လင်းနပ်စ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နိုင်ပါသည် +နိုင်သည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှက် ရှိ +လျက် ရှိ)
စာကြောင်း ၃၂ -
}}
 
လင်းနပ်စ် ({{lang-en|Linux}}) ဆိုသည်မှာ ယူးနစ်စ် (Unix) နှင့် ဆင်တူသော [[ကွန်ပျူတာ စက်လည်ပတ်ရေး စနစ်]] (Operating System) တစ်မျိုး ဖြစ်ပြီး လင်းနပ်စ် ကာနဲလ် (Linux kernel) ကို အသုံးပြုထားသည်။ လင်းနပ်စ်ကို ကွန်ပျူတာ ဟတ်ဒ်ဝဲလ် အမျိုးမျိုးပေါ်တွင် တပ်ဆင် အသုံးပြုနိုင်ပြီး မိုဘိုင်းဖုန်းများ၊ တက်ဘလက် [[ကွန်ပျူတာ]]များ၊ [[ရောက်တာ]]များ နှင့် ဗွီဒီယိုဂိမ်း ကွန်ဆိုး များမှ စ၍ မိန်းဖရိမ် ကွန်ပျူတာများ နှင့် စူပါကွန်ပျူတာ များ အထိ တပ်ဆင်အသုံးပြုလေ့ ရှိသည်။ လင်းနပ်စ် သည် ဆာဗာ စက်လည်ပတ်ရေး စနစ် များတွင် ရှေ့မှပြေးလျှက်ရှေ့မှပြေးလျက် ရှိသော စနစ်တစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်တွင် အမြန်ဆုံးသော ကွန်ပျူတာ ၁၀ လုံးတွင် လင်းနပ်စ်ကို အသုံးပြုထားသည်။
 
လင်းနပ်စ်ကို ရေးသားတီထွင်ခြင်းမှာ အခမဲ့လွတ်လပ် သော အိုးပင်းဆို့စ်(open source) ဆော့ဖ်ဝဲလ်များကို ပူးပေါင်းရေးသားကြခြင်း၏ ထင်ရှားသော ဥပမာ တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် စနစ်၏ နောက်ခံတွင် ရေးသားထားသော ဆို့စ်ကုတ်ဒ် များကို အသုံးပြုခြင်း၊ လွတ်လပ်စွာ ပြင်ဆင်တည်းဖြတ်ခြင်း၊ ပြန်လည်ဖြန့်ဝေခြင်းတို့ကို စီးပွားရေး လုပ်ငန်းသုံး နှင့် စီးပွားရေး လုပ်ငန်းသုံးမဟုတ်သော ကိစ္စများ အတွက် မည်သူမဆို GNU ယေဘူယျ အများသုံး လိုင်စင် (General Public License ) ကဲ့သို့သော လိုင်စင်များဖြင့် အသုံးပြုနိုင်သည်။ ပုံမှန်အားဖြင့် လင်းနပ်စ် ကို ပက်ကေ့ချ် (Package) ဟုခေါ်သော ပုံစံများအောက်တွင် စားပွဲတင် (Desktop ) နှင့် ဆာဗာ ကွန်ပျူတာ များအတွက် ဖြန့်ဝေလေ့ ရှိသည်။ ထင်ရှားသော လင်းနပ်စ် ဖြန့်ဝေမှုများတွင် ဒီဘီယံ (Debian) နှင့် ၎င်း၏ မျိုးကွဲဖြစ်သော [[ဦးဘွန်းတု]] (Ubuntu) ၊ ဖီဒိုရာ (Fedora ) နှင့် အိုးပင်းဆူဆီ (openSUSE) စသည်တို့ ပါဝင်ကြသည်။ လင်းနပ်စ် ဖြန့်ဝေမှုများတွင် ရည်ရွယ်ထားသည့် အသုံးပြုမှုကို လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည့် လင်းနပ်စ် ကာနဲလ် နှင့် အတူ ကူညီပံ့ပိုးပေးသော အသုံးချ ဆော့ဖ်ဝဲလ်များ (utilities) နှင့် လိုင်ဘရီ များ ပါဝင်ကြသည်။