အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ဒ +။ ဒ, -။ခ +။ ခ, -။အ +။ အ, -။ပ +။ ပ, -။လ +။ လ, -။ထ +။ ထ, -။ယ +။ ယ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ျိူ +ျို)
စာကြောင်း ၁၁၉ -
အီးမေး(လ်) သည် အင်တာနက်ပေါ်တွင် ရရှိနိုင်သော အရေးပါသည့် ဆက်သွယ်ရေး ဝန်ဆောင်မှု ဖြစ်သည်။ ပို့သူနှင့် လက်ခံရရှိသူအကြား အီလက်ထရောနစ်ဖြင့် စာပို့ဆောင်သည့် သဘောတရားမှာ အင်တာနက်မပေါ်မီကာလက စာ သို့မဟုတ် မှတ်တမ်းများပို့ခြင်းနှင့် အချို့အဝက်ဆင်တူသည်။ ယနေ့အချိန်အခါတွင် ၎င်းမှာ အင်တာနက်နှင့် အင်တာနယ်(လ်) အီးမေး(လ်)စနစ်များ အကြားတွင် ခွဲခြားသိမြင်ရန် အရေးကြီးသည်။ အင်တာနက် အီးမေး(လ်)သည် တစ်နေရာမှ တစ်နေရာသို့ သွားနိုင်ပြီး လျှို့ဝှက်ကုတ်နှင့် မဟုတ်ဘဲ ပို့သူနှင့် လက်ခံရရှိသူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အခြားများပြားသော ကွန်ယက်များနှင့်စက်များပေါ်တွင် သိမ်းဆည်းထားနိုင်သည်။ ဤအချိန်အတောအတွင်း တစ်စုံတစ်ယောက်က အရေးကြီးသည်ဟု ယူဆပါက၊ မဆိုင်သည့် ဘေးလူများမှ ပါဝင်သော အကြောင်းအရာများကို ဖတ်ရှုနိုင်ပြီး မရိုးမသားပြုလုပ်နိုင်ရန်မှာ အတော်ပင် ဖြစ်နိုင်ခြေရှိသည်။ မည်သည့်အဖွဲ့အစည်းတွင်မဆို IT နှင့် ယင်းတို့အား လိပ်မူမထားသော အခြားဝန်ထမ်းများ၏ အီးမေး(လ်)များကို စောင့်ကြည့်စစ်ဆေးခြင်း၊ ရံဖန်ရံခါ ဝင်ရောက်ကြည့်ခြင်း အလုပ်များတွင် ပါဝင်ပတ်သက်နေသော အခြားအမှုထမ်းများ ရှိသော်လည်း၊ ကော်ပိုရေးရှင်း သို့မဟုတ် အဖွဲ့အစည်း၏ ကွန်ယက်အတွင်းမှ မည်သည့်အခါမျှ သတင်းအချက်အလက်များ ထွက်မသွားသည့် အင်တာနယ်(လ်) သို့မဟုတ် အင်ထရာနက် မေး(လ်) စနစ်များမှာမူ ပိုမို၍ လုံခြုံစိတ်ချရသည်။ ဓာတ်ပုံများ၊ စာရွက်စာတမ်းများနှင့် အခြားဖိုင်များကို အီးမေး(လ်)နှင့် တွဲဖက်၍ ပို့နိုင်သည်။ အီးမေး(လ်)များကို လက်ခံသူ အီးမေး(လ်)လိပ်စာများ အများအပြားသို့ cc-ed ခေါ် ကော်ပီ ပို့နိုင်သည်။
 
အင်တာနက်ဖြင့် စကားပြောဆက်သွယ်ခြင်းစနစ်သည် အင်တာနက် ဖန်တီးမှုကြောင့် ဖြစ်ပေါ်စေခဲ့သည့် အများသိသော ဆက်သွယ်ရေး ဝန်ဆောင်မှုပင် ဖြစ်သည်။ VoIP မှာ အင်တာနက် ပရိုတိုကောမှ တဆင့်လာသော အသံဟု အဓိပါယ်ရသည်။ အင်တာနက် ဆက်သွယ်ရေးအားလုံးအပေါ် အခြေခံသည့် ပရိုတိုကောကို ရည်ညွှန်းခြင်းဖြစ်သည်။ စိတ်ကူးမှာ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များက စတင်ခဲ့ပြီး ကိုယ်ပိုင် ကွန်ပျူတာများ အတွက် လမ်းလျှောက် စကားပြောစက်များနှင့် ဆင်တူသော အသံအသုံးချ ပရိုဂရမ်များ ဖြစ်သည်။ မကြာသေးသောနှစ်များက VoIP စနစ်အများအပြားမှာ သာမန်တယ်လီဖုန်းကဲ့သို့ အဆင်ပြေပြီး အသုံးပြုရန်လွယ်ကူ လာသည်။ အကျိူးကျေးဇူးမှာအကျိုးကျေးဇူးမှာ အင်တာနက်က အသံအသွားအလာကို သယ်ဆောင်သောကြောင့် VoIP မှာ အခမဲ့ဖြစ်နိုင်သည် သို့မဟုတ် ကုန်ကျစရိတ်မှာ သာမန်သုံးနေကျ တယ်လီဖုန်း ခေါ်ဆိုခထက် အလွန်နည်းပါးနိုင်သည်။ အထူးသဖြင့် အလွန်ဝေးသော နေရာဒေသများနှင့် အထူးသဖြင့် cable သို့မဟုတ် ADSL တို့ဖြင့် အင်တာနက် ချိတ်ဆက်ခြင်း အမြဲရှိနေသောသူများအတွက် ဖြစ်သည်။
 
VoIP သည် သာမန်သုံးနေကျ တယ်လီဖုန်း ဝန်ဆောင်မှု၏ အခြားရွေးချယ်စရာ ပြိုင်ဘက်တစ်ခုအဖြစ်သို့ ဖွံ့ဖြိုးလာခဲ့သည်။ ကွဲပြားသော ထောက်ပံ့သူများအကြား အတုံ့အပြန်ပြုလုပ်နိုင်ခြင်းမှာ တိုးတက်လာခဲ့ပြီး၊ သာမန်သုံးနေကျ တယ်လီဖုန်းမှ ခေါ်ဆိုနိုင်ခြင်း သို့မဟုတ် လက်ခံနိုင်ခြင်းတို့ ပြုလုပ်နိုင်လာသည်။ ရိုးရိုးပင် ကိုယ်ပိုင်ကွန်ပျူတာတစ်လုံး လိုအပ်မှုကို ဖယ်ရှားထားသော ဈေးသက်သာသော VoIP ကွန်ယက် အဒက်(ပ်)တာများ ရရှိနိုင်သည်။ ခေါ်ဆိုမှု တစ်ခုနှင့်တစ်ခု အကြား အသံအရည်အသွေး ခြားနားခြင်းများ ရှိနိုင်သော်လည်း မကြာခဏဆိုသလိုပင် သာမန်ခေါ်ဆိုနေကျ ဖုန်းများနှင့် တန်းတူ သို့မဟုတ် ယင်းတို့ထက် သာလွန်ကောင်းမွန်ပါသည်။ VoIP အတွက် ကျန်ရှိဆဲ ပြဿနာများတွင် အရေးပေါ် တယ်လီဖုန်းနံပါတ် ခေါ်ဆိုခြင်းနှင့် ယုံကြည် စိတ်ချရမှုတို့ ပါဝင်သည်။ လက်ရှိတွင်၊ VoIP ထောက်ပံ့သူ အနည်းငယ်တို့မှာ အရေးပေါ် ဝန်ဆောင်မှုကို ပေးသော်လည်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအတွက်မူ မရရှိနိုင်ပေ။ သာမန်သုံးနေကျ ဖုန်းများမှာ ကြိုးလိုင်း မှ ပါဝါရရှိနိုင်ပြီး လျှပ်စစ်ပြတ်တောက်နေချိန်တွင် အသုံးပြုနိုင်သည်။ VoIP မှာ ယင်းကဲ့သို့မဟုတ် ဖုန်းပစ္စည်းကိရိယာနှင့် အင်တာနက် ဝင်ရောက်ကြည့်ရှုရန် ကိရိယာများအတွက် ထောက်ပံ့သည့် လျှပ်စစ်သိုလှောင်ထားရှိမှု (backup power source) မရှိပဲနှင့် အသုံးမပြုနိုင်ပေ။ ကစားသူများအကြား ဆက်သွယ်ရေးတစ်ခုအနေဖြင့် ကစားနည်းအသုံးချ ပရိုဂရမ်များကြောင့် VoIP မှာ တိုး၍တိုး၍ ကျော်ကြားလာလျက်ရှိသည်။ ဖောက်သည်များအတွက် ကျော်ကြားသော VoIPကစားနည်းများတွင် Ventrilo နှင့် Teamspeak တို့ပါဝင်သည်။ Wii, PlayStation 3၊ နှင့် Xbox 360 တို့တွင်လည်း VoIP စကားပြောခြင်းများ ပါဝင်သည်။