ဂျက်ဖရီ ချော်စာ: တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၈ လ
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အပြင်ဖက် +အပြင်ဘက်, -ယောကျာ်း +ယောက်ျား)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အကျိတ်အနယ် +အကြိတ်အနယ်))
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အပြင်ဖက် +အပြင်ဘက်, -ယောကျာ်း +ယောက်ျား))
တစ်နေ့သောအခါ အက်သင်ပြည်နှင့် သီးဗီးနိုင်ငံတို့ စစ်ဖြစ်ကြရာတွင် အက်သင်မြို့စား၊ သီဆယုက အရေးသာ သဖြင့် ပဲလမွန်နှင့် အာဆိုက်နှစ်ဦးစလုံး အဖမ်းခံကြရ၏။ သီးဆယုသည် မင်းသားနှစ်ပါးအတွက် သုံးပန့်လျော်ကြေးပေး၍ ရွေးနုတ်သည်ကို လက်မခံဘဲ သူတို့ကို ခိုင်ခံ့လုံခြုံလှသော သူ၏ရဲတိုက်ကြီးရှိ မျှော်စင်ထဲတွင် တစ်သက်ပန် အကျဉ်းချထားခဲ့၏။ ကံတူအကျိုးပေး မင်းသားနှစ်ပါးမှာ တစ်သက်ပန် အကျဉ်းသမား ဖြစ်ကြရသော်လည်း နှစ်ဦးစလုံးကို တစ်နေရာတည်းတွင် အတူတူထားသဖြင့် တစ်ဦးကိုတစ်ဦး အားပေးနိုင် သည့်အတွက် စိတ်သက်သာနှစ်သိမ့်နိုင်ရာရကြ၏။
 
တစ်နေ့သောနံနက်ခင်းတွင် ပဲလမွန်သည် မျှော်စင်တံခါး ပေါက်မှ အပြင်ဖက်သို့အပြင်ဘက်သို့ ငေးကြည့်နေစဉ် သီးဆယုမြို့စား၏ ချောမောတင့်တယ် ရှုချင်စဖွယ်ရှိလှသော သမီးတော် အယ်မီလီ သည် ပန်းဥယျာဉ်အတွင်း၌ လမ်းလျှောက်နေသည်ကို ရှုမငြီးဖွယ်ရာ တွေ့မြင်ရသောကြောင့် ထိုနေရာမှ မခွာနိုင်အောင် ဖြစ်ရ လေသည်။ ပဲလမွန်မှာ အယ်မီလီမင်းသမီးအား တွေ့လျှင်တွေ့ခြင်း မေတ္တာသက်ဝင် ချစ်ခင်မိလေသဖြင့် မိမိ၏ တစ်သက်ပန် အကျဉ်းသားဘဝတွင် အယ်မီလီကို မရနိုင်ကြောင်း တွေးမိကာ များစွာပင် စိတ်မချမ်းသာ ဖြစ်ရရှာသည်။ ထို့ကြောင့် မိမိ၏ဒုက္ခကို အာဆိုက်အား ပြောပြသောအခါ၊ အာဆိုက်မှာလည်း အယ်မီလီမင်းသမီးကို မြင်တွေ့လိုက်ရသဖြင့် မိမိကဲ့သို့ပင် ချစ်ဒုက္ခကို မချိမဆံ့ ခံစားနေရကြောင်း တွေ့ရလေသည်။ ထိုအခါ သစ္စာဆိုထားကြသော မင်းသားနှစ်ပါးမှာ တစ်ဦးကိုတစ်ဦး အလျှော့မပေးနိုင်ဘဲ အကြံတူသဖြင့် ရန်သူဖြစ်သွားကြလေသည်။
 
ထိုအတောအတွင်း အာဆိုက်သည် သူ၏အကြည်တော် တစ်ဦး ဆောင်ရွက်ပေးချက်ကြောင့် လွတ်မြောက်ခွင့်ရခဲ့၏။ သို့သော် သီးဆယုက သူ၏နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် သည်ကို တွေ့ရပါက သေဒဏ်ပေးမည်ဟု ကျပ်တည်းစွာ အမိန့်ချမှတ်လိုက်လေသည်။ အာဆိုက်သည် ထိုအမိန့်ကို သိရသော အခါ အကျဉ်းသမားဘဝက လွတ်မြောက်သည်ကိုပင် ဝမ်းမသာနိုင်ဘဲ ပိုမို၍ စိတ်ဆင်းရဲရရှာ၏။ အကြောင်းမူ သူသည် အယ်မီလီအား တစ်နေ့မမြင်လျှင် မနေနိုင်လောက်ပင် ချစ်ခင်စွဲလန်းနေပြီ ဖြစ်သောကြောင့်တည်း။ သို့သော် သီးဆယု၏ အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် အက်သင်ပြည်တွင်းမှ ထွက်သွားရလေသည်။
အကြိတ်အနယ်ယှဉ်ပြိုင်ကြရာ နောက်ဆုံးတွင် အာဆိုက်က တံခွန်စိုက် အနိုင်ရသဖြင့် အယ်မီလီနှင့် ထိမ်းမြားနိုင်ခွင့်ရသွားကြောင်း မြို့စားကြီးက ကျေညာသည်။
 
အာဆိုက်မှာ မိမိလိုလားလှသော ဆုလပ်ကြီးရပြီဖြစ်၍ အားရပျော်ရွှင်စွာ အယ်မီလီထံသို့ မြင်းစီးလာခဲ့၏။ သို့သော် ကံတရား၏ စီမံပုံကား ဆန်းကြယ်လှတော့၏။ အာဆိုက်စီး လာသော မြင်းသည် ရုတ်တရက် လန့်၍ခုန်ရာမှ ခြေချော်ပြီး လဲကျသွားသဖြင့် အာဆိုက်မှာလည်း မြင်းပေါ်မှ အရှိန်ပြင်းစွာ လိမ့်ကျကာ ဒဏ်ရာပြင်းထန်စွာ ရသွားလေသည်။ သူ၏ဒဏ်ရာမှာ မျှော်လင့်ချက်မရှိကြောင်း သိသာသောအာဆိုက်သည် ပဲလမွန်နှင့် အယ်မီလီတို့ကို ခေါ်စေပြီးသော် ပဲလမွန်သည် ရှာမှရှားသော ယောကျာ်းကောင်းတစ်ဦးယောက်ျားကောင်းတစ်ဦး ဖြစ်သည့်ပြင် အယ်မီလီအား အသက်နှင့်ထပ်တူ ချစ်သူငယ်ချင်းလည်း ဖြစ်ခဲ့သူ၊ သူတို့နှစ်ဦးမှာလည်း မိမိတို့၏ အပြစ်များအတွက် ယူကျုံးမရ ဖြစ်ရရှာလေသည်။ အာဆိုက်မှာ မကြာမီပင် ကွယ်လွန်သွားလေရာ ပဲလမွန်နှင့် အယ်မီလီတို့သာမက အက်သင် တစ်မြို့လုံးပင် သူ့အတွက် များစွာကြေကွဲဝမ်းနည်းခြင်း ဖြစ်ကြလေသည်။
 
ပဲလမွန်သည်လည်း အာဆိုက်မှာကြားချက်အတိုင်း အယ်မီလီကို လပ်ထပ်ယူလေရာ မြို့စားကြီးကလည်း အနူး အညွတ် ခွင့်ပြုလေသည်။ အာဆိုက်မှာ ပြိုင်ပွဲကြီးတွင် တံခွန် စိုက်ခဲ့သော်လည်း အယ်မီလီအား လက်ထပ်သိမ်းပိုက်ရသူမှာ ပဲလမွန်ဖြစ်လေအောင် ကံတရား၏ စီမံပုံကား မကြုံစဖူး ထူးခြားဆန်းကြယ်လှပေသတည်း။