နယူတန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။သ +။ သ, -။ဘ +။ ဘ)
စာကြောင်း ၆၃ -
ဆာအိုင်းဇက်နယူတန်ကို ၁၆၄၂ တွင် အင်္ဂလန်နိုင်ငံ Woolsthorpe ၌ မွေးဖွားသည်။ မြေပိုင်ရှင်မျိုးရိုးဖြစ်သည်။ သူသည်မွေးဖွားစဉ်က အချိန်မတိုင်မီ လမစေ့ဘဲ မွေးလာခဲ့သော premature baby ဖြစ်သဖြင့် အလွန်သေးကွေးသည်။ နယူတန်၏ ဖခင်ဖြစ်သူမှာ သူ့ကို မမွေးဖွားမီ ၃လအလိုက ကွယ်လွန်သွားခဲ့၍ နယူတန်မှာ ဖတဆိုးလေးဖြစ်သည်။ မိခင်ဖြစ်သူမှာ သူ ၂နှစ်သားအရွယ်တွင် နောက်အိမ်ထောင်ပြုကာ နယူတန်ကို အဖွားထံတွင် ထားခဲ့လေသည်။ သူသည် ငယ်စဉ်ဘဝတွင် ကျန်းမာရေး အလွန် ချူချာကာ အခြားသော ကလေးများကဲ့သို့ ခုန်ပေါက်ပြေးလွှား မကစားနိုင်ပေ။ နေနာရီ၊ သစ်သားတိုင်ကပ်နာရီများဖြင့်သာ ဆော့ကစား ၍ ပျော်ရွှင်ခဲ့လေသည်။ စာဖတ်ခြင်းနှင့် ဂျာနယ်များ စုဆောင်းခြင်းကို ဝါသနာပါလေသည်။
 
သူနေထိုင်ရာ ရွာလေးက ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက်တွင် Grantham Grammar School သို့သွားရောက် ပညာသင်ကြားသည်။ ကျောင်းမှတ်တမ်းများအရ သူသည် ကျောင်းတွင် အညံ့ဆုံးနှင့် ကျောင်းစာတွင် အာရုံ စူးစိုက်မှု မရှိဆုံး ကျောင်းသားဖြစ်သည်။ ဂရမ်သမ်ကျောင်းသည် သူ့အိမ်မှ ၅မိုင်ခန့်သာ ကွာဝေးသော်လည်း ဆေးဆရာတစ်ဦး၏ နေအိမ်တွင် နေထိုင်ကာ ကျောင်းတက်ခဲ့သည်။ဘယဆေးဆရာ၏ကျောင်းတက်ခဲ့သည်။ ဘယဆေးဆရာ၏ သမီးဖြစ်သူ Miss Storey နှင့်ရည်ငံကာ စေ့စပ်ကြောင်းလမ်းခဲ့သည်။
 
== ပညာသင် ==
စာကြောင်း ၉၂ -
 
== နာမကျန်း ဖြစ်လာခြင်း==
နောင် ၂နှစ်အကြာတွင် သိပ္ပံပညာရပ်ဆိုင်ရာ သမိုင်းကြောင်းတွင် အရေးပါဆုံးနှင့် အရေးအကြီးဆုံးဖြစ်သော "သဘာဝဒဿနိက‌ဗေဒဆိုင်ရာ သင်္ချာစည်းမျဉ်းများ" ({{lang-la|Philosophiæ Naturalis Principia Mathematica}}၊ {{lang-en|The Mathematical Principles of Natural Philosophy}}) စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။ Principia Mathematica ကျမ်းစာအုပ် ထုတ်ဝေပြီးနောက်ပိုင်း ကျော်ဇောကိတ္တိ ရှိလာပြီး Royal Society ရဲ့ ဥက္ကဋ္ဌ အဖြစ်တင်မြှောက်ခြင်း ခံရတယ်။ နောက်ပိုင်းမှာ Astronomer Royal, John Flamsteed တို့နဲ့ မသင့်မတင့်ဖြစ်လာခဲ့တယ်။သူ့ရဲ့မသင့်မတင့်ဖြစ်လာခဲ့တယ်။ သူ့ရဲ့ စာအုပ် Principia အတွက် အချက်အလက်တွေကို Flamsteed ဆီက ရခဲ့ပေမယ့် နောက်ပိုင်းမှာ မရတော့ပါဘူး။ အဲဒီတော့ သူ့ဘာသာ Royal Observatory ရဲ့ စီမံအုပ်ချုပ်သူအဖွဲ့မှာ ပါဝင်ခဲ့ပြီး အချက်အလက်တွေကို ထုတ်ပြန်ခိုင်းခဲ့တယ်။ Flamsteed ရဲ့အလုပ်တွေကို သိမ်းဆည်းလိုက်ပြီး Flamsteed ရဲ့ ရန်ဖက်ဖြစ်တဲ့ [[အက်မော ဟေလီ]] (Edmond Halley) ကို ပုံနှိပ်ထုတ်ဝေစေတယ်။ ဒီကိစ္စက တရားရုံးအထိရောက်သွားပြီး တရားရုံးက သိမ်းဆည်းလိုက်တဲ့ အလုပ်တွေကို ပုံနှိပ်ခြင်းမပြုဖို့ အမိန့်ထုတ်ပြီး Flamsteed ကို အနိုင်ပေးလိုက်တယ်။ Newton က ဒေါသထွက်ပြီး နောက်ပိုင်းထုတ်ဝေတဲ့ Principia စာအုပ်များမှာ Fleamsteed နဲ့ ပတ်သက်တဲ့ အညွန်းတွေကို ပယ်ဖျက်ခဲ့တယ်။ ၁၆၉၃ တွင် အာရုံကြော ချွတ်ယွင်းအားနည်းမှု ဝေဒနာကို ပြင်းထန်စွာ ခံစားရပြီး နာမကျန်းဖြစ်ခဲ့သည်။ ၁၆၉၆ တွင် Warden and the Master of Mint ရာထူးကို ရခဲ့သော်လည်း လန်ဒန်သို့ ထွက်ခွာလာခဲ့သည်။
 
== နိဂုံး ==