မနိ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အမြောက်အများ +အမြောက်အမြား, -ညိုငြင် +ငြိုငြင်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ပ +။ ပ, -။န +။ န, -။ထ +။ ထ, -။သ +။ သ, -အနောက်ဖက် +အနောက်ဘက်, -အရှေ့ဖက် +အရှေ့ဘက်)
 
စာကြောင်း ၅ -
ဇော်ရော့အက်စတာဘာသာဝင်ဂိုဏ်းငယ်လေးတစ်ခုကို ကိုးကွယ်သည့်မိသားစုမှ ဆင်းသက်လာပြီး နောင်အသက် ၁၂နှစ်အရွယ်မှစကာ အကြားအမြင်များရကာ တမန်တော်အဖြစ်ရရှိလာသည်ဟုဆိုသည်။ အသက် ၂၄နှစ်မှစကာ အယူဝါဒသစ်ကို စတင်ဟောပြောတော့သည်။ ဇာတိဒေသတွင် သူ့အယူမှာ လူကြိုက်များလှသည် မဟုတ်သဖြင့် အိန္ဒိယမြောက်ပိုင်းသို့ ရွေ့ပြောင်းလာပြီး ထိုဒေသမှ မင်းတစ်ပါးကို ဟောပြောသိမ်းသွင်းနိုင်ခဲ့သည်။
 
ခရစ်နှစ် ၂၇၂တွင် ပါရှသို့ပြန်လာပြီး [[ဆက်စနစ်အင်ပါယာ]] ကိုအုပ်ချုပ်နေသည့် ပါရှမင်း '''ပထမရှာပူရ်'''(Shapur-I)ကို ချဉ်းကပ်သိမ်းသွင်းနိုင်သဖြင့် အထင်အရှားအသိအမှတ်ပြုခြင်းမခံရသော်လည်း လွတ်လပ်စွာ ဟောပြောခွင့်ရလေသည်။ ဆက်စနစ်ဧကရာဇ်များဖြစ်သည့် '''ပထမရှာပူရ်'''(Shapur-I) နှင့် '''ပထမဟောမိဇ်'''(Hormizd-I)တို့လက်ထက်များတွင် လွတ်လပ်စွာ ဟောပြောခွင့်ရခဲ့ပြီး ယုံကြည်သူဦးရေ အတော်ပင်များပြားလာခဲ့ပြီး နိုင်ငံခြားဒေသများထိ သာဿနာပြုများစေလွှတ်နိုင်ခဲ့သည်။ သို့သော် ထိုစဉ်က ဆက်စနစ်အင်ပါယာ၏ နိုင်ငံတော်ဘာသာမှာ ဇော်ရော့အက်စတာဘာသာဖြစ်နေပြီးဖြစ်သောကြောင့် ဇော်ရော့အက်စတာဘာသာဝင် ဂိုဏ်းဘုန်းကြီးများ၏ ငြိုငြင်မှုများကို ခံခဲ့ရသည်။သို့ဖြင့်ခံခဲ့ရသည်။ သို့ဖြင့် နောက်နန်းတက်လာသည့်ဧကရာဇ် '''ပထမဘာရမ်'''(Bahram-I) လက်ထက် ၂၇၆တွင် ဖမ်းဆီးနှိပ်ကွပ် ခံရသည်။၂၆ရက်တိုင်ပင် ရက်စက်ကြမ်းတမ်းစွာ နှိပ်စက်ညှင်းပမ်းခံရပြီးနောက် တမန်တော်မနိ ကွယ်လွန်ရှာသည်။
 
== မနိရှေအစ်ဇမ်ဝါဒ အကျဉ်းချုပ် ==
မနိရှေအစ်ဇမ်ဝါဒတွင် [[ဗုဒ္ဓ]]၊[[ယေရှုခရစ်]] နှင့် [[ဇော်ရော့အက်စတာ]] တို့ကို တမန်တော်များအဖြစ် အသိအမှတ်ပြုပြီး ထိုသူများ၏ ဝါဒများထဲမှ ကောင်းနိုးရာရာတို့ကို ပေါင်းစုထားသည်။သို့သော်ပေါင်းစုထားသည်။ သို့သော် အများစုမှာ ဇော်ရော့အက်စထရီယမ်ဝါဒကို မှီငြိမ်းပြီး ထိုဝါဒမှ အကောင်းနှင့်အဆိုးအားပြိုင်သည့် သဘောကိုထုတ်နုတ်ကာ မွမ်းမံပြင်ဆင်ပြီး အများနှင့်ညီအောင် ဟောပြောပို့ချခဲ့သည်။နိဗ္ဗာန်ကဲ့သို့သော်၊ကောင်းကင်ဘုံကဲ့သို့သော်ဟောပြောပို့ချခဲ့သည်။ နိဗ္ဗာန်ကဲ့သို့သော်၊ကောင်းကင်ဘုံကဲ့သို့သော် နယ်ပယ်မျိုးမှာ အထွတ်အထိပ်ရည်မှန်းချက်ဖြစ်သည်။
 
ကိုယ်ကျင့်တရားအနေဖြင့် အလွန်တင်းကျပ်သည်ဟုဆိုရမည်ဖြစ်သည်။ ခန္ဓာကိုယ်ကိုယ်နှိုက်ကပင် အပြစ်ဖြစ်သဖြင့် ကာမနှီးနှောခြင်းကို မျိုးဆက်ပျံပွားရေးအတွက်ဖြစ်စေကာမူ တင်းကျပ်စွာတားမြစ်သည်။ထို့အတူတင်းကျပ်စွာတားမြစ်သည်။ ထို့အတူ အသားစားခြင်း နှင့် အရက်သေစာမှီဝဲခြင်း တို့ကိုလည်း ပိတ်ပင်သည်။ သို့သော် ထိုတားမြစ်ချက်များမှာ လက်ရွေးစင်လူတစ်စုအတွက်သာဖြစ်ပြီး တရားနာကြားသူ နောက်လိုက်များအတွက်မဟုတ်ဟု ဆိုပြန်သည်။ထို့ကြောင့်ဆိုပြန်သည်။ ထို့ကြောင့် နိဗ္ဗာန်သို့ ရောက်ရာတွင် လက်ရွေးစင်လူစုမှာ အမြန်ရောက်နိုင်ပြီး နောက်လိုက်တို့မှာ ကာလကြာရှည်မှသာရောက်နိုင်သည်ဟု အဆိုရှိသည်။
 
== ဖြတ်သန်းမှု သမိုင်း ==
မနိသက်ရှိထင်ရှားရှိစဉ်ကပင် သူ၏ဝါဒမှာ အလွန်အောင်မြင်သောအနေအထားရှိနေခဲ့ပြီဖြစ်သည်။ပါရှအင်ပါယာနှင့်အလွန်အောင်မြင်သောအနေအထားရှိနေခဲ့ပြီဖြစ်သည်။ ပါရှအင်ပါယာနှင့် အိန္ဒိယမြောက်ပိုင်းတွင်ပင် ယုံကြည်သူအများအပြားရှိနေပြီး ကွယ်လွန်ပြီးနောက်တွင်လည်း ဆက်လက်ပျံပွားခဲ့သည်။ အထွတ်အထိပ်ရောက်သည့် လေးရာစုဝန်းကျင်တွင် အနောက်ဖက်အနောက်ဘက် [[စပိန်]] မှ အရှေ့ဖက်အရှေ့ဘက် [[တရုတ်]]၊ထိုင်ဝမ် ဒေသများအထိ ရောက်ရှိသွားပြီး နောက်ပိုင်းတွင် [[ရောမအင်ပါယာ]]၏ နိုင်ငံတော်ဘာသာဖြစ်သည့် [[ခရစ်ယာန်ဘာသာ]]အတွက် အဓိကကျသော ခြိမ်းခြောက်မှုကြီးဖြစ်လာခဲ့သည်။ ([[စိန့်ဩဂတ်စတင်း]] ပင်လျှင် မနိဘာသာဝင်အဖြစ် ၉နှစ်နေထိုင်ခဲ့ဖူးသည်။) ထို့ကြောင့် ရောမအင်ပါယာ၏ အပြင်းအထန်နှိပ်ကွပ်မှုခံရပြီး ၆၀၀ခုနှစ်ဝန်းကျင်မှစပြီး အနောက်ဖက်တွင်အနောက်ဘက်တွင် ပျောက်ကွယ်သွားခဲ့ရသည်။
 
အရှေ့ဖက်တွင်အရှေ့ဘက်တွင် ဗဟိုအာရှ ၊[[တာကစ္စတန်]] ၊အနောက်တရုတ်ဒေသများ နှင့် [[မွန်ဂိုလီးယား]] တို့တွင် အများကိုးကွယ်သည့် ဘာသာအဖြစ်သို့ရောက်လာပြီး ၈ရာစုတွင် အိဂါးရ်စ်(Uighurs)တွင် နိုင်ငံတော်ဘာသာဖြစ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် တရုတ်ကုန်းတွင်းပိုင်းကိုဖြတ်သန်းကာ ထိုင်ဝမ်အထိပင် ပျံနှံသေးသည်။
 
ပါရှဒေသသို့ မူဆလင်တို့ ဝင်ရောက်လာသည့် ၇ရာစုကာလများတွင် မနိဘာသာလည်း တဖြည်းဖြည်း ယုတ်လျော့ရပေသည်။ ဘဂ္ဂဒက် ရှိအုပ်စိုးသူများကလည်း အကြီးအကျယ်နှိပ်ကွပ်ရာ မက်ဆိုပိုတေးမီးယား နှင့် အီရန်ရှိ မနိဂိုဏ်းဝင်များ ပျောက်ကွယ်ခဲ့ရသည်။ [[ဗဟိုအာရှ]]ဒေသတွင်လည်း ၉ရာစုအတွင်းတွင် များစွာကျဆင်းလာပြီး ၁၃ရာစုတွင် [[မွန်ဂို]]တို့ကျူးကျော်မှုကြောင့် အပြီးတိုင်ပြိုလဲသွားရသည်။သို့သော်အပြီးတိုင်ပြိုလဲသွားရသည်။ သို့သော် မနိဂိုဏ်းဝင်အနည်းငယ်ကို တရုတ်တွင် သူတွေ့ရှိခဲ့သေးသည်ဟု [[မာကိုပိုလို]]က သူ၏မှတ်တမ်းများတွင်ရေးသားခဲ့သေးသည်။
 
ထိုအချိန်တွင် မနိဂိုဏ်းခွဲလေးများစွာသည် အနောက်ဖက်တစ်လွှားတွင်အနောက်ဘက်တစ်လွှားတွင် နေရာယူလှုပ်ရှားနေပြီဖြစ်သည်။ထိုအထဲမှနေရာယူလှုပ်ရှားနေပြီဖြစ်သည်။ ထိုအထဲမှ ပိုလီစီယာ အမည်ရှိဂိုဏ်းမှာ ဘန်ဇန်တိုင်းအင်ပါယာတွင်လည်းကောင်း ၊ ဗိုဂိုမီလ်ဂိုဏ်းက ဘောလ်ကန်ဒေသတွင်လည်းကောင်း အသီးသီး ရပ်တည်ခဲ့ကြသည်။ သို့သော် ဥရောပတွင် ပေါ်ထွန်းခဲ့သမျှ မနိဂိုဏ်းများတွင် အင်အားအကြီးဆုံးမှာ ကတရိဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းမှာ ၁၂ရာစုတွင် အထင်ရှားဆုံးဖြစ်လာပြီး ပြင်သစ်တောင်ပိုင်းတွင် ယုံကြည်သူပေါများလှသည်။ သို့သော် ထိုနောက်လိုက်များက သူတို့ကို ခရစ်ယာန်များအဖြစ်သာ ခံယူလေ့ရှိကြပြီး ရှေးရိုးစွဲခရစ်ယာန်များကတော့ ထိုသူများကို မိစ္ဆာဒိဌိများဟု သတ်မှတ်သည်။နောက်ဆုံးတွင်သတ်မှတ်သည်။ နောက်ဆုံးတွင် အလယ်ခေတ်၏ အယူသီးဆုံးပုဂ္ဂိုလ်ဖြစ်သည့် ပုပ်ရဟန်းမင်း '''တတိယအင်နိုဆင်''' က စီမံကိန်းဖြင့် ဖြတ်ဆီးသဖြင့် ထိုဂိုဏ်းလည်း ပျက်ရလေသည်။ ထိုနှိမ်နှင်းမှုတွင် လူသူအမြောက်အမြား သေကြေရပြီး ပြင်သစ်တောင်ပိုင်းဒေသမှာလည်း ထိုဒဏ်ဖြင့် ပျက်စီးလုလုဖြစ်ခဲ့ရသည်။ ထိုသို့ ရက်စက်စွာနှိမ်နှင်းသော်လည်း အီတလီတွင် ၁၅ရာစုခန့်အထိ မနိဂိုဏ်းငယ်လေးများ ဆက်လက်တည်ရှိနေခဲ့သေးသည်။ ယခုခေတ်တွင်မူ မနိဂိုဏ်းမှာ အစရှာမရအောင်ပင် ပျောက်ကွယ်ခဲ့ရပြီဖြစ်သည်။
 
== ရည်ညွှန်းကိုးကား ==
"https://my.wikipedia.org/wiki/မနိ" မှ ရယူရန်