အယ်လဗတ် ရွိုက်ဇာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ထ +။ ထ, -။အ +။ အ, -။ရ +။ ရ)
 
စာကြောင်း ၇ -
ပုဂ္ဂိုလ်ထူး ဒေါက်တာရွှိုက်ဇာသည် ဂျာမန်လူမျိုးဖြစ်သည်။ ယခင်က ဂျာမန်ပိုင် ဖြစ်ခဲ့သော်လည်း ယခု [[ပြင်သစ်]]ပိုင် ဖြစ်သည့် အထက်[[အယ်လဆက်နယ်]]၊ ကိုင်ဇာဗတ်မြို့၌ ၁၈၇၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မွေးဖွားသည်။ မိဘဘိုးဘွားများသည် လူသာဂိုဏ်းဝင် သာသနာ့ဝန်ထမ်းများ ဖြစ်သည်။ ရွှိုက်ဇာကို မွေးဖွားပြီး၍ မကြာမီပင် မိဘများသည် ဂွန်းစဗတ်မြို့သို့ ရွှေ့ပြောင်းခဲ့ရာ ထိုမြို့သည် ရွှိုက်ဇာ၏ ဇာတိဌာနေ ဖြစ်ခဲ့လေသည်။
 
ရွှိုက်ဇာသည် ရှစ်နှစ်သားအရွယ်ကပင် [[အော်ဂန်]]ကို ကောင်းစွာ တီးနိုင်၍ ၁၈၉၃ ခုနှစ်တွင် [[ပါရစ်မြို့]]သို့ သွား ရောက်ပြီးလျှင် အော်ဂန်ပါရဂူချားဗီဒေါ်ထံတွင် ကျနစွာ တပည့် ခံခဲ့သဖြင့် ကျော်ကြားသော အော်ဂန်ဝိဇ္ဇာတစ်ဦး ဖြစ်လာသည်။ အယ်လဗတ်ရွှိုက်ဇာသည် ပြင်သစ်တက္ကသိုလ်၌ ၎င်း၊ ဂျာမန်တက္ကသိုလ်၌၎င်း ပညာဆည်းပူးခဲ့သည်။အဓိကထား၍ပညာဆည်းပူးခဲ့သည်။ အဓိကထား၍ သင်ကြားဆည်းပူးခဲ့သောဘာသာရပ်တို့မှာ [[ဒဿနိကဗေဒ]] နှင့် ကိုးကွယ်မှု ဘာသာဆိုင်ရာ ဗြဟဒေဝဗေဒတို့ ဖြစ်၍ ယင်းဘာသာရပ်တို့၌လည်း ပေါက်မြောက်ထူးချွန်သည်။ ၁၉ဝဝ ပြည့်နှစ်တွင် ဗြဟဒေဝဗေဒအတွက် ပါရဂူဘွဲ့ကို စထရက်ဇဗူး တက္ကသိုလ် (ပြင်သစ်)မှ ရရှိခဲ့သည်။ ထိုပါရဂူဘွဲ့အတွက် ဆည်းပူးနေစဉ် စထရက်ဇဗူးမြို့၊ စိန်နစ်ကိုလတ် ဘုရားရှိခိုးကျောင်း၏ ဓမ္မဆရာအဖြစ် ဆောင်ရွက်ခဲ့၍ ပါရဂူဘွဲ့ရပြီးနောက်တွင် စထရက်ဇဗူး တက္ကသိုလ် ဘာသာရေးကောလိပ်၏ ကျောင်းအုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။
 
ဒေါက်တာ ရွှိုက်ဇာသည် ဒဿနိကဗေဒနှင့် ဗြဟဒေဝဗေဒတို့ကို စူးစူးစိုက်စိုက် လေ့လာသကဲ့သို့ ဂီတကိုလည်း စွဲစွဲမြဲမြဲ ဝါသနာထုံသည်။ ထိုကြောင့် ကိုးကွယ်မှုဆိုင်ရာအကြောင်းရပ်တို့ကို သုတေသန ပြုသကဲ့သို့ ဂီတလောက ဆိုင်ရာ၌လည်း စူးစမ်းလေ့လာမှု ပြုခဲ့သည်။ ၁၉ဝ၅ ခုနှစ်တွင် ဂျာမန်ဂီတပညာရှင်ကြီး ဗာခ်၏ အတ္ထုပ္ပတ္တိကို ရေးသားပြုစု ထုတ်ဝေခဲ့ရာ ဂီတလောကနှင့် စပ်လျဉ်းသော ကျမ်းကြီး ကျမ်းခိုင်တစ်အုပ် ဖြစ်ခဲ့သည်။ ရွှိုက်ဇာသည် ကိုးကွယ်မှုနှင့် စပ်လျဉ်း၍ မိရိုးဖလာ ယုံကြည်ကိုးကွယ်မှုအတိုင်း လက်ခံသည် မဟုတ်ချေ။ စူးစမ်းမှု၊ ဝေဖန်ပိုင်းခြားမှုတို့ကို ပြုခဲ့သည်။ ထို့ကြောင့် ''သခင်ယေရှုအကြောင်း စူးစမ်းလေ့လာချက်''စာအုပ်ကို ဗာခ်အတ္ထုပ္ပတ္တိစာအုပ် ထုတ်ဝေပြီးနောက်တွင် ထုတ်ဝေခဲ့ရာ ကမ္ဘာက ရွှိုက်ဇာအား အလေးထား ဂရုပြုခြင်းကို ပထမဆုံး ခံယူခဲ့ရသည်။
စာကြောင်း ၁၉ -
ကျေနပ် သဖြင့် ရွှိုက်ဇာကို လက်ခံလိုက်ကြသည်။ ယင်းသို့ဖြင့် ဘွဲ့ထူး၊ ဂုဏ်ထူး၊ ရာထူးဂုဏ်သိရ်တို့ဖြင့် ပြည့်စုံသူ ပညာတတ် လူတန်းစားတို့ မွေ့လျော်သော သိမ်မွေ့နူးညံ့သည့် ဘဝလမ်းခရီး ကို ကျောခိုင်း၍ ကြမ်းတမ်းခက်ထရော်သော ဘဝလမ်းခရီးကို စတင်ရန် ၁၉၁၃ ခုနှစ်တွင် ရွှိုက်ဇာသည် အာဖရိကတိုက် ဂါဘွန်ပြည်နယ်၊ လမ်ဗာရေးနေးရွာသို့ ခရီးထွက်ခဲ့လေသည်။ ရွှိုက်ဇာသည် အာဖရိကတိုက်သို့ ထွက်ခွာခဲ့ရာ၌ သူ တစ်ဦးတည်း မဟုတ်ပေ။ သူ၏ပါရမီကို ကူညီဖြည့်တင်းရန် ဟယ်လင်ဗရက်စလောသည် ဖဝါးထက်ချပ် လိုက်ပါလာသည်။
 
ဟင်လင်ဗရက်စတောသည် စထရက် ဇဗူးတက္ကသိုလ်မှ သမိုင်း သုတေသီတစ်ဦး၏ သမီး ဖြစ်သည်။ ဟယ်လင်ဗရက်စလော ကိုယ်တိုင်သည်လည်း ပညာရှင်တစ်ဦး ဖြစ်လင့်ကစား ရွှိုက်ဇာ ၏ ပရဟိတလုပ်ငန်းကြီးတွင် အကူအညီပေးနိုင်ရန် ရွှိုက်ဇာက ဆေးဝါးကုသရေးနှင့် ခွဲစိတ်ပညာတို့ကို ဆည်းပူးနေစဉ် ဟယ်လင်ဗရက်စလောသည် သူနာပြုအတတ်ကို သင်ကြားဆည်းပူးခဲ့သည်။ရွှိုက်ဇာနှင့်သင်ကြားဆည်းပူးခဲ့သည်။ ရွှိုက်ဇာနှင့် ဟယ်လင်ဗရက်စလောတို့သည် ၁၉၁၂ ခုနှစ် တွင် လက်ထပ်ခဲ့ကြသည်။
 
ရွှိုက်ဇာတို့ ဇနီးမောင်နှံသည် အာဖရိကတိုက် [[ဂါဘွန်]]ပြည်နယ်၏ တောကြီးမျက်မည်းအလယ်၊ အိုဂိုဝီမြစ်ကြောပေါ်ရှိ [[လမ်ဗာရေးနေး]]ရွာသို့ ထွက်ခွာလာခဲ့ကြစဉ်က သူတို့၏ ရည်မှန်းချက်လုပ်ငန်းကို စတင်ရန်အတွက် ဂျာမန်မတ်ဒင်္ဂါး နှစ်ထောင် ပါလာ၍ ဆေးခန်းတစ်ခု တည်ထောင်ရန်အတွက် လိုအပ်သော ဆေးဝါးများ၊ ကရိယာတန်ဆာပလာများနှင့် ပစ္စည်းအသုံး အဆောင်အချို့ကို သူတို့ဘာသာ ဝယ်ယူစုဆောင်းထားသည် များလည်း ပါသည်။ စေတနာရှင် မိတ်ဆွေအပေါင်းအသင်း များက ပေးကမ်းလှူဒါန်းလိုက်သည်များလည်း ပါသည်။ ရွှိုက်ဇာတို့ ဇနီးမောင်နှံသည် ဥရောပတွင် ရှိစဉ်က အနေ အထိုင် ပတ်ဝန်းကျင်မျိုးနှင့် အစစအရာရာ ကွာခြားလှ၍ ဥရောပတိုက်သားများအတွက် ပစ္စန္တရစ်ကဲ့သို့သော အရပ်မျိုး၌ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်လျက် သာသနာပြုအသင်းက ကြက်မွေးရန် ဆောက်ထားသော အိမ်ကလေးတွင် အခမဲ့ ဆေးဝါးကုသ ပေးသော ဆေးခန်းတစ်ခုကို ဖွင့်လှစ်၍ မိမိတို့၏ လုပ်ငန်းကို စတင်အကောင်အထည်ဖော်ခဲ့လေသည်။
စာကြောင်း ၃၈ -
ငွေရှာရပြန်သည်။ ရွှိုက်ဇာသည် အာဖရိကနှင့် ဥရောပကို ကူးချည်သန်းချည် ပြုနေရသည်။ အော်ဂန် တီး၍၎င်း၊ ဟောပြောပွဲများ ကျင်းပ၍၎င်း၊ စာအုပ်စာတမ်းများမှ ရရှိသော ရွိုင်ယယ်တီများဖြင့်၎င်း ဆေးရုံအတွက် ရန်ပုံငွေစုသည်။ ထို့ပြင် ရွှိုင်ဇာ၏ လုပ်ငန်းကို သိမြင်ကြသူ စေတနာရှင်များကလည်း အလှူငွေနှင့် ဆေးဝါးပစ္စည်းများကို ထည့်ဝင်လှူဒါန်းကြသည်။ ဤသို့ဖြင့် ရွှိုင်ဇာ၏လုပ်ငန်းကို ကမ္ဘာက သိလာကြ၍ အကူအညီပေးလာကြသဖြင့် လမ်ဗာရေးနေး ဆေးရုံသည်လည်း အခြေခိုင်ခိုင် စိုက်မိခဲ့လေသည်၊ လူနာများလည်း များပြားလာသဖြင့် ဥရောပတိုက်သား ဆရာဝန်များ၊ သူနာပြုများကလည်း ရွှိုင်ဇာ၏ဆေးရုံတွင် လာရောက်ကူညီ ဆောင်ရွက်ပေးကြသည်။ အချို့သည် နှစ်ကာလကြာမြင့်စွာ ရွှိုင်ဇာနှင့် အတူ ဒိုးတူပေါင်ဖက် ဆောင်ရွက်ပေးကြသည်။ ရွှိုင်ဇာ၏ ကိုယ်ကျိုးမငဲ့ ကြိုးပမ်းဆောင်ရွက်မှုတို့ကို ချီးကျူးသောအားဖြင့် ၁၉၂၅ ခုနှစ်တွင် [[ချက်ကိုစလိုဗားကီးယားနိုင်ငံ]] ပရာဟတက္ကသိုလ်က ရွှိုင်ဇာအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အပ်နှင်းလေသည်။ ၁၉၂၈ ခုနှစ်တွင် [[ဂျာမနီနိုင်ငံ]]က စာရေးဆရာကြီး ဂါတာ၏ ဆုကို ရွှိုင်ဇာအား ချီးမြှင့်လေသည်။
 
ဒုတိယကမ္ဘာစစ်အတွင်းတွင်လည်း ရွှိုက်ဇာသည် လမ်ဗာရေးနေးဆေးရုံမှ မခွာဘဲ နေခဲ့သည်။ စစ်ကာလအတွင်း အခက်အခဲများစွာ တွေ့ခဲ့ရသော်လည်း အမေရိကန်မှ မိတ်ဆွေများ၏ အကူအညီဖြင့် ဆေးဝါးပစ္စည်းများကို ရရှိခဲ့သောကြောင့် လမ်ဗာရေးနေးဆေးရုံကို အရှိန်မပျက် ဆက်လက် ဖွင့်ထားနိုင်ခဲ့သည်။ထိုကြောင့်ထိုကျေးဇူးကိုဖွင့်ထားနိုင်ခဲ့သည်။ ထိုကြောင့်ထိုကျေးဇူးကို ထောက်ထား၍တစ်ကြောင်း၊ လမ်ဗာရေးနေးဆေးရုံအတွက် ရန်ပုံငွေ (မြန်မာငွေ သုံးသောင်းကျော်ခန့်)ထည့်ဝင်မည်ဟု ကတိပြုသည်က တစ်ကြောင်းကြောင့် ၁၉၄၉ ခုနှစ်တွင် [[အမေရိကန် ပြည်ထောင်စု]]၊ [[ကော်လိုရာဒိုး ပြည်နယ်]]၊ အက်စပင်မြို့၌ ကျင်းပသော ဂျာမနီဂီတပညာရှင် ဂါတာ ကွယ်လွန်သည့် အနှစ် ၂ဝဝ ပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်စဉ် ရှီကာဂိုးတက္ကသိုလ်က ဒေါက်တာရွှိုင်ဇာအား ဥပဒေပါရဂူ ဂုဏ်ထူးဆောင်ဘွဲ့ကို ပေးအပ်လေသည်။
 
ရွှိုင်ဇာသည် လမ်ဗာရေးနေး ဆေးရုံကို တဖြည်းဖြည်း တိုးချဲ့ခဲ့ရာ ဆေးရုံပရဝုဏ်အတွင်း၌ အဆောက်အအုံ ၄၅ ခုမျှ ရှိသည်။ ဆေးရုံနှင့် ပတ်ဝန်းကျင်တွင် စားနပ်ရိက္ခာ ဖူလုံရေး အတွက် ၁၅ ဧက ကျယ်ဝန်းသော စိုက်ပျိုးခင်းကို စိုက်ပျိုးထားသည်။ ဒေါက်တာရွှိုင်ဇာ၏ ဆေးရုံသို့ နှစ်စဉ် ပျမ်းမျှ လူနာ ၅ဝဝဝဝ ကျော်ခန့် လာရောက်ကြ၍ လူနာ ၈ဝဝ ခန့်ကို ခွဲစိတ်ကုသပေးရသည်။ ရောဂါသည်များသည် ဝေးလံသော
စာကြောင်း ၄၅ -
 
ရွှိုင်ဇာ၏ မွန်မြတ်သန့်စင်သော စေတနာလုပ်ငန်းကို သန်းပေါင်းများစွာသော ကမ္ဘာသူကမ္ဘာသားတို့က အားပေးချီးကျူးနေကြစဉ် ဝေဖန်သူ အပြစ်တင်သူများလည်း ရှိခဲ့သည်။ ဝေဖန်သူများ၏ အပြစ်ဆိုချက်များထဲတွင် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လမ်ဗာရေးနေးဆေးရုံကို ဆေးရုံနှင့်တူအောင် မထားဘဲ ကျေးရွာတစ်ခုကဲ့သို့ ဖန်တီးထားမှုလည်း ပါဝင်သည်။ ရွှိုင်ဇာသည် တိုင်းရင်းသားတို့၏ ဓလေ့စရိုက်ကို ကြည့်၍
ယင်းတို့၏ စရိုက်နှင့်အညီ တိုင်းရင်းသားတို့ လက်လှမ်းမှီသော အခြေအနေမျိုးဖြစ်စေရန် တတ်နိုင်သမျှ ဆောင်ရွက်ထားခြင်း ဖြစ်သည်။အထပ်ပေါင်းများစွာရှိသောဖြစ်သည်။ အထပ်ပေါင်းများစွာရှိသော ခေတ်မီဆေးရုံကြီး တစ်ခုသည် တိုင်းရင်းသားတို့အား ဆေးဝါးကုသရန် လာရောက်ရေးကို မဆွဲဆောင်နိုင်သည်သာမက ဆေးရုံ၏ အရှိန်အဝါသည် တိုင်းရင်းသားတို့အား ဆေးရုံနား မကပ်ဝံ့အောင်ပင် ပြုနိုင်မည် ကို ဒေါက်တာရွှိုင်ဇာ နားလည်ပေသည်။ ထိုကြောင့် လမ်ဗာရေးနေး ဆေးရုံဝင်းရှိ အဆောက်အအုံတို့သည် အရှိန်အဝါကောင်းသည့် အဆောက်အအုံများ မဟုတ်ပေ။ အရေးပေါ် ခွဲစိတ်ကုသမှုများကို ပြုနိုင်ရန်သာ ခွဲစိတ်ခန်းအတွက် လျှပ်စစ်ဓာတ်မီး တပ်ဆင်ထား၍ ဆေးဝါးကုသမှု၊ ခွဲစိတ်ကုသ မှုတို့၌ ဒေါက်တာရွှိုင်ဇာသည် ခေတ်မီလွန်းသော စံနစ်များကို တတ်နိုင်သမျှ ရှောင်၍ သမရိုးကျ စံနစ်များကို အသုံးများသည်။ တိုင်းရင်းသားများအား ဇိကုတ်၍ နတ်ပြည်မတင်ဘဲ ဖြည်းဖြည်း မှန်မှန် ပြုပြင်မှုကို ဆောင်ရွက်ပေးရာ အချို့ဝေဖန်ရေးဆရာတို့က ကိုလိုနီစံနစ်၏ အငွေ့အသက်ကို ဆက်လက်လက်ခံကျင့်သုံးသည်ဟု ဆိုကြသည်။ မည်သို့ဆိုကြစေကာမူ ရွှိုင်ဇာသည် ဆေးကုသပေးရင်းပင် တိုင်းရင်းသားတို့၏ အသိဉာာဏ် ပွင့်လင်းရေးအတွက် ပညာပေးလျက်ရှိရာ ပုံစံအားဖြင့် ဆိုရလျှင် ယခင်က အမွှာပူးကလေးများကို နိမိတ်မကောင်းဟု သတ်ပစ်လေ့ရှိသော်လည်း ယခုအခါ အမွှာပူးကလေးရှင် မိဘ
များသည် အမွှာပူးများကို ကြင်နာစွာ စောင့်ရှောက်ကျွေးမွေးလျက် ရှိကြလေပြီ။