ခရစ်ယာန်လူငယ်များအသင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး "typo fixing ဝလုံး/သုည"
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ပ +။ ပ)
 
စာကြောင်း ၁၁ -
 
မျက်မှောက်ခေတ်တွင် ခရစ်ယာန်လူငယ်များအသင်း၏ ရည်ရွယ်ချက်မှာ ယခင်အခါများကထက်ပင် ကျယ်ပြန့်လာလေ တော့သည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ လူငယ်များ၏ စည်းရုံးရေးကို အဓိကထား၍၊ လူမှု ဝန်ထမ်းစိတ်ဓာတ် မွေးမြူ မှု၊ စာရိတ္တကောင်းမွန်မှု၊ အပေါင်းအသင်းဝင်ဆံ့မှု၊ ကိုယ်လက် ကြံ့ခိုင်မှု၊ ပညာရည် တိုးတက်မှုတို့သည်လည်း အသင်း၏ ရည်ရွယ်ချက်တွင် အကျုံးဝင်လျက် ရှိပေသည်။ အသင်း တိုက်များတွင် စာသင်တန်းများ၊ ဟောပြောပွဲများ၊ မိတ်ဆက်
ပွဲများ၊ ဆွေးနွေးပွဲများ၊ ကစားခုန်ပွဲများ စသည်တို့ကို အသင်း ဝင်တို့၏ အကျိုးအလို့ငှာ မကြာခဏ ပြုလုပ်လေ့ရှိသည်။ပထမကမ္ဘာစစ်ကြီးအတွင်း၌ပြုလုပ်လေ့ရှိသည်။ ပထမကမ္ဘာစစ်ကြီးအတွင်း၌ ခရစ်ယာန်လူငယ်များ အသင်း ဝင်တို့သည် ရန်ပုံငွေအမြောက်အမြား စုဆောင်းကာ၊ စစ်သား များ စိတ်လက်ဖျော်ဖြေရေးနှင့် သက်သာချောင်ချိရန်အတွက် စစ်တပ်ရိပ်သာများကို ဖွင့်လှစ် တိုးချဲ့၍ ဖွင့်လှစ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ မန္တလေးမြို့၊ မေမြို့နှင့် မော်လမြိုင် မြို့များ၌ ဝိုင်၊ အမ်၊ စီ၊ အေ အသင်းများ တည်ထောင်ပြီး ဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>
 
ခရစ်ယာန်လူငယ်များအသင်းနှင့် ရည်ရွယ်ချင်ချင်း တူညီ သောအသင်းတစ်ခုမှာ ဝိုင်၊ ဒဗျူ၊ စီ၊ အေ၊ ခေါ် ခရစ်ယာန် မိန်းကလေးများအသင်း ဖြစ်၏။ ထိုအသင်းကို အင်္ဂလန်နိုင်ငံတွင် ၁၈၅၅ ခုနှစ်၌ စတင်တည်ထောင် ခဲ့သည်။ ခရစ်ယာန် လူငယ်များအသင်းသည် အမျိုးသားများအတွက် အကျိုးဆောင်