မဲလ်ဘုန်းမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Replaced ‘ဩစတေးလျ’ with ‘ဩစတြေးလျ’.
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အရှေ့ဖက် +အရှေ့ဘက်, -။မ +။ မ)
စာကြောင်း ၈ -
အဆောက်အအုံများလည်း အမြောက်အမြားရှိသည်။
 
လက်ရှိ ရာစု နှစ်ဦးပိုင်းက မဲလ်ဘုန်းမြို့တွင် အဆောက်အအုံများကို ၁၃၂ ပေ အမြင့် အထိသာ ဆောက်လုပ်ရမည်ဟု ကန့်သတ်ချက် ထုတ်ပြန်ခဲ့သော်လည်း ၁၉၅ဝ ပြည့်နှစ်လယ် လောက်ကမူ ပေ ၂၃ဝ အမြင့်ရှိသော အစိုးရရုံးကို အရှေ့ဖက်အရှေ့ဘက် မဲလ်ဘုန်းတွင်ဆောက်လုပ်ရန် စီမံ စိုင်းပြင်းပြီးလျှင် စိန်ကီလဒါ၌ ပေ ၂၅ဝ အမြင့် ဆောင်သော မိုးမျှော်တိုက် နှစ်ဆောင်တွဲကို ဆောက်လုပ်ခြင်းဖြစ်ဖြင့် ကန့်သတ်ချက်ကို ပြင်ဆင်လိုက်ပေသည်။ တိုက်တာ အဆောက် အအုံများ အပြင် မြို့တွင်ဝယ် ဥယျာဉ်ပန်းခြံ ကစားကွင်းများစွာလည်းရှိပေသည်။ မဲလ်ဘုန်းမြို့သည် ကမ္ဘာစစ်များ၏ ဒဏ်ကို မခံခဲ့ရချေ။
 
ဤသို့ ကြီးကျယ်ခမ်းနားသော မဲလ်ဘုန်းမြို့သည် စီးပွားရေးအားဖြင့်လည်း ဖွံ့ဖြိုး၍ စည်ကားပေ၏။ စက်မှုလက်မှုထွန်းကားသော မြို့ဖြစ်၏။ မဲလ်ဘုန်းမြို့၌ အထည်ကြီးစက်ပစ္စည်းများနှင့် လယ်ယာထွက်ပစ္စည်းများ ထုတ်လုပ်သည်။ စက်ပစ္စည်းတွင် မော်တော်ကား၊ လေယာဉ်ပျံ၊ မီးရထားပစ္စည်းများ၊ ဓာတ်အားပေးစက်ရုံ တန်ဆာ ပလာများ၊ သံမဏိထည်များ၊ လယ်ယာ စိုက်ပျိုးရေး ကိရိယာများ၊ မြေသယ်စက်၊ မြေတူးစက်၊ ဓာတ်ပစ္စည်း ကိရိယာများ အစရှိသည့် အထည်ကြီး စက်ပစ္စည်းများ ပါဝင်သည်။ ထို့ပြင် ဂျုံ၊ဂျုံမှုန့်၊ နို့ထွက်ပစ္စည်းများ၊ သစ်သီးသစ်နှံ၊ နွားမှ ရရှိသော ပစ္စည်းများ၊ သိုးမွေး၊ [[အထည်အလိပ်]]၊ စက္ကူ အစရှိသော ပစ္စည်းအမျိုးစုံလည်းထွက်သည်။
 
မဲလဗုန်းမြို့၏ မြို့လယ်မှာ စက်မှုလက်မှု လုပ်ငန်းအဝဝ စုဝေရာဌာနဖြစ်၍ ၈၅ ရာခိုင်နှုန်းသော လုပ်ငန်းများ၏ တည်ရာဌာနဖြစ်၏။ မဲလဗုန်းမှ စက်မှုလက်မှုပစ္စည်းတို့သည် ဗစ်တိုးရီးယားပြည်နယ်ထွက် ပစ္စည်းအနက် ၈၅ ရာခိုင်နှုန်းဖြစ်လျက်၊ ဩစတြေးလျတိုက်မှ စက်မှုလက်မှု ပစ္စည်းအနက် ၂၈ ရာခိုင်နှုန်း ဖြစ်ပေသည်။ မဲလ်ဘုန်းမြို့သည် သယ်ယူပို့ဆောင် ရေးတွင် အချက်အချာဌာနဖြစ်၏။မြို့၏အချက်အချာဌာနဖြစ်၏။ မြို့၏ မြောက်ဘက်တွင်
ကီလမိုတောင်ကြားသည် အရှေ့နှင့် အနောက် ကုန်းပြင်မြင့်များကို ခြားထား၍ ဝိတိုရိယ မြောက်ပိုင်းနှင့် နယူးဆောက်ဝေးပြည်နယ်
များသို့ ပေါက်ရောက်သည့် မီးရထားလမ်းနှင့်မော်တော်ကားလမ်း များ၏ တည်ရာဖြစ်လေသည်။ ပြည်တွင်းပြည်ပကုန်ပစ္စည်း