မဟာအလက်ဇန္ဒား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နိုင်ပါသည် +နိုင်သည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အနောက်ဖက် +အနောက်ဘက်, -မြောက်ဖက် +မြောက်ဘက်, -အရှေ့ဖက် +အရှေ့ဘက်, -တောင်ဖက် +တောင်ဘက်)
စာကြောင်း ၄၉ -
ဘီစီ ၃၃၆ တွင် အလက်ဇန္ဒား၏ဖခင်ဖြစ်သူ မက်စီဒိုးနီးယား ဘုရင် ဖိလစ် ၂ လုပ်ကြံခံရပြီးနောက် ထီးနန်းဆက်ခံခဲ့သည်။ ဖိလစ်သေဆုံးပြီး နောက် အလက်ဇန္ဒားသည် ဖခင်သိမ်းပိုက်ခဲ့သော အင်ပါယာနှင့် တိုက်ရည်ခိုက်ရည်ပြည့်၀ပြီး ဖြစ်သော စစ်တပ်ကို အမွေရရှိ ခဲ့သည်။ ၎င်းသည် ဂရိစစ်သေနာပတိချုပ် ရာထူးကိုခန့်အပ်ခံရပြီးနောက် ဖခင်လက်ထက် နယ်မြေချဲ့ ထွင်ရေး စီမံချက်ကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ဘီစီ ၃၃၄ တွင် Achaemenid အင်ပါယာအား ကျူး ကျော်သိမ်းပိုက်ပြီးနောက် Asia Minor အား အုပ်ချုပ်သည့် အချိန်မှစရျ် ၁၀ နှစ်ခန့်ထိ စစ်ပွဲများဆက်တိုက် ဆင်နွဲခဲ့ရသည်။ Issus တိုက်ပွဲ Gaugamela တိုက်ပွဲတို့ဖြင့် Persia တို့၏ ဩဇာကို ချိုးဖဲ့ခဲ့သည်။ ထို့နောက်ပိုင်းတွင် Persia ဘုရင် Darius III ကိုအောင်နိုင်ကာ Persia အင်ပါ၏ အရှင်သခင်ဖြစ်လာခဲ့ သည်။ မျက်မှောက်ခေတ်တွင် Adriatic ပင်လယ် မှ Indus မြစ်ထိ ကျယ်ဝန်းသည်။
 
([[အင်္ဂလိပ်ဘာသာ]]ဖြင့်-)သည် ဖခမည်းတော် [[မက်စီဒိုးနီးယား]]ဘုရင် ဖိလစ်နှင့် မယ်တော် အိုလံပီယာမှ ဖွားမြင်သည့်သား ဖြစ်သည်။ မွေးဖွားပြီးနောက်တွင် ဖခမည်းတော်ဖိလစ်မှာ မက်စီဒိုးနီးယားမှ မြောက်ဖက်နယ်မြောက်ဘက်နယ် အနည်းငယ်နှင့် တောင်ဖက်တောင်ဘက် ဂရိနိုင်ငံများကို သိမ်းယူပြီးဖြစ်သည်။ ငယ်စဉ်ကပင် ထက်မြက်သည့်အလျှောက် အသက် ၁၃ နှစ်တွင် ဆရာဖြစ်သူ [[အရစ္စတိုတယ်]]၏ သွန်သင်ပြသမှုများကို ခံယူပြီး အသက် ၂၀ တွင် ဖိလစ်လုပ်ကြံခံရသဖြင့် ဂရိတို့၏ဘုရင် ဖြစ်လာတော့သည်။ နန်းတက်စတွင် လက်အောက်ခံများက မက်စီဒိုးနီးယား၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန် အကြံဖြင့် ပုန်ကန်ကြသည်။ သို့သော် ငယ်ရွယ်သည့် အလက်ဇန္ဒားသည် အဆိုပါ တွန်းလှန်မှုများကို ရက်စက်စွာ နှိမ်နှင်းပြခြင်းဖြင့် ငြိမ်ဝပ်စေခဲ့သည်။
 
== နယ်ပယ်ချဲ့ထွင်ခြင်း ==
ဘီစီ ၃၃၄ မှစကာ အလက်ဇန္ဒား၏ နယ်ပယ်ချဲ့ထွင်မှုကို မရပ်မနား စတင်တော့သည်။ ရှေးဦးစွာ တပ်အနည်းငယ်ကိုသာ [[ဂရိနိုင်ငံ|ဂရိ]]တွင် အစောင့်အနေဖြင့် ချန်ထားပြီး စစ်သည် ၃၅၀၀၀ ဖြင့် [[ပါရှန်းအင်ပါယာ]]ကို ထိုးစစ်ဆင်သည်။ ထိုစဉ်က [[အာရှ]]မှ နှစ် ၂၀၀ သက်တမ်းရှိ ပါရှန်းအင်ပါယာ (အီဂျစ်မှ အိန္ဒိယထိ) မှာ ဂရိတို့နယ်မြေနှင့် နှိုင်းယှဉ်လျှင် အလွန့်အလွန်မှ ကြီးကျယ်လှသဖြင့် ငယ်ရွယ်သည့် အလက်ဇန္ဒား၏ အင်အားမှာ ပျက်ရယ်ပြုဖွယ် အဆင့်ပင်ဖြစ်နေသည်။ သို့သော် အမှန်တကယ် တိုက်ခိုက်သည်နှင့် ပါရှားတို့ သိလာသည်မှာ ဖိလစ်ဘုရင်က သားဖြစ်သူအတွက် အမွေချန်ရစ်ပေးခဲ့သော ဂရိ-မက်စီဒုံ တပ်ပေါင်းတို့၏ စစ်ရေးစွမ်းရည်မှာ အနယ်နယ်အရပ်ရပ်မှ စုစည်းထားသည့် ပါရှန်းအင်ပါယာ၏ တပ်ထက် များစွာသာလွန်ကြောင်းပင်ဖြစ်သည်။ သို့ဖြင့် ပါရှန်းအင်ပါယာ၏ အနောက်ဖက်မျက်နှာစာအနောက်ဘက်မျက်နှာစာ အာရှမိုင်းနားဒေသများဖြစ်သည့် ယနေ့ [[ဆီးရီးယား]]၊ [[လက်ဘနွန်]]၊ [[အစ္စရေးနိုင်ငံ|အစ္စရေး]]၊ [[ပါလက်စတိုင်း]]၊ ဂါဇာ၊ [[အီဂျစ်နိုင်ငံ|အီဂျစ်]]တို့မှာ အလက်ဇန္ဒား၏ လက်အောက်ကို အချိန်တိုအတွင်း ကျရောက်ပြီးနောက် အီဂျစ်မှ ရဟန်းများက သူ့အား ဖာရိုဘွဲ့ဖြင့် ပူဇော်ကာ နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ကြေညာပေးသည်။ ထိုတိုက်ပွဲစဉ်များအတွင်း ခက်ခဲသည့် တိုက်ပွဲဟူ၍ ဖီနီစီယမ်ကျွန်းမှ တိုင်ရာမြို့ခံတပ်ကို ၇ လကြာ တိုက်ရသည်သာရှိသည်။ ထိုစဉ်က ပါရှန်းဧကရာဇ် ဒရိုင်းယပ်စ်-၃ က ပါရှားနယ် တစ်ဝက်ပေးကာ စစ်ပြေငြိမ်းရန် ကမ်းလှမ်းသော်လည်း လက်မခံခဲ့ပေ။ ထိုကိစ္စနှင့် ပတ်သတ်၍ စစ်သူကြီး ပါမီနီယိုက "ငါသာ အလက်ဇန္ဒားဖြစ်ရင် ဒီကမ်းလှမ်းချက်ကို လက်ခံမိမယ်။"ဟု ဆိုသည်ကို အလက်ဇန္ဒားကလည်း "ငါသာ ပါမေနီယိုဆိုရင်လည်း ဒီကမ်းလှမ်းချက်ကို လက်ခံတာပေါ့။" ဟုပြန်လည်ချေပခဲ့သည်။
 
အီဂျစ်မှ အာရှဖက်သို့ ပြန်လှည့်ပြီး ဘီစီ ၃၃၁ တွင် [[ဂေါဂါမီလာတိုက်ပွဲ]]၌ မိမိထက်အင်အားများစွာ သာလွန်သည့် ပါရှန်းတပ်မကြီးကို အပြတ်အသတ် နိုင်သဖြင့် ဘေဘီလုံသို့ ဆက်လက်ချီတက်သည်။ နောက် ပါရှန်းမြို့တော်များဖြစ်သည့် စုစု နှင့် ပါစီပိုလစ် တို့ဆီ ချီတက်သည်။ ထိုအချိန်တွင်ပဲ ပါရှန်းဧကရာဇ် ဒရိုင်းယပ်စ်-၃ က လက်နက်ချရန် ကြံရာ သူ၏ နောက်လိုက်များက သတ်ဖြတ်လိုက်ကြသည့်အတွက် အီရန် (ပါရှန်း) တို့အင်အားမှာ ပြိုကွဲခြင်းသို့ရောက်လေသည်။ ဘီစီ ၃၃၀ မှ သုံးနှစ်အတွင်း ပါရှန်းတပ် အကြွင်းအကျန်များကို နှိမ်နှင်းပြီး အီရန်အရှေ့ဖက်ခြမ်းကိုအီရန်အရှေ့ဘက်ခြမ်းကို သိမ်းယူသည်။
 
== နောက်ဆုံး အချိန်ကာလများ ==
စာကြောင်း ၆၆ -
# နောက်တစ်ကြောင်းမှာ ခေတ်အဆက်ဆက်တွင် သူသာအတော်ဆုံး စစ်ဗိုလ်ချုပ်၊ စစ်ဘုရင်ဟု ဆိုရလောက်အောင်ပင် ထူးချွန်လှသည့် စစ်ခေါင်းဆောင်ဖြစ်သည်။ မိမိထက် အင်အား အလွန်သာလွန်သည့် ပါရှန်းတပ်များကို အင်အားနည်းနည်းဖြင့် ဆက်ကာဆက်ကာ အောင်နိုင်သည်ကို ကြည့်လျှင် အလက်ဇန္ဒား၏ စစ်ရေးသေနင်္ဂ နည်းဗျူဟာတွင် တစ်ဖက်ကမ်းခတ် ပိုင်နိုင်ပုံကို သိနိုင်သည်။
 
သို့သော် မကြာခဏ သေဘေးနှင့် ကြုံရသည့်တိုင် စစ်ဘုရင်ကြီးမှာ သေဘေးနှင့်နီးသည်ဟု မိမိကိုယ်ကို အသိမဝင်ပဲ နန်းလျာ မသတ်မှတ်သဖြင့် ၎င်း၏လက်နက်နိုင်ငံမှာ အလွယ်တကူပင် ပြိုလဲရခြင်းမှာ အလွန်မှ အံ့ဖွယ်ကောင်းလှသည်။ အသေမစောလျှင် ကမ္ဘာ့သမိုင်းကို ယခုထက် ပြောင်းလဲခဲ့ဦးမည်သာဖြစ်သည်။ တိုက်စရာ နယ်ပယ် ကျန်သရွေ့ကို တိုက်ဦးမည်သာဖြစ်သည်။ အိန္ဒိယကိုရလျှင် စစ်တပ်ကို အနောက်ဖက်လှည့်ပြီးအနောက်ဘက်လှည့်ပြီး [[အာဖရိက]]နှင့် [[မြေထဲပင်လယ်]] ကမ်းခြေများကိုပါ သိမ်းယူရန် ဆန္ဒရှိသေးသည် ဟုဆိုကြသည်။
 
သူ့ကျေးဇူးကြောင့် ယခင်က ဂရိတို့မသိခဲ့၊ မမြင်ခဲ့သည့် အရှေ့တိုင်း ယဉ်ကျေးမှုကို မြည်းစမ်းသုံးစွဲခွင့်ရပြီး အရှေ့၊ အနောက် ယဉ်ကျေးမှုခြင်း ဖလှယ်ကြသဖြင့် များစွာအကျိုးဖြစ်ထွန်းသည် ဟုဆိုနိုင်သည်။ ဤဆက်ဆံရေးတို့ကြောင့် ၎င်းနတ်ရွာစံပြီး နောင်နှစ်ပေါင်း ရာချီအတွင်း [[ဟယ်လင်နစ်ခေတ် ယဉ်ကျေးမှု]] ပေါ်ထွန်းကာ ဂရိတို့ တိုးတက်လာရသည်။ အဆိုပါ ဟယ်လင်နစ် ယဉ်ကျေးမှုမှာ ဂရိမှ ရောမ သို့ဆက်လက်စီးဆင်းပြီး နောင် ဥရောပ တစ်ဝန်းပျံ့နှံ့သေးသဖြင့် သူ့ကျေးဇူးမှာ [[ဥရောပ]]အပေါ်တွင်လည်း ရှိသေးသည် ဟုဆိုနိုင်သည်။ ထို့ပြင် အိန္ဒိယတွင်လည်း ရှေးကမရှိခဲ့သည့် ဘာသာရေးဆိုင်ရာ ရုပ်တုများကို ဂရိယဉ်ကျေးမှု အငွေ့အသက်များ ဖြင့်ထုလုပ်လာကြသည်။