ဟိုင်းကြီးကျွန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Adding {{မြန်မာနိုင်ငံရှိ ကျွန်းများ}}
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ဟ +။ သ, -ထိုပြင် +ထို့ပြင်)
စာကြောင်း ၁ -
'''ဟိုင်းကြီးကျွန်း'''သည် [[ဧရာဝတီတိုင်းဒေသကြီး]] [[ငပုတောမြို့နယ်]]၌ [[ပုသိမ်မြို့]]တောင်ဘက် ၆ဝခန့်အကွာ ပင်လယ်ဝတွင် တည်ရှိသည်။ ကျွန်း၏အနေအထားသည် သုံးထောင့်ပုံ၊
သို့မဟုတ် ဗထက်ချိုင့်ပုံသဏ္ဌာန် ရှိသည်။ လခြမ်းပုံသဏ္ဌာန် အချိုင့်သည် အနောက်မြောက်ဘက်၌ တည်ရှိသည်။ လှေနှင့်သင်္ဘောများ ဆိုက်ကပ်ရန် သင့်လျော်သည်။ အရှေ့မြောက်ဘက်၌ ပြင်ခရိုင်ရွာရှိသည်။ အနောက်နှင့် အနောက် မြောက်ဘက်တို့၌ ကျောက်ချောင်းရွာ၊ ခမောက်မော်ရွာနှင့် ကန်ကြိုင်ရွာများ ရှိသည်။ ဟိုင်းကြီးကျွန်းနှင့် ခမောက်မော်ရွာတို့၏ အကြားရှိ ငဝန်မြစ်ဝသည် ကျဉ်းလေသည်။ ယင်းကို အတွင်းလမ်းဟု ခေါ်ကြသည်။ အရှေ့ဘက်ရှိ ငဝန်မြစ်ဝမှာ ကျယ်လေသည်။ ယင်းကို အပြင်လမ်းဟု ခေါ်ကြသည်။ ပင်လယ်မှ ပုသိမ်မြို့သို့ ဝင်ထွက်သွားလာကြသော ဆန်တင်သင်္ဘောကြီးများသည် အပြင်လမ်းဖြင့် သွားလာဝင်ထွက်ကြသည်။ ဟိုင်းကြီးကျွန်းတွင် ဆိုက်ကပ်လိုလျှင် အပြင်လမ်းမှ အတွင်းလမ်းသို့ အနည်းငယ် ကွေ့လိုက်ရလေသည်။ ထိုအခါ အထက်တွင် ဖော်ပြခဲ့သော လှေသင်္ဘောများ ဆိုက်ကပ်ရန်သင့်သည့် ဗထက်ချိုင့် နေရာသို့ ရောက်ရှိလေသည်။ဟိုင်းကြီးကျွန်းကိုရောက်ရှိလေသည်။ သိုင်းကြီးကျွန်းကို ရှေးယခင်က နဂရသာဂီကျွန်းဟု ခေါ်ကြသည်။ <ref>သတင်းစာဆရာ ဦးသိမ်းမောင်၏ ပင်တိုင်စံနှင့် သူရဲကောင်း စာအုပ်မှ</ref>
 
==ပထဝီဝင်==
ဟိုင်းကြီးကျွန်း၏ တောင်ဘက်သည် ပင်လယ်ပြင်ကြီးဖြစ်သည်။ ကျွန်း၏ အရှေ့တောင်ဘက်တစ်လျှောက်တွင် တောင်တန်းကြီးများ ရှိလေသည်။ ထိုတောင်တန်းကြီးများက ပင်လယ်မှ လေပြင်းများကို ကာဆီးပေးသဖြင့် လှေသင်္ဘောဆိပ်နေရာသည် လှိုင်းလေအတွက် စိတ်ချလေသည်။ ကျွန်း၏ အနောက်မြောက်ဘက်၌ ညီညာပြန့်ပြူးသော မြေပြင်ရှိရာ ထိုမြေပြင်တွင် ဟိုင်းကြီးရွာကို တည်ထားသည်။ ရွာ၏ပတ်လည်တွင် အုန်းခြံ၊ သစ်ပင်များနှင့် လယ်ကွင်းများ ရှိလေသည်။ ဟိုင်းကြီးကျွန်းမှ မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ကုန်ဖြန့်ဖြူးရန် ခရီးလမ်းပန်း လွယ်ကူလေသည်။ ငဝန်မြစ်အတိုင်း ပုသိမ်
မြို့သို့ ဆန်တက်သွားနိုင်၍ ပုသိမ်မြို့မှတစ်ဆင့် အထက်မြန်မာနိုင်ငံတစ်လွှားသို့ ကုန်ပစ္စည်းများကို တင်ပို့နိုင်သည်။ ထိုကြောင့်လည်း ၁၈ ရာစုနှစ်အတွင်းက ပုသိမ်မြို့၌ အင်္ဂလိပ်လူမျိုးတို့၏ ကုန်တိုက်ခွဲတစ်ခုကို ထားရှိခဲ့လေသည်။ တစ်ဖန် သက်ကယ်သောင်ချောင်းကိုဝင်၍ လပွတ္တာမြို့သို့ သွားပြီးနောက် မြစ်ဝကျွန်းပေါ်တစ်ဝန်းလုံးသို့ ကုန်စည်ဖြန့်ဖြူးနိုင်လေသည်။ ထိုပြင်ထို့ပြင် မော်တင်စွန်းကို ကွေ့လိုက်လျှင် ရခိုင်ပြည်နယ်ဘက်သို့ ရောက်ရှိသွားနိုင်လေသည်။
 
== သမိုင်းကြောင်း ==