ထိုင်းနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အမြောက်အများ +အမြောက်အမြား)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှက် ရှိ +လျက် ရှိ)
စာကြောင်း ၅၈ -
'''ထိုင်းနိုင်ငံ''' သည် အရှေ့တောင်အာရှ တွင်ပါဝင်ပြီး ရုံးသုံးအမည်အားဖြင့် ထိုင်းဘုရင့်နိုင်ငံ ({{Lang-en|Kingdom of Thailand }}) ဟုခေါ်ဝေါ်သည်။ ထိုင်းနိုင်ငံအား ယခင်က သယာမ် ({{Lang-en| Siam}} <small>ဆီယမ်</small>) ဟု ခေါ်ဆိုခဲ့ကြသည်။ အင်ဒိုချိုင်းနားကျွန်းဆွယ် အလယ်ပိုင်း အရှေ့တောင်အာရှ ကုန်းမကြီးတွင် တည်ရှိသည်။ မြောက်ဘက်တွင် [[မြန်မာနိုင်ငံ]]နှင့် [[လာအိုနိုင်ငံ]] ၊ အရှေ့ဘက်တွင် [[လာအိုနိုင်ငံ]] နှင့် [[ကမ္ဘောဒီးယားနိုင်ငံ]]၊ တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့ နှင့် [[မလေးရှားနိုင်ငံ]]၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ် နှင့် တောင်ဘက်စွန်းတွင် [[မြန်မာနိုင်ငံ]] တို့ တည်ရှိသည်။ ပင်လယ်ရေပိုင်နက် အနေနှင့် အရှေ့တောင်ဘက် ထိုင်းပင်လယ်ကွေ့တွင် [[ဗီယက်နမ်နိုင်ငံ]]နှင့် လည်းကောင်း၊ အနောက်တောင်ဘက် ကပ္ပလီပင်လယ်တွင် [[အင်ဒိုနီးရှားနိုင်ငံ]] နှင့် [[အိန္ဒိယနိုင်ငံ]] တို့နှင့် လည်းကောင်း ထိစပ်လျက် ရှိသည်။
 
ထိုင်းနိုင်ငံ၏ ဘုရင်မင်းဆက်အား မဟာ[[ဝဇိရာလင်္ကရဏ]]ဘုရင်မှ ဦးဆောင် အုပ်ချုပ်ပြီး ၂၀၁၆ ခုနှစ်မှစ၍ ရာမ ၁၀ သို့မဟုတ် ချက်ကရီမင်းဆက်၏ ဒသမမြောက် ဘုရင် အဖြစ် အုပ်ချုပ်လျှက်အုပ်ချုပ်လျက် ရှိသည်။ ၂၀၁၆ ဒီဇင်ဘာ ၁ရက်မှ စတင် အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။
 
ထိုင်းနိုင်ငံသည် ၁၉၈,၀၀၀ စတုရန်းမိုင် (၅၁၃,၀၀၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသဖြင့် ကမ္ဘာပေါ်တွင် ၅၁ ခုမြောက် အကြီးဆုံး နိုင်ငံ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ၂၀ ခုမြောက် လူဦးရေ အများဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၆၆ သန်း ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ [[ဘန်ကောက်မြို့]] ဖြစ်ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်း နှင့် ယဉ်ကျေးမှု အချက်အချာ ဌာန တစ်ခု ဖြစ်သည်။ လူဦးရေ၏ ၇၅-၉၅% အထိမှာ ထိုင်းလူမျိုးများ ဖြစ်ကြပြီး အဓိက ဒေသအလိုက် လူမျိုးအုပ်စုကြီး ၄ မျိုးရှိပြီး အလယ်ပိုင်းထိုင်း၊ အရှေ့မြောက်ထိုင်း (ခေါင်(လောင်)အီစန်)၊ မြောက်ပိုင်းထိုင်း (ခေါင်မောင်း) နှင့် တောင်ပိုင်းထိုင်းတို့ ဖြစ်ကြသည်။ တရုတ်သွေး သိသာစွာ ပါရှိသော တရုတ်ထိုင်းလူမျိုးမှာ လူဦးရေ၏ ၁၄% ရှိပြီး တရုတ်သွေး အနည်းငယ် ပါဝင်သော ထိုင်းလူမျိုးမှာ လူဦးရေ၏ ၄၀% အထိ ရှိသည်။<ref name="Theraphan">{{Cite journal |author=Theraphan Luangthongkum |authorlink1=Theraphan Luangthongkum|title=The Position of Non-Thai Languages in Thailand |work=Language, Nation and Development in Southeast Asia |publisher=ISEAS Publishing |year=2007 |page=191}}</ref> ထိုင်းမလေး လူမျိုးမှာ လူဦးရေ၏ ၃% ရှိပြီး ကျန်ရှိသောသူများမှာ မွန်၊ ခမာ နှင့် အမျိုးမျိုးသော တောင်ကုန်းနေလူမျိုးစုများ ဖြစ်ကြသည်။ နိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ ထိုင်းဘာသာစကား ဖြစ်ပြီး အဓိက ကိုးကွယ်သည့် ဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်၍ လူဦးရေ၏ ၉၅% ခန့်မျှ ကိုးကွယ်ကြသည်။
စာကြောင်း ၂၄၀ -
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကရား ကုန်းမြေကျဉ်းရှိပြီး ၎င်းမှာ မလေးကျွန်းဆွယ် အဖြစ်ပြန်လည် ကျယ်ပြန့်သွားသည်။ နိုင်ငံရေး အရ လူဦးရေ၊ အခြေခံ အရင်းအမြစ်၊ သဘာဝ သွင်ပြင်နှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးမှု တို့ အပေါ်တွင် မူတည်၍ ပထဝီဝင်ဒေသ ၆ ခု ရှိသည်။ အမျိုးမျိုး အဖုံဖုံ ကွဲပြားခြင်းမှာ ထိုင်းနိုင်ငံ၏ ရူပသွင်ပြင်၏ ထင်ရှားသော အချက်တစ်ခု ဖြစ်သည်။.
 
ကျောက်ဖယားမြစ်နှင့် မဲခေါင်မြစ်တို့သည် ထိုင်းကျေးလက်ဒေသအတွက် အဖိုးမဖြစ်နိုင်သော ရေကြောင်းလမ်း ဖြစ်သည်။ သီးနှံများအား စီးပွားဖြစ်ထုတ်လုပ်ခြင်းတွင် ထိုမြစ်နှစ်ခု နှင့် ၎င်းတို့၏ မြစ်လက်တက်များကို အသုံးပြုကြသည်။ ထိုင်းပင်လယ်ကွေ့မှာ ၁၂၄,၀၀၀ စတုရန်းမိုင် (၃၂၀,၀၀၀ စတုရန်းကီလိုမီတာ) မျှ ကျယ်ဝန်းပြီး ကျောက်ဖယားမြစ်၊ မဲကလောင်မြစ်၊ ဘန်ပကောင်းမြစ် နှင့် တာပီမြစ်တို့ စီးဝင်လျှက်စီးဝင်လျက် ရှိသည်။ တောင်ပိုင်းဒေသ နှင့် ကရားကုန်းမြေကျဉ်း ဒေသတို့တွင် ကမ်းရိုးတန်းတလျှောက် ကြည်၍ တိမ်သော ရေ ရှိသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် အထောက်အကူ ပြုသည်။ ထိုင်းပင်လယ်ကွေ့၏ အရှေ့ဘက် ကမ်းမှာ ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှု ဗဟိုဌာနဖြစ်ပြီး ဆတာဟစ်တွင် နိုင်ငံ၏ အဆင့်မြင့် ရေနက်ဆိပ်ကမ်း ရှိကာ လမ်ချဘန်တွင် အလုပ်အများဆုံး ကုန်သွယ်ရေး ဆိပ်ကမ်း ရှိသည်။
 
ကပ္ပလီပင်လယ်သည် အဖိုးတန်သော သဘာဝ အရင်းအမြစ် ဖြစ်ပြီး အာရှရှိ ရေပန်းစားပြီး ဇိမ်ခံနိုင်သောသော အပန်းဖြေစခန်းများ ရှိရာ ဖြစ်သည်။ ဖူးကက်၊ ခရာဘိ၊ ရနောင်း၊ ဖန်င၊ ထရန် နှင့် ၎င်းတို့၏ ကျွန်းများသည် ကပ္ပလီပင်လယ်၏ ကမ်းရိုးတန်းတလျှောက်တွင် ရှိပြီး [[၂၀၀၄ အိန္ဒိယသမုဒ္ဒရာ ငလျင်|၂၀၀၄ ခုနှစ် ဆူနာမီ]] ဘေး သင့်ခဲ့သော်လည်း ကမ္ဘာတဝှမ်းလုံးရှိ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သော နေရာများ ဖြစ်သည်။
စာကြောင်း ၂၆၈ -
ထိန်းသိမ်းစောင့်ရှောက်ထားသော သတ္တဝါမျိုးစိတ်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းသည် အဓိက ပြဿနာ တစ်ခု အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ မုဆိုးများက [[ကျား]]များ၊ [[ကျားသစ်]]များ နှင့် အခြား ကြောင်မျိုးရင်းဝင် တိရစ္ဆာန်ကြီးများအား ၎င်းတို့၏ အဖိုးတန်သော သားရေ အတွက် အမဲလိုက်ခြင်းကြောင့် ကောင်ရေ လျော့နည်းလာနေသည်။ သတ္တဝါအများအပြား (ကျားများ၊ [[ဝက်ဝံ]]များ၊ [[မိကျောင်း]]များ နှင့် [[တောကြီးမြွေဟောက်]] များ) တို့အား စားကောင်းသောက်ဖွယ်ဟု ယူဆသော ၎င်းတို့၏ အသား နှင့် ကျန်းမာရေးနှင့် ပတ်သက်သော အစွမ်းသတ္တိရှိသည် ဟူသော ယူဆချက်များကြောင့် ဖမ်းဆီးခြင်း မွေးမြူခြင်းများ ပြုလုပ်ကြသည်။ ထိုသို့ ရောင်းချခြင်းမှာ တရားမဝင်သော်လည်း ဘန်ကောက်၏ ကျော်ကြားသော ညဈေးတစ်ခု ဖြစ်သည့် ချတ်တူချတ် သည် မျိုးသုဉ်းရန် စိုးရိမ်ရသော သတ္တဝါ မျိုးစိတ်များကို ရောင်းချခြင်း အတွက် လူသိများဆဲ ဖြစ်သည်။ <ref>{{cite web|url=http://www.monitor.net/monitor/9702a/endangeredfood.html |title=Endangered Animals on Restaurant Menus |author=Teena Amrit Gill |publisher=Albion Monitor/News |date=18 February 1997 |accessdate=7 June 2007 |deadurl=yes |archiveurl=https://web.archive.org/web/20070516023649/https://www.monitor.net/monitor/9702a/endangeredfood.html |archivedate=16 May 2007 |df= }}</ref>
 
တောကောင်များအား အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးမြူကြသည့် အလေ့အထကြောင့် အချို့သော မျိုးစိတ်များအား ခြိမ်းခြောက်လျှက်ခြိမ်းခြောက်လျက် ရှိသည်။ တိရစ္ဆာန် အကောင်ပေါက်ကလေးများအား ဖမ်းဆီးရောင်းချခြင်း အတွက် ၎င်းတို့၏ မိခင်အား သတ်ဖြတ်ရန် မကြာခဏဆိုသလိုပင် လိုအပ်လေ့ ရှိသည်။ ဖမ်းဆီးခြင်း ခံရပြီး ၎င်းတို့၏ သဘာဝ နေထိုင်ရာ ပတ်ဝန်းကျင်မှ ကွာဝေးသွားသည့် အခါတွင် အိမ်မွေးတိရစ္ဆာန် တောကောင်များသည် သေဆုံးခြင်း နှင့် ဆက်လက်မျိုးမပွားနိုင်ခြင်းတို့ ဖြစ်လေ့ ရှိကြသည်။ ထိုဒဏ်ကို ခံရသော သတ္တဝါများမှာ [[ဟိမဝန္တာ ဝက်ဝံ]]၊ [[ပသျှူးဝက်ဝံ]]၊ လားမျောက်လွှဲကျော် နှင့် မျောက်လွှဲကျော်ကြား နှင့် ဘင်တူယောင်း တို့ ဖြစ်ကြသည်။ <ref name="tscwa">{{cite web|url=http://www.tscwa.org/forests/index.html|title=Thai Forests: Dept. National Parks, Wildlife & Plants|publisher=Thai Society for the Conservation of Wild Animals|accessdate=25 October 2017|archivedate=26 November 2014|archiveurl=https://web.archive.org/web/20141126041139/http://tscwa.org/forests/index.html}}</ref>
 
==ပညာရေး==
စာကြောင်း ၃၄၃ -
 
[[File:Thailand Export Treemap.png|thumb|250px|ထိုင်းနိုင်ငံ၏ ပို့ကုန်များကို အပိုင်းအလိုက် ပြပုံ]]
ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ပို့ကုန်အပေါ်တွင် များစွာ မူတည်နေပြီး ပို့ကုန်များသည် စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၃ပုံ၂ပုံမျှ ရှိသည်။ ထိုင်းနိုင်ငံသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံမျှ တန်ဖိုးရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို တင်ပို့ရောင်းချလျှက်တင်ပို့ရောင်းချလျက် ရှိသည်။ အဓိကပို့ကုန်များတွင် ဆန်၊ အဝတ်အထည်နှင့် ဖိနပ်၊ ရေထွက်ပစ္စည်းများ၊ ရာဘာ၊ ကျောက်မျက်ရတနား၊ မော်တော်ကား၊ ကွန်ပျူတာ နှင့် လျှပ်စစ် လူသုံးကုန်ပစ္စည်းများ ပါဝင်သည်။<ref name=CIA />
 
အဓိက လုပ်ငန်းများတွင် လျှပ်စစ် လူသုံးကုန်ပစ္စည်းများ၊ ပစ္စည်းအစိတ်အပိုင်းများ၊ ကွန်ပျူတာ ပစ္စည်းအစိတ်အပိုင်းများနှင့် ယာဉ်များ ပါဝင်သည်။ ၁၉၉၇-၁၉၉၈ အာရှ ငွေကြေးဂယက်မှ ပြန်လည် အဖတ်ဆည်ရာတွင် အခြားသော အချက်များနှင့် အတူ ပို့ကုန်သည် အဓိကနေရာမှ ပါဝင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ မော်တော်ကား ထုတ်လုပ်မှုလုပ်ငန်းသည် အရှေ့တောင်အာရှတွင် အကြီးဆုံး ဖြစ်ပြီး ကမ္ဘာပေါ်တွင် နဝမမြောက် အကြီးဆုံး ဖြစ်သည်။ <ref name=BkP>{{cite journal | journal = Bangkok Post | title = 2-million milestone edges nearer | url =http://www.bangkokpost.com/business/economics/308171/2-million-milestone-edges-nearer | first = Santan | last = Santivimolnat | publisher = The Post Publishing | date = 18 August 2012 }}</ref><ref>{{cite news|url=http://thailand-business-news.com/business/43750-thailand-poised-to-surpass-car-production-target|title=Thailand poised to Surpass Car Production target|last=Languepin|first=Olivier|date=3 January 2013|work=Thailand Business News|accessdate=20 January 2013|archiveurl=https://web.archive.org/web/20130115152809/http://thailand-business-news.com/business/43750-thailand-poised-to-surpass-car-production-target|archivedate=15 January 2013}}</ref><ref name=OICA>{{cite web | title = Production Statistics | publisher = OICA (International Organization of Motor Vehicle Manufacturers) | url = http://oica.net/category/production-statistics/ | accessdate = 26 November 2012 | archiveurl = https://web.archive.org/web/20131106174001/http://www.oica.net/category/production-statistics/ | archivedate = 6 November 2013 }}</ref> ထိုင်းနိုင်ငံ၏ ကားလုပ်ငန်းမှ နှစ်စဉ် ကားစင်းရေ ၁.၅ သန်းခန့် ထုတ်လုပ်ပြီး အများစုမှာ လုပ်ငန်းသုံး ကားများ ဖြစ်သည်။ <ref name=OICA />
စာကြောင်း ၃၇၂ -
 
===စိုက်ပျိုးမွေးမြူရေး လုပ်ငန်း===
[[File:Rice farmers Mae Wang Chiang Mai Province.jpg|thumb|300px|ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်ခဲ့သည်။ ထိုင်းအလုပ်သမားထု၏ ၄၉% သည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် လုပ်ကိုင်လျှက်လုပ်ကိုင်လျက် ရှိကြသည်။<ref name=ODI1 />]]
 
ထိုင်းနိုင်ငံရှိ အလုပ်သမားထု၏ ၄၉% သည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် လုပ်ကိုင်လျှက်လုပ်ကိုင်လျက် ရှိကြသည်။ <ref name=ODI1 /> ၁၉၈၀ ခုနှစ်က ၇၀% မျှ လုပ်ကိုင်ကြသော်လည်း ယခု လျော့ကျသွားခြင်း ဖြစ်သည်။ ဆန်သည် ထိုင်းနိုင်ငံ၏ အရေးပါသော သီးနှံဖြစ်ပြီး ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်ခဲ့ကာ လတ်တလောတွင်မှ အိန္ဒိယနိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံတို့ နောက်သို့ ရောက်ခဲ့သည်။ <ref>International Grains Council. [http://www.igc.int/en/downloads/gmrsummary/gmrsumme.pdf "Grain Market Report (GMR444)"] {{Webarchive|url=https://web.archive.org/web/20140702110607/http://www.igc.int/en/downloads/gmrsummary/gmrsumme.pdf |date=2 July 2014 }}, London, 14 May 2014. Retrieved 13 June 2014.</ref> ထိုင်းနိုင်ငံသည် [[မဟာမဲခေါင်ဒေသခွဲ]] အတွင်း စိုက်ပျိုးနိုင်သော မြေ အများဆုံး ရှိသည့် နိုင်ငံဖြစ်ပြီး ၂၇.၂၅% ရှိသည်။ <ref>{{cite web |url=https://www.cia.gov/library/publications/the-world-factbook/fields/2097.html |title=CIA World Factbook – Greater Mekong Subregion |publisher=Cia.gov |accessdate=3 November 2011 |archivedate=26 March 2014 |archiveurl=https://web.archive.org/web/20140326095031/https://www.cia.gov/library/publications/the-world-factbook/fields/2097.html }}</ref> စိုက်ပျိုးနိုင်သော မြေများထဲမှ ၅၅ % ကို ဆန်စိုက်ပျိုးရန် အတွက် အသုံးချထားသည်။ <ref name=IRRI_Thailand>{{cite web|url=http://www.irri.org/science/cnyinfo/thailand.asp |archiveurl=https://web.archive.org/web/20080327095326/http://www.irri.org/science/cnyinfo/thailand.asp |archivedate=27 March 2008 |title=Rice Around The World. Thailand |publisher=Irri.org |accessdate=25 April 2010}}</ref>
 
စိုက်ပျိုးမွေးမြူရေး ကဏ္ဍသည် လုပ်အားကို အဓိက အသုံးချသော အလုပ် အဖြစ်မှ စက်မှုအားကို အသုံးချပြီး ပိုမို၍ ပြိုင်ဆိုင်မှု ပြင်းထန်သော ကဏ္ဍ အဖြစ် ပြောင်းလဲလျှက်ပြောင်းလဲလျက် ရှိသည်။ <ref name=ODI1>Henri Leturque and Steve Wiggins 2010. [http://www.odi.org.uk/resources/details.asp?id=5108&title=thailands-progress-agriculture-transition-sustained-productivity-growth Thailand's progress in agriculture: Transition and sustained productivity growth] {{Webarchive|url=https://web.archive.org/web/20110427222924/http://www.odi.org.uk/resources/details.asp?id=5108&title=thailands-progress-agriculture-transition-sustained-productivity-growth |date=27 April 2011 }}. London: Overseas Development Institute</ref>၁၉၆၂ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း စိုက်ပျိုးမွေးမြူရေး ကဏ္ဍသည် တစ်နှစ်လျှင် ၄.၁% တိုးတက်လျက် ရှိပြီး ၁၉၈၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်ကြားတွင် ၂.၂% မျှ ဆက်လက်တိုးတက်လျှက်ဆက်လက်တိုးတက်လျက် ရှိသည်။<ref name=ODI1 /> စိုက်ပျိုးမွေးမြူရေးမှ ဂျီဒီပီတွင် ပါဝင်မှုနှုန်း ကျဆင်းလျက် ရှိပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများကို တင်ပို့ရောင်းချခြင်းမှာ မြင့်တက်လျှက်မြင့်တက်လျက် ရှိသည်။
 
===စွမ်းအင်===
စာကြောင်း ၄၄၇ -
== ယဉ်ကျေးမှု ==
[[File:Phutthamonthon Buddha.JPG|thumb|right|ထိုင်းနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာကို အများအပြား ကိုးကွယ်ကြသည်။]]
ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုများအပေါ်တွင် [[အိန္ဒိယနိုင်ငံ]]၊ [[လာအိုနိုင်ငံ]]၊ [[မြန်မာနိုင်ငံ]]၊ [[ကမ္ဘောဒီးယား]]၊ [[တရုတ်နိုင်ငံ]] မှ ယဉ်ကျေးမှုများ၏ လွှမ်းမိုးခြင်းများ အနည်းနှင့် အများဆိုသလို ရှိသည်။ ထိုင်းတို့၏ ရိုးရာတွင် အိန္ဒိယ၊ တရုတ်၊ ကမ္ဘောဒီးယား နှင့် အခြား အရှေ့တောင်အာရှ ဒေသတို့မှ လွှမ်းမိုးမှုများ ပါဝင်လျှက်ပါဝင်လျက် ရှိသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံတော် ဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်ပြီး ခေတ်သစ် ထိုင်းအမျိုးသားရေး လက္ခဏာ၏ အဓိက အစိတ်အပိုင်း ဖြစ်သည်။ ထိုင်းဗုဒ္ဓဘာသာသည် အချိန်ကာလ ကြာမြင့်စွာ ဆင့်ကဲပြောင်းလဲလာခဲ့ပြီး ဟိန္ဒူဘာသာ နှင့် အန်နီမစ်ဆင် တို့မှ ဆင်းသက်လာသော ယုံကြည်မှုများ ပါဝင်နေသကဲ့သို့ ဘိုးဘေးဘီဘင် ရှိခိုးမှု လည်း ပါဝင်သည်။ ထိုင်းနိုင်ငံ၏ ပြက္ခဒိန်မှာ ဗုဒ္ဓပြက္ခဒိန်၏ အရှေ့တိုင်း ဗားရှင်းကို အခြေခံပြီး ဂျော်ဂျီယံ ပြက္ခဒိန်ထက် ၅၄၃ နှစ်မျှ စောသည်။ ၂၀၁၅ ခုနှစ်သည် ထိုင်းပြက္ခဒိန်တွင် ၂၅၅၈ ခုနှစ် ဖြစ်သည်။
 
အများအားဖြင့် အသိအမှတ်ပြုခြင်း မခံရသော လူမျိုးစုများစွာတို့သည် ထိုင်းနိုင်ငံတွင် နေထိုင်ကြသည်။ ထိုလူမျိုးစုထဲမှ အချို့မှာ မြန်မာ၊ လော၊ ကမ္ဘောဒီးယား နှင့် မလေးရှားတို့သို့ ပြောင်းရွှေ့နေထိုင်ကြပြီး ရိုးရာ ဒေသခံ ယဉ်ကျေးမှု၊ ထိုင်းအမျိုးသား ယဉ်ကျေးမှုနှင့် နိုင်ငံတကာ ယဉ်ကျေးမှု လွှမ်းမိုးခြင်းများကြားတွင် ညှိနှိုင်းနေထိုင်လျှက်ညှိနှိုင်းနေထိုင်လျက် ရှိကြသည်။ နိုင်ငံပြင်ပရောက် တရုတ်များမှာလည်း ထိုင်းလူ့အဖွဲ့အစည်း၏ အဓိက အစိတ်အပိုင်း ဖြစ်ပြီး အဓိကအားဖြင့် ဘန်ကောက်မြို့တွင်း နှင့် ပတ်ဝန်းကျင်တွင် ရှိကြသည်။ ၎င်းတို့ အနေနှင့် ထိုင်းလူ့အဖွဲ့အစည်းအတွင်းသို့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ခြင်းကြောင့် စီးပွားရေးနှင့် နိုင်ငံရေး တို့တွင် နေရာယူနိုင်ခဲ့ကြသည်။ ထိုင်းတရုတ်လူမျိုးတို့၏ စီးပွားရေး လုပ်ငန်းများသည် မိသားစုနှင့် ယဉ်ကျေးမှု အဆက်အနွယ်များ တူညီကြသော ဝါးကွန်ယက် ဟု ခေါ်သည့် အရှေ့တောင်အာရှတွင် လုပ်ကိုင်သော နိုင်ငံပြင်ပရောက် တရုတ်တို့၏ စီးပွားရေး ကွန်ယက်၏ အစိတ်အပိုင်းအဖြစ် ကြီးပွားတိုးတက်လာခဲ့သည်။<ref name="Weidenbaum">{{cite book|author=Murray L Weidenbaum|title=The Bamboo Network: How Expatriate Chinese Entrepreneurs are Creating a New Economic Superpower in Asia|url=https://books.google.com/books?id=pcRlgZttsMUC|date=1 January 1996|publisher=Martin Kessler Books, Free Press|isbn=978-0-684-82289-1|pages=4–8|access-date=18 November 2017|archive-date=1 January 2016|archive-url=https://web.archive.org/web/20160101101038/https://books.google.com/books?id=pcRlgZttsMUC|url-status=live}}</ref>
 
[[File:Khon Thammasat 20090306 01.jpg|thumb|right|ထိုင်းဖျော်ဖြေပွဲများတွင် ခွန် ဇာတ်မှာ စတိုင်အကျဆုံး ဖြစ်သည်။]]