ညောင်ရမ်းမင်းတရားကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အနောက်ဖက် +အနောက်ဘက်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ချီးမြောက် +ချီးမြှောက်, -ဖူးမျှော် +ဖူးမြော်)
စာကြောင်း ၁ -
ညောင်ရမ်းမင်းတရားကြီး(၁၆၀၀- ၁၆၀၆)၏ ငယ်မည်မှာ ရှင်သစ္စာဖြစ်သည်။ [[ဘုရင့်နောင်]] အိမ်နှိမ့်တွင်ရှိနေစဉ် အရပ်သူခင်ပြည့်စုံနှင့် သင့်မြတ်ပေါင်းသင်းကာ ဖွားမြင်သူဖြစ်သည်ဟု ဆိုသည်။ နန်းတွင်းသို့ရောက်လာပုံမှာ [[ကျန်စစ်သား]]၊သမ္ဘူလနှင့် [[ရာဇကုမာရ်]]တို့ ဇာတ်လမ်းကဲ့သို့ပင်ဖြစ်သည်။ ဘုရင့်နောင်[[ဟံသာဝတီ]]တွင် စိုးစံနေချိန် ခင်ပြည့်စုံက သက်သေခံလက်စွပ်နှင့် သားဖြစ်သူကိုခေါ်ကာ နန်းတွင်းသို့ဝင်ရောက် ဖူးမျှော်သည်။ဖူးမြော်သည်။ ဘုရင့်နောင်က ချက်ချင်းလက်ခံအသိအမှတ်မပြုပဲ ငြင်းပယ်သေးသည်ဟုဆိုသည်။ သို့ဖြင့် [[မွန်ဝန်ကြီးဗညားဒလ]]၏ အကြံပေးမှုဖြင့် [[ကမ္ဘာလေးရပ်ပြိုင်ခြင်း|ရေပြိုင်]]ကြရာ ခင်ပြည့်စုံက နှာခေါင်းနှင့်မျက်နှာကို ရေဖလားတွင်နှစ်ရပြီး ဘုရင့်နောင်က မင်းဧကရာဇ်ဖြစ်သည့်အတွက် ခြေမသာနှစ်ရသည်။ နောက်ဆုံးတွင် ဘုရင့်နောင်လည်း ချစ်ခင်ပေါင်းသင်းဖူးသည့် သံယောဇဉ်ဖြင့် သနားစိတ်ဝင်ကာ လက်ခံခဲ့သည်။ ညောင်ရမ်းမင်း၏မိဖုရားမှာ သီရိ မဟာ ဓမ္မရာဇာ ဓိပတိ ဒေဝီ ဖြစ်သည်။ ညောင်ရမ်းမင်းနှင့် အဖေတူ အမေကွဲ မောင်နှမဖြစ်သည်။
 
== မြို့စားဘဝ ==
အရွယ်ရောက်လျှင် ရှင်သစ္စာအား အခြားမင်းညီမင်းသားများနည်းတူ မြို့စားရွာစားပေးရန် စီစဉ်ကာ ညောင်ရမ်းမြို့ကိုစားစေသည်။ ထို့ပြင် ရှမ်းပြည်တစ်လွှားတွင်လည်း ဟံသာဝတီ၏ ကိုယ်စားလှယ်အနေဖြင့် လှည့်လည်ရန် အာဏာပေးသည်။ [[ဘုရင့်နောင်]]လွန်၍ [[နန္ဒဘုရင်]]လက်ထက်တွင် ရှမ်းပြည်မှ ပုန်ကန်မှုအချို့ကို နှိမ်နှင်းခဲ့ရာ '''မင်းရဲနန္ဒမိတ်'''ဟူသောဘွဲ့ဖြင့် ချီးမြောက်ခဲ့သည်။ချီးမြှောက်ခဲ့သည်။ [[နန္ဒဘုရင်]]၏ ဗဟိုအာဏာအား အခြားလက်အောက်ခံတို့ ပုန်ကန်ခြားနားရာ ညောင်ရမ်းစား မင်းရဲနန္ဒမိတ်လည်း ပါဝင်ခဲ့သည်။ ဟံသာဝတီကျဆုံးပြီးနောက် [[တောင်ငူ]]မှ [[မင်းရဲသီဟသူ]]နှင့် [[ပြည်]]မှ မင်းကြီးနှောင်းတို့ ပူးပေါင်းကာ ညောင်ရမ်းကို တိုက်ရန် စီစဉ်သော်လည်း မင်းကြီးနှောင်းကို အထိန်းတော်ရန်နိုင်စားက လှေပေါ်အတက်တွင် လုပ်ကြံသဖြင့် ပြည်တပ်များ မချီတက်နိုင်သကဲ့သို့ တောင်ငူတပ်များလည်း ပြန်လည်ဆုတ်ခွာသွားသည်။ ပြည်တပ်မှ စလင်းစားနှင့် ငွေတရဖျားတို့လည်း အင်အားအလုံးအရင်းနှင့် ညောင်ရမ်းသို့ ခိုလှုံသည်။
 
== နယ်ပယ်များသိမ်းသွင်းခြင်း ==