကတွင်လည်း လူရွှင်တော် မင်းသား၊ လူရွှင်တော် ဇာတ်ပို့ အဖြစ် နာမည် ရလာ၍ ရုပ်ရှင် ဇာတ်ကားများကို လက်မလည်အောင် လက်ခံ ရိုက်ကူး လာရသည် သာမက သူကိုယ်တိုင် ၁၉၅၃ ခုနှစ်တွင် ဖိုးပါကြီး ရုပ်ရှင်ကို တည်ထောင်ကာ ကိုယ်တိုင် သရုပ်ဆောင် ဒါရိုက်တာအဖြစ် ဖိုးပါလေး၊ မြင့်မြင့်ခင်၊ တင်နုမေတို့နှင့် တွဲဖက်ကာ (ငါဟဲ့ ယောကျ်ားယောက်ျား) အသံတိတ် ကားကို ပွဲဦးထွက် ရိုက်ကူးကာ၊ ၂၉-၅-၅၃ တွင် ဘုရင့်ရုံမှာ တင်ဆက်ရာ ဝင်ငွေ ၁၇၆၀ဝ ကျပ်ရခဲ့၏။ ထို့နောက် (ပျော်သလိုသာနေ)၊ (ပြုံး ပြုံးကလေး) စသည့် အသံတိတ် ဇာတ်ကား များကို သရုပ်ဆောင် ဒါရိုက်တာအဖြစ် ကိုယ်ပိုင် ရိုက်ကူး ထုတ်လုပ်ခဲ့သည်။ သူသည် ပဲရော့ ဖလင်တွင် (သွေးဆိုး)၊ (နှစ်ပွင့်မာလာ)၊ (မှတ်မိပါ သေးသည်) စသည့် ဇာတ်ကားတို့တွင် ပါဝင်ခဲ့ပြီး (ဂေါ်သာဂေါ်) ဇာတ်ကားကို သရုပ်ဆောင် ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။ ယင်းဇာတ်ကား အားလုံးမှာ အသံတိတ်ကားများသာ ဖြစ်၏။
 
သူ၏ ပွဲဦးထွက် အသံထွက် ဇာတ်ကား မှာပဲ ရော့ဖလင်မှပင် ဒါရိုက်တာ ဦးမောင်ကြီးက [[ဇေယျ၊ ရုပ်ရှင်သရုပ်ဆောင်|ဇေယျ]]၊ တင်ညွန့်၊ မေချစ်၊ ခင်မေသန့်တို့နှင့် တွဲဖက်စေပြီး (အသွင်မတူ) ကို ရိုက်ကူးကာ ၂၅-၉-၅၃ တွင် အိတ်ဆယ်စီရာ ရုံ၌ တင်ဆက် သွားသည်။ သူ၏ ဒုတိယမြောက် အသံထွက် ဇာတ်ကားဖြစ်သော ဗြိတိသျှဘားမား ရုပ်ရှင် အတွက် ဒါရိုက်တာ စာရေးဆရာ ဦးသုခ၏ ဇေယျ၊ ဖိုးပါကြီး၊ မြင့်မြင့်ခင်၊ ဦးကျော်သောင်း၊ ချစ်တင်၊ ဒေါ်ဖွားနှစ်၊ တင်နုမေ၊ မနု၊ ဦးဘိုးထွားတို့နှင့် (ဩော် မိန်းမ) ဇာတ်ကားကို ရိုက်ကူးပြီး ၁-၁၀-၅၄တွင် သွင်ရုံ၌ တင်ဆက်သွားရာ စူပါ့ စူပါ ဝင်ငွေ ၃၃၁၈၆၆ ကျပ်ရခဲ့သည်။ ယင်းဇာတ်ကား၏ ဇာတ်လမ်းမှာ မာနထားခြင်းသည် မကောင်း၊ မာနထားခြင်း အတွက် မိမိမှာလည်း အကျိုး မရှိ၊ သူတပါးကလည်း မကြည်ညို မလိုလား အမုန်းပွားခြင်းကိုသာ ခံရမည်။