စကင်ဒီနေးဗီးယား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြောက်ဖက် +မြောက်ဘက်, -အရှေ့ဖက် +အရှေ့ဘက်)
စာကြောင်း ၄ -
==စကင်ဒီနေးဗီးယား==
ပထဝီဝင်သသောအရ စကန်ဒီနေးဗီးယား (Scandinavia )ဆိုသည်မှာ ဆွီဒင်၊ နော်ဝေးနှင့် ဒိန်းမတ်နိုင်ငံများကို ဆိုလိုသည်။ နော်ဝေး နှင့် ဆွီဒင်နိုင်ငံတို့သည် ဥရောပမြောက်ပိုင်းရှိ စကန်ဒီနေးဗီးယား ကျွန်းဆွယ်၌ ပါဝင်သောနိုင်ငံများ ဖြစ်ကြသည်။ အထက်ဖော်ပြပါ နိုင်ငံသုံးနိုင်ငံသည် ခရစ် ၈၅ဝ ပြည့်နှစ်ခန့်မှ ၁၄ ရာစုနှစ် အထိ သီးခြား နိုင်ငံများအဖြစ် တည်ရှိခဲ့လေသည်။ သို့သော်လည်း ၁၃၉၇ ခုနှစ်မှစ၍ ၁၅၂၃ ခုနှစ်အထိ ထိုသုံးနိုင်ငံတို့သည် အချင်းချင်း ပူးပေါင်း၍ အစိုးရအဖွဲ့ကို ဖွဲ့စည်း တည်ထောင်ခဲ့ကြ၏။ ထိုနိုင်ငံများအနက် ဒိန်းမတ်နှင့် နော်ဝေးနိုင်ငံများသည် ၁၈၁၅ ခုနှစ် ဗီယင်းနား ကွန်ကရက်အထိ ပူးပေါင်းခဲ့လေသည်။ ဤ စကန်ဒီနေးဗီးယား နိုင်ငံများက ကိုလိုနီနယ်သစ်များ ဖွင့်သောအခါ၌၊ ယခုအခါ လွတ်လပ်သော သမ္မတနိုင်ငံဖြစ်သည့် အိုက်စလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံသို့ သိမ်းသွင်းခြင်းခံရ၍၊ ဂရင်းလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုလိုနီနယ်ဖြစ်ခဲ့ရလေသည်။ စကန်ဒီဗေးနီးယားနိုင်ငံများသည် မျိုးရိုး၊ ဘာသာစကားနှင့် သမိုင်းတို့၌ တစ်နိုင်ငံနှင့် တစ်နိုင်ငံတူကြသည်။ စကန်ဒီဗေးနီးယားအမည်ခံအထက်ပါ ဒေသအားလုံးသည် ကမ္ဘာ၏ မြောက်အစွန်ဆုံးဘက်၌ ကျရောက်နေသော အလွန်အေးသော ဆောင်းဒဏ်ကို ကြာရှည်ခံရ၏။ ထိုဒေသများ၌ နေရောင်မြင်ရသည့် နွေးသော နွေဥတုအချိန်ကာလသည် တိုတောင်းလှ၏။ ပင်လယ်ဖြင့် ဝန်းရံနေရသောကြောင့် ကျောက်ဆောင် တောင်ကမ်းပါးတို့ကို ပင်လယ်လှိုင်းရိုက်သံများ
အစဉ်ကြားနေရ၏။ စကန်ဒီနေးဗီးယား ကျွန်းဆွယ်ဒေသသည် တစ်ခါက ရေခဲပြင်အထိ ဖုံးလွှမ်းနေသဖြင့် လူသူတစ်ဦးတစ်ယောက်မျှ မနေနိုင်ဖြစ်ခဲ့သည်။ သို့ရာတွင် ဘီစီ ၁ဝ,ဝဝဝ မှ ၆ဝဝဝ ပြည့်နှစ်ကြား ကာလအတွင်း ထိုရေခဲပြင်များသည် မြောက်ဖက်သို့မြောက်ဘက်သို့ ရွေ့သွားပြီးနောက် စကန်ဒီနေဗီးယားကျွန်းဆွယ်တွင် လူများ နေထိုင်နိုင်လာကြ၏။ ထိုဒေသများ၌ ဦးစွာ
တံငါသည်များနှင့် မုဆိုးများသာ စတင် နေထိုင်ကြသည်။
 
ရေခဲများ ပျော်သွားသောအခါ ထိုသူတို့သည် တဖြည်းဖြည်း မြောက်ဘက်သို့ တိုး၍တိုး၍ နယ်ချဲ့
နေထိုင်ကြ၏။ အလွန်ရှေးကျသော စကန်ဒီဗေးနီးယန်းလူမျိုးတို့သည် အများအားဖြင့်
အရှေ့ဖက်ပင်လယ်နက်ဖက်မှာအရှေ့ဘက်ပင်လယ်နက်ဖက်မှာ လာရောက်နေထိုင်သူများ ဖြစ်ကြ၏။ ယင်းတို့သည် လူရိုင်းများသာ ဖြစ်သည်။ လယ်ယာစိုက်ပျိုးမှုကို နားမလည်။ ဓာတ်သတ္တုနှင့် တွင်းထွက်ပစ္စည်းများကို အသုံးမချတတ်။ တိရစ္ဆာန်များကိုလည်း ခိုင်းစေနိုင်ရန်
ယဉ်ကျေးအောင် မဆုံးမတတ်ချေ။ လက်နက်ကိရိယာများကို
ကျောက်ဖြင့် လုပ်၍ သုံးကြ၏။ ကျောက်ခေတ်က လူရိုင်းများ