ရာသီ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ထ +။ ထ, -။ဆ +။ ဆ)
 
စာကြောင်း ၂ -
ရာသီဆိုသည်မှာ [[နေ]](တနင်္ဂနွေဂြိုဟ်)၏ သွားလမ်းအတိုင်း တစ်ပတ်ပြည့်အောင် လှည့်ပတ်သွားလာသော အချိန်ကာလကို အပိုင်းအစု ခွဲခြားသတ်မှတ်ထားသော အချိန်ပိုင်း ဖြစ်သည်။ နေသည် ရက်ပေါင်း ၃၆၅ ၁/၄ ရက်ကြာမှ ရာသီစက်ကို တစ်ပတ်ပတ်မိရာ၊ ထိုကာလကို ၁၂ ပိုင်းပိုင်း၍ တစ်ပိုင်းကို တစ်ရာသီဟု ခေါ်သည်။ တစ်ရာသီတွင် နက္ခတ်ခရီးအားဖြင့် ကိုးပါဒ်၊ သို့မဟုတ် (လေးပါဒ်သည် နက္ခတ်တလုံးနှင့် ညီမျှသဖြင့်) နှစ်လုံးတစ်ပါဒ် လှည့်ပတ်သည်။ နေတစ်ပတ် ပတ်ချိန်ကို တစ်နှစ်ဟု ခေါ်သည်။
 
နေတစ်ပတ် ပတ်ချိန်၏ ကာလအပိုင်းအခြားကို ၁၂ ပိုင်း ခွဲစိတ်မှတ်သားရာတွင် အကြမ်းအားဖြင့် လပြည့်ခြင်းသည် ၁၂ ကြိမ်ရှိ၍ လကွယ်ခြင်းသည် ၁၂ ကြိမ်ရှိသဖြင့် လဆန်းစမှ လကွယ်အထိ ကာလကို တစ်ပိုင်း၊ သို့မဟုတ် တစ်လအဖြစ် သတ်မှတ်ကြသည်။ ၂၆၅ ၁/၄ ရက်ကို ၁၂ ပိုင်း အညီအမျှ မပိုင်းချေ။ ထို့ကြောင့် လအားဖြင့် တစ်နှစ်လျှင် ရက်စုံ(ရက် ၃ဝ)ခြောက်လနှင့် ရက်မစုံ (၂၉)ရက် ခြောက်လဟူ၍ ရက်ပေါင်း ၃၅၄ ရက်သာ ရှိသဖြင့် နေသွားအတိုင်း တစ်နှစ်သည် လဆန်းသည်မှ ကွယ်သည်အထိ လဝန်း လှည့်ချိန် ၁၂ ကြိမ်ထက် ၁၁ ၁/၄ ရက် ပိုနေသည်။ ထိုပိုသောရက်များကို စုမှတ်၍ သုံးနှစ်လျှင် တစ်ကြိမ် ဝါကြီးထပ်၊ ဝါငယ်ထပ် စသည်ဖြင့် ဒုတိယဝါဆိုလဟူ၍ တစ်လတိုးဖြည့်ကာ ဖြည့်သွင်း ခုနှိမ်ရသည်။ ဝါကြီးထပ်လျှင် လေးလရက်စုံ သတ်၍ ကဆုန်၊ နယုန်ပထမဝါဆို၊ ဒုတိယဝါဆို လေးလလုံး ရက်ပေါင်း ၃ဝ စီ ထားသည်။ ဝါငယ်ထပ်လျှင်မူ နယုန်လအဖို့ ရက်မစုံ ၂၉ ရက် ထားမြဲ ဖြစ်သည်။ထိုနည်းဖြင့်ဖြစ်သည်။ ထိုနည်းဖြင့် နေလှည့်ချိန်တစ်နှစ်နှင့် လဆန်းအချိန်မှ ကွယ်ချိန် အထိ ၁၂ လကို တစ်ပြေးတည်း ညီမျှသွားစေသည်။
 
ဆယ့်နှစ်လ၊ သို့မဟုတ် ဆယ့်နှစ်ရာသီကို မြန်မာအမှတ်အသား အားဖြင့် တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင်၊ တော် သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲနှင့် တပေါင်းဟူ၍ အစဉ်လိုက် အမည်မှည့်ခေါ်ထားသည်။
စာကြောင်း ၁၅ -
ကမ္ဘာပေါ်ရှိ အရာများအနက် အပင်များသည် ရာသီ အလိုက် အပြောင်းလဲဆုံး ဖြစ်ကြသည်။ နွေကူးရာသီတွင် အပင်ရှိ အရွက်နှင့် အဖူးကလေးများ ထွက်လာကြသည်။ ဝတ်မှုန်များ စပ်ယှက်မှု အောင်မြင်ကြသည်။ အခေါက်၏ အောက်ဘက်၌ အရစ်သစ်များ စတင်ဖြစ်ပေါ်လေသည်။ နေ့တာရှည်သည့် နွေရာသီတွင် နေမှစွမ်းအင်ကို အများဆုံး ရရှိသဖြင့် အရွက်များသည် စတာ့(ကစီ)ကို အများဆုံးပြုလုပ်ကြသည်။ ဆောင်းကူးရာသီတွင် အသီးများ မှည့်ကြ၍ အရွက်များမှာ ဆောင်ရွက်ရန်လုပ်ငန်း ပြီးဆုံးသွားသကဲ့သို့ အရောင်များ ညှိုးပြီးလျှင် ကြွေကျကုန်လေသည်။ ဆောင်းရာသီသို့ ရောက်သောအခါ အပင်အမြောက်အမြား သေကုန်ကြ၍ ကျန်အပင်အချို့က အနားယူကြသည်။ အဖူးများတွင် အအေးဒဏ်ကို ခံနိုင်ရန် ဖယောင်းသားတက်လာ၍ အစေ့များ၌ အခွံမာများ ဖြစ်ပေါ်လာကြလေသည်။
 
တိရစ္ဆာန်တို့သည်လည်း များသောအားဖြင့် ရာသီအလိုက် အပြောင်းအလဲရှိကြလေသည်။ အအေးဒဏ်မှ လွတ်ကင်းစေရန် ငှက်များသည် နယ်ပြောင်းကြသည်။ဆောင်းရာသီတွင်နယ်ပြောင်းကြသည်။ ဆောင်းရာသီတွင် သားမွေးရှိ တိရစ္ဆာန်များ၌ သစ်လွင်၍ ထူထဲသောအမွေးများ ပေါက်လာကြသည်။ အချို့တိရစ္ဆာန်များက တစ်ဆောင်းတွင်းလုံး အိပ်၍ နေကြသည်။ (ဆောင်းခိုကြသည်)။ နယ်ပြောင်းခြင်းနှင့် ဆောင်းခိုခြင်းမရှိသော တိရစ္ဆာန်များက အခြားနည်းများဖြင့် အအေးဒဏ်မှ အကာအကွယ်ရှာကြသည်။ နွေကူးရာသီ စတင်လာသောအခါတွင် ငှက်များ၊ ပိုးကောင်များ၊ တွားသွားတိရစ္ဆာန်များနှင့် နို့တိုက်သတ္တဝါများသည် သားငယ်ကို မွေးဖွားကြသဖြင့် တောများသည် ယင်းတို့၏အသံများဖြင့် ဆူညံလျက် ရှိတော့သည်။ ရှိရှိသမျှ တိရစ္ဆာန်များအဖို့ နွေရာသီသည် အလုပ်လုပ်ချိန်ဖြစ်၍ ဆောင်းကူးရာသီသည် အစာစားချိန် ဖြစ်လေသည်။
 
လူတို့သည်လည်း ရာသီဥတုအလိုက် ပြင်ဆင်မှုများကို ပြုလုပ်ကြလေသည်။ အဝတ်အမျိုးမျိုးကို ရာသီအလိုက် ချုပ်လုပ်ကြသည်။ ကစားခုန်စားဘက်တွင် အမျိုးမျိုးပြောင်းလဲ၍ ကစားကြသည်။ တောင်သူလယ်သမားများကလည်း ရာသီအလိုက် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း စသည်တို့ကို ပြုလုပ်ကြလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)</ref>
"https://my.wikipedia.org/wiki/ရာသီ" မှ ရယူရန်