ကြော့၊ ဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး cleanup
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။မ +။ မ, -တောင်ဖက် +တောင်ဘက်)
 
စာကြောင်း ၁ -
'''ဦးကြော့''' သည် ''စုံနံ့သာမြိုင်ရှာပုံတော်ကြီး'' သီချင်းကို ရေးသားခဲ့သူ ဖြစ်သည်။
 
ဦးကြော့မှာ တောင်တွင်းကြီးဦးကြော့၊ နတ်မောက်ဦးကြော့၊ စာတော်ဖတ်ဦးကြော့၊ စာရေးတော်ကြီး ဦးကြော့၊ ဝန်စာရေး ဦးကြော့၊ စုံနံ့သာမြိုင်ဦးကြော့ဟူ၍ နာမည်အမျိုးမျိုးဖြင့် ထင်ရှားလေသည်။ ထိုစာဆိုသည် [[တောင်တွင်းကြီး]]နယ်၊ [[နတ်မောက်မြို့]]တောင်ဖက်တောင်ဘက် ၂ မိုင်ခန့်အကွာ ကိုင်းရွာတွင် သက္ကရာဇ် ၁၂ဝ၁ ခုနှစ်တွင် ဖွားမြင်လေသည်။ ဖခင်မှာ အသည်မျိုးရိုးဖြစ်သော ဦးအင်းဖြစ်၍ မိခင်မှာ မယ်ထယ် ဖြစ်၏။ မွေးချင်းညီအစ်ကို မောင်နှမများကား ဦးအောင်သူ၊ ဦးဝ၊ ဦးစ၊ ဦးလှ၊ ဦးသက်ထွန်း၊ ဦးကြော့၊ ဦးကျောက်နှင့် ဒေါ်စံပယ်တို့ ဖြစ်ကြသည်။
 
== ဦးကြော့၏ ဆွေစဉ်မျိုးဆက် ==
စာကြောင်း ၂၁ -
ဦးကြော့သည် ထီးမူနန်းဟန် ကြငှန်းဆန်သော စုံနံ့သာ မြိုင်သီချင်းမျိုးကိုသာ စပ်ဆိုခဲ့သည်မဟုတ်ဘဲ ပိတောက်ပန်းဘွဲ့၊ ဒဟပ်ပန်းဘွဲ့၊ ကဆုန်လဘွဲ့ အစရှိသော တောဘွဲ့တောင်ဘွဲ့ ရာသီဘွဲ့ ကဗျာများကိုလည်း ဖွဲ့ဆိုသီကုံးခဲ့သေးသည်။ ဦးကြော့သည် အသံဩဇာနှင့် ပြည့်စုံ၍ တေးသီချင်းများကို အသံနေအသံထားဖြင့် ကျနပိုင်နိုင်စွာ သီဆိုတတ်သူ ဖြစ်သဖြင့် မိမိရေးစပ်ထားသော ကဗျာများကိုလည်း သူတစ်ပါးတို့ အလွယ်တကူ သီဆိုနိုင်အောင် စကားလုံး လှလှနှင့် အဓိပ္ပာယ်ပေါ်လွင်စွာ စပ်ဆိုနိုင်စွမ်း ရှိလေသည်။
 
အမျိုးဘာသာ၊ သာသနာကို လေးစားသော မျိုးချစ်စာဆို တစ်ဦး ဖြစ်သည့်အလျောက် သီပေါမင်းကို အင်္ဂလိပ်တို့ ဖမ်းဆီးခေါ်ဆောင်သွားသည့်အခါ ဦးကြော့သည် [[ဆီးဘန်းနီဆရာတော်]]၊ [[အချုပ်တန်းဆရာဖေ]] တို့နှင့်အပြိုင် 'ကမ္ဘာတွင်စဉ် သမိုင်းငယ်နှင့်၊ ရာဇဝင်စာတင်ရိုင်းလေငဲ့' အစချီသော [[ပါတော်မူ လေးချိုး]]ကို စပ်ဆိုခဲ့၏။ အလွမ်းစာဆိုတစ်ဦးဖြစ်သည့်အားလျော်စွာ ဦးကြော့သည် ထိုကဗျာတွင် မြန်မာနိုင်ငံကျဆုံးသဖြင့် မိမိဝမ်းနည်းကြေကွဲမိပုံ၊ အရှင်နှစ်ပါးတို့ ဝမ်းနည်းပူဆွေးမည့်ပုံတို့ကို ပေါ်လွင်ထင်ရှားစွာ ဖွဲ့ဆိုထားလေသည်။မြန်မာ့ဂန္ထဝင်တွင်ဖွဲ့ဆိုထားလေသည်။ မြန်မာ့ဂန္ထဝင်တွင် ထိုမျှထင်ရှားကျော်စောခဲ့သော စုံနံ့ သာမြိုင်၏ ဘခင်၊ အမည်အမျိုးမျိုးတွင်သော အနုပညာ စာဆိုကြီး ဦးကြော့သည် ဗြိတိသျှခေတ်၊ ၁၂၅၃ ခုနှစ်၊ ၁၈၉၂-ခု၊ ဇွန်လတွင် နတ်မောက်မြို့ရှိ သမီးဖြစ်သူ၏ နေအိမ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။ <ref>မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)</ref>
 
ဦးကြော့ အသက် ၂၀-အရွယ်သို့ ရောက်လတ်သော် အဘိုးတဝမ်းကွဲတော်စပ်သူ နေမျိုး ဘိသက္ကသူရနော်ရထာ ဘွဲ့ရ သမားတော်ကြီး ဦးကျော်စံက ခေါ်ဆောင်ခဲ့၍ နေပြည်တော် [[မန္တလေး]]သို့ရောက်သောအခါ ဘဝရှင်မင်းတရားကြီးထံ ခစားစေရာ မင်းတရားကြီးက ရွှေတိုက်တော်ဝန်ကြီးလက်သို့ အပ်တော်မူလိုက်သည်။ ဦးကြော့သည် မန္တလေး ရွှေမြို့တော်တွင် နေခိုက် တောင်ပြင်မိုးထားတိုက်ခေါ်ကျီဝန်တိုက်ဦးဝိဇယထံတွင် [[ပိဋကတ်တော်]]လာ လိုအပ်သော အချက်အလက်များနှင့် ကဗျာလင်္ကာများကို လေ့လာမှတ်သားခွင့်ရလေသည်။ ဦးကြော့၏ စာပေအရည်အသွေးကျနသည်ကိုသိ၍ မင်းတရားကြီးက စာတော်ဖတ်အရာ ပေးသနား ထမ်းရွက်စေသည်။ ထိုအခါက မန္တလေးမြို့တွင် ရှာပုံတော်များ ခေတ်စားချိန်ဖြစ်၍ အခြားကဗျာလင်္ကာများအပြင် စုံနံ့သာမြိုင်ရှာပုံတော်ကြီး ရေးသားဆက်သွင်းတင်လျှောက်ဖတ်ကြားသောအခါ မင်းတရားကြီး အားရကျေနပ်နှစ်သက်လှသောကြောင့် ရှေးကထက်တိုးတတ် မြှောက်စား ဆုလပ်များ ပေးသနားတော်မူလေသည်။ ဦးကြော့သည် နန်းတော်တွင်း ထွက်ဝင်ခစားရင်း အိမ်ရှေ့[[ကနောင်မင်းသားကြီး]]၏ ကိုယ်လုပ်တော် မယ်ပရစ်နှင့် ရည်ငံနေသောကြောင့် အပြစ်တော်မရမီ ဦးကြော့ကို လိုလားသော ရေနံချောင်းမင်းကြီးက ယင်းတော်သား ဦးမိတ်ကို မြို့အုပ်ရာထူးဖြင့် တောင်တွင်းကြီးသို့ အုပ်ချုပ်ရန် စေလွှတ်သောအခါ ဦးကြော့ကို ရှေ့ဖတ်စာရေး အဖြစ်ဖြင့် ထည့်လိုက်သည်။ သို့ဖြင့် စာတော်ဖတ်ဦးကြော့၊ စာရေးတော်ကြီးဦးကြော့၊ တောင်တွင်းကြီးဦးကြော့၊ စုံနံ့သာမြိုင်ဦးကြော့ စသဖြင့် ကျော်ကြားထင်ရှားလေသည်။