အာဖရိကတိုက် သမိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +cleanup
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ပ +။ ပ, -။ထ +။ ထ, -။ဒ +။ ဒ)
စာကြောင်း ၂၈ -
ရောက်လာကြသည်။ ထိုအချိန်အထိ ဥရောပ နိုင်ငံများသည် အာဖရိကတိုက်ကို စိတ်ဝင်စားခြင်း မရှိသေးချေ။ ၁၄၉၇ ခုနှစ်တွင် ပေါတူဂီလူမျိုး နယ်သစ်စူးစမ်းရှာဖွေသူ ဗက်စကို ဒါဂါးမသည် ဥရောပတိုက်မှထွက်၍ အာဖရိကတိုက် ကိုပတ်ကာ အရှေ့သွားခရီးကို အောင်မြင်စွာ တွေ့ရှိခဲ့သည့်အခါ မှ ဥရောပနိုင်ငံများသည် အာဖရိကတိုက်ကို စိတ်ဝင်စားကြ သည်။
 
အရှေ့အာရှနိုင်ငံများနှင့် ကုန်သွယ် သည့်အခါ အာဖရိကတိုက်ကိုပတ်၍ သင်္ဘောလွှင့်လျှင် အာဖရိကကမ်းရိုးတန်း၌ သင်္ဘောဆိပ်များတည်ထောင်ဖို့ လိုကြောင်းလည်း သဘောပိုက်မိကြသည်။ ထို့ပြင် ကမ္ဘာသစ်ကို စတင်တွေ့ရှိစဖြစ်သဖြင့် ယင်းတိုက်များ၌ စိုက်ခင်းပျိုးခင်းများ ထူထောင်ရန် အလုပ်ကြမ်းသမား များစွာလိုလေသည်။ထိုအခိုက်များစွာလိုလေသည်။ ထိုအခိုက် အင်္ဂလန်နိုင်ငံ၌ စက်မှုလုပ်ငန်းများ စတင်
ထွန်းကားစ ဖြစ်၏။ စက်များမှထွက်သော အထည်များကို ယူဆောင်ကာ အာဖရိကကမ်းခြေတစ်လျှောက်ရှိ ကပ္ပလီနယ်စား များထံသို့ လာရောက်ရောင်းချသောအခါ ကပ္ပလီနယ်စားတို့
သည် မိမိတို့နှင့်မသင့်တင့်သောကပ္ပလီအုပ်စုများကို ဖမ်းဆီးကာ ကျွန်ကုန်သည် များထံတွင် အဝတ်၊ သေနတ်၊ ပုတီးစေ့ စသည် တို့နှင့် လဲလှယ်ကြသည်။ အချို့သော ကပ္ပလီများကိုမူ
စာကြောင်း ၆၅ -
 
မြေထဲပင်လယ်ကမ်းခြေ တစ်လျှောက်ရှိ အာဖရိကတိုက်ရောက် မဟာမိတ်တပ်များသည် ဥရောပတိုက် တောင်ဘက်ပိုင်းသို့လည်း လိုအပ်သလို ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြသဖြင့် ထိုဒေသများသည် ဒုတိယ
ကမ္ဘာစစ်အတွင်းတွင် အရေးပါသော စစ်စခန်းများ ဖြစ်ခဲ့ကြ သည်။ဒုတိယကမ္ဘာစစ်အပြီးတွင်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် များစွာသော ဂျာမန်ပိုင် အာဖရိကနယ်များသည်လည်းကောင်း၊ အီတာလျံ ဆိုမာလီ နယ်သည်လည်းကောင်း ထိန်းသိမ်းရေးအဖွဲ့ လက်အောက်ခံနယ် များ ဖြစ်လာလေသည်။ လစ်ဗျနှင့် အီသီအိုးပီးယားတို့သည် လွတ်လပ်သည့်နိုင်ငံများ ဖြစ်လာကြလေသည်။ အီရစ်ထရီးယား သည်လည်း အီသီအိုး ပီးယားနိုင်ငံ၏ တစ်စိတ်တစ်ဒေသ ဖြစ်လာလေသည်။ ဥရောပတိုက်ရှိ နိုင်ငံများက အာဖရိကတိုက်အတွင်း၌ စီးပွားရေးတိုးတက်လာစေရန် ငွေအမြောက်အမြား ကို မြုပ်နှံခဲ့ ကြလေသည်။ ထိုသို့ ငွေအမြောက်အမြား မြှုပ်နှံခဲ့ကြသော် လည်း အာဖရိကတိုက်သားတို့၏ လူမှုရေးနှင့် နိုင်ငံရေး တိုးတက်မှုအတွက်ကိုမူ လုံးဝမရည်ရွယ်ခဲ့ကြချေ။ ဒုတိယ ကမ္ဘာစစ်အပြီးတွင်ကား အာဖရိကတိုက်သားတို့၏ လူနေမှု
အဆင့်အတန်း မြင့်မားလာရေးအတွက် များစွာ ပြုလုပ်ခဲ့ကြ လေသည်။
 
စာကြောင်း ၇၄ -
လည်း ကောက်ပဲသီးနှံများ ပိုမိုထွက်ရှိလာစေရန် နိုင်ငံခြားမှ စက်ကိရိယာများကို မှာယူတင်သွင်းယူကြသည်။
 
အာဖရိကတိုက်ရှိ လူမျိုးများသည် အမျိုးသားစိတ်ဓာတ် တက်ကြွလျက်ရှိလေသည်။ ထိုကြောင့် လူမျိုးခြား လက်အောက် ခံ ကိုလိုနီအမြောက်အမြားသည် လွတ်လပ်ရေးအတွက်ကြိုးပမ်းကြရာ အာဖရိကတိုက်တွင် ယခင်က လွတ်လပ်သော နိုင်ငံဟူ၍ အကျယ်အဝန်း အားလုံး၏ ခုနစ်ပုံတစ်ပုံသာ ရှိခဲ့သော်လည်း ယခုအခါ တိုင်းရင်းသားတို့ နိုးကြားလာမှု ကြောင့် နိုင်ငံခြားအအုပ်အစိုးခံ မလွတ်လပ်သေးသောနိုင်ငံဟူ၍ ခုနစ်ပုံတစ်ပုံ ခန့်သာ ကျန်တော့သည်။ ခုနစ်ပုံခြောက်ပုံသော နိုင်ငံများသည် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရရှိကုန်ပြီးဖြစ်သည်။ပြင်သစ်တို့ရရှိကုန်ပြီးဖြစ်သည်။ ပြင်သစ်တို့ လက်အောက်မှ ၁၉၅၆ ခုနှစ်တွင် မိုရော့ကို နိုင်ငံသည်လည်းကောင်း၊ ၁၉၅၈ ခုနှစ်တွင် ဂင်းနီနယ်သည် လည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ်တွင် မက်ဒါဂက်စကာကျွန်း၊ ပြင်သစ်အနောက်အာဖရိကနှင့် အီကွေတိုးရီးယဲ အာဖရိကတို့
သည်လည်းကောင်း လွတ်လပ်ရေးရခဲ့သည်။ မက်ဒါဂတ်စကာ ကျွန်းသည် မာလာဂါဆီသမ္မတနိုင်ငံဟူ၍ ဖြစ်လာသည်။ ၁၉၆၂ ခုနှစ်တွင် အယ်လဂျီးရီးယားသည် လွတ်လပ်ရေး ရရှိခဲ့သည်။
ပြင်သစ် အနောက်အာဖရိကသည် မော်ရီတေးနီးယား၊ မာလီ၊ ဆင်နီဂေါ၊ အိုင်ဗရီကို့၊ အထက် ဗော်လတာ၊ နိုင်ဂျာ၊ ဒါဟိုမီ၊ တိုဂိုစသော နိုင်ငံများဖြစ်လာ၍ ပြင်သစ်အီကွေတိုးရီးယဲ အာဖရိကသည် ချဒ်နိုင်ငံ၊ အလယ်ပိုင်း အာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဂါဗွန်နိုင်ငံဟူ၍ အသီးသီးဖြစ်လာသည်။ ဗြိတိသျှတို့ လက်အောက်မှလည်း ၁၉၂၂ ခုနှစ်တွင် အီဂျစ် နိုင်ငံသည်လည်းကောင်း၊ ၁၉၃၁ ခုနှစ်တွင် တောင် အာဖရိက ပြည်ထောင်စုနိုင်ငံသည်လည်းကောင်း၊ ၁၉၅၆ ခုနှစ်တွင် ဆူဒန် ပြည်သည်လည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ်တွင် ဂိုးလကို့၊ ဗြိတိသျှဆိုမာလီလန်နှင့် နိုင်ဂျီးရီးယားနယ်တို့သည်လည်း ကောင်း၊ ၁၉၆၁ ခုနှစ်တွင် ဆီယားရားလေအွန်းနယ်တို့သည် လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် တန်ဂန်ယီးဂနှင့် ယူဂန်းဒါး တို့သည်လည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် ကင်ညာနှင့် ဇန်ဇိဗာ တို့ သည်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် မြောက်ရိုဒီးဇီးယား နှင့် နီယာစာလန်နယ်တို့သည်လည်းကောင်း လွတ်လပ်ရေး ကျေညာခဲ့၍၊ ၁၉၆၅ ခုနှစ်တွင် တောင်ရိုဒီးဇီးယားနယ်က ရိုဒီးဇီးယားနိုင်ငံဟု တစ်ဖက်သတ် လွတ်လပ်ရေးကျေညာခဲ့၍၊ ၁၉၆၅ ခုနှစ်မှာပင် ဂမ္ဗီယာနယ်သည်လည်းကောင်း၊ ၁၉၆၆ ခုနှစ်တွင် ဗက်ချူအာနာလန်နှင့် ဗာဆူးတိုလန်နယ်တို့သည် လည်းကောင်း လွတ်လပ်လာခဲ့ပြီးလျှင် ၁၉၆၈ ခုနှစ်တွင်