ထရိုပိုစဖီးယား အလွှာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှက် ရှိ +လျက် ရှိ)
 
စာကြောင်း ၄ -
ထရိုပိုစဖီးယား အလွှာ၏ ပျမ်းမျှ အမြင့်မှာ လတ္တီကျု အလယ်ပိုင်းရှိသော ဒေသတို့တွင် ၁၁ မိုင် (၁၇ ကီလိုမီတာ) ခန့် ဖြစ်သည်။ ၎င်းသည် မုတ်သုံရပ်ဝန်းတွင် ပို၍မြင့်ပြီး ၁၂မိုင် (၂၀ ကီလိုမီတာ) ခန့်မျှ ရှိကာ ဝင်ရိုးစွန်း ဒေသတွင် နိမ့်ပါးသည်။ ဝင်ရိုးစွန်ဒေသတွင် နွေရာသီတွင် ၄.၃မိုင် (၇ ကီလိုမီတာ) မျှ ရှိပြီး ဆောင်းရာသီတွင် မထင်ရှားပေ။ ထရိုပိုစဖီးယား အလွှာ၏ အနိမ့်ပိုင်း ကမ္ဘာ့ မြေမျက်နှာပြင်နှင့် ထိစပ်နေသော အပိုင်းသည် လေထု၏ ရွေ့လျားမှုနှင့် တိုက်ရိုက်ပတ်သက်နေပြီး ကမ္ဘာဂြိုဟ်၏ နယ်ခြား အလွှာဟု ခေါ်သည်။ ထိုနယ်ခြား အလွှာသည် မီတာ ရာဂဏန်းမှ ၁.၂ မိုင် (၂ ကီလိုမီတာခန့်) အထိ မြင့်ပြီး မြေကြီး ပုံသဏ္ဌာန်နှင့် နေ့တစ်နေ့ ၏ အချိန်ကာလ အပေါ်တွင် မူတည်၍ ပြောင်းလဲတတ်သည်။ ထရိုပိုစဖီးယား အလွှာနှင့် [[စထရာတိုစဖီးယား အလွှာ]]တို့ ကြားရှိ ထရိုပိုပေါ့စ်ဟု ခေါ်သော နေရာသည် အပူချိန် ပြောင်းပြန် ပြောင်းလဲရာ နေရာဖြစ်သည်။
 
ထရိုပိုစဖီးယား ဆိုသော စကားလုံးသည် ဂရိစကား ထရိုပို (tropos) မှ ဆင်းသက်လာပြီး လှည့်ပတ်ခြင်း သို့ ရောနှောခြင်းဟု အဓိပ္ပာယ်ရပြီး လေစီးကြောင်းများ ရောနှောခြင်းသည် ထရိုပိုစဖီးယား အလွှာ၏ ပုံသဏ္ဌာန် နှင့် အနေအထားပေါ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်ကို ဆိုလိုခြင်း ဖြစ်သည်။ နေ့စဉ် မိုးလေဝသနှင့် ဆက်စပ်နေသော အကြောင်းချင်းရာတို့သည် ထရိုပိုစဖီးယား အလွှာတွင် ဖြစ်ပေါ်လျှက်ဖြစ်ပေါ်လျက် ရှိသည်။
 
[[Category:ကမ္ဘာ့လေထု]]