ဟင်္သာတမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ဟ +။ သ, -။ဗ +။ ဗ, -။က +။ က, -။ဝ +။ ဝ, -။ပ +။ ပ, -။မ +။ မ, -။တ +။ တ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထိုပြင် +ထို့ပြင်)
စာကြောင်း ၇၀ -
ဟင်္သာတမြို့သည် ရှေးခေတ်ဟောင်းမြို့ကြီးတမြို့ မဟုတ် သဖြင့် မြို့ပေါ်တွင် ရှေးဟောင်းအဆောက်အအုံကြီးများ မရှိလှ ချေ။ ကုန်းဘောင်ခေတ် နောက်ပိုင်းတွင်သာ မြို့ဝန်တစ်ဦး အုပ်ချုပ်သော မြို့တမြို့ဖြစ်လာသည်။ သို့သော် စီးပွားရေး ချောင်လည်သူများ များပြားသဖြင့် ခမ်းနာလှပသော စေတီပုထိုး ဘုရားကျောင်းကန်များ ရှိသည်။ ယခင်က မြစ်ကမ်းပါးနှင့်ဝေး သော်လည်း ကမ်းအပြိုကြမ်းသဖြင့် ယခုအခါ မြစ်ကမ်းနဖူးတွင် တဲတဲ ကလေးမျှကျန်နေသောရွှေပြောင်ပြောင်ဘုရားနှင့် ဦးဘရဲ ဘုရားတို့အား ကမ်းပြိုရာသို့ မပါအောင် အထူးကြပ်မ စောင့်ရှောက်နေကြရသည်။ ထို့ကြောင့်ပင် အနီးအနားရှိ အခြားနေအိမ် အဆောက်အအုံများ ကမ်းပြိုရာသို့ ပါသွားသော်လည်း ထိုဘုရားနှစ်ဆူနေရာတွင် ကမ်းသည် ဝိုက်၍ ကျန်နေလေသည်။ ထိုစေတီနှစ်ဆူအနက် ဦးဘရဲ ဘုရားသည် ဟင်္သာတမြို့၏မြို့သူကြီးဦးဘရဲက ခရစ် ၁၈ဝ၄ ခုနှစ်တွင် တည်ထားသည်။ ရွှေ ပြောင်ပြောင်ဘုရားမှာမူ ဘုရင်မင်းမြတ်၏ ဥယျာဉ်တော်အုပ် ဦးပါလူက၊ ၁၈၁၇ ခုနှစ်တွင် တည်ထား၍ ၁၈၄၆ ခုနှစ်တွင် မြို့သူကြီးတစ်ဦး ဖြစ်သူ ဦးမြတ်သာနော်က ထပ်မံ မွန်းမံပြုပြင်ခဲ့သည်။
 
ဟင်္သာတမြို့၏ ထင်ရှားသော စေတီဘုရားများမှာ [[ဦးပါရဲစေတီတော်]]၊ [[မြို့သူကြီးစေတီတော်]]၊ [[တိလောကဥသျှောင်ရှင်သာလျောင်းရုပ်ပွားတော်မြတ်ကြီး]] တို့ဖြစ်သည်။ အလောင်းမင်းတရားကြီး၏ ပထမဆုံး မြန်အောင်မြို့ သူကြီးဦးမူတည်ခဲ့သော ငါးမျက်နှာဘုရားသည် မူလ နေရာ ဟောင်းမှ ကမ်းပြိုရာသို့ ပါမည်စိုးသဖြင့် မိုင်ဒါကွင်းအနီးသို့ ပြောင်းရွှေ့ခဲ့ရသည်။ ထိုဘုရားကို ခရစ်နှစ် ၁၈၁၅ ခုတွင် တည်ခဲ့သည်။ ခရစ်နှစ် ၁၈၁၂ ခုတွင် ပုဂံမင်းမိဖုရား၏ မယ်တော်တည်ခဲ့သည် ဆိုသော မယ်တော်ဘုရားကိုလည်းကမ်းပြိုရာသို့ ပါမည်စိုးသဖြင့် မူလနေရာမှ ပြောင်းရွှေ့ခဲ့ရသည်။ ကမ်းနှင့်ဝေးကွာ၍ ဆောက်လုပ်ရေးဌာန ရေကာတာ၏အတွင်းဘက်ကျသော ကျောက်တော်ကြီးဘုရားနှင့် ဆယ်ထပ်ကြီးဘုရားတို့သည် ဗြိတိသျှခေတ်၌ တည်ခဲ့သော ဘုရားများဖြစ်ကြပြီးလျှင် အခြံအရံ ဇရပ် တန်ဆောင်းများဖြင့်တင့်တယ်ခန့်ညားစွာ ဖူးတွေ့ကြရသည်။ ထိုပြင်ထို့ပြင် ဆီစက်နှင့်ဆန်စက်ပိုင်ရှင် ဦးအောင်မြတ်ကျော်၏ကောင်းမှုဖြစ်သောဘုရားလည်း ရှိပေသေးသည်။
 
ဟင်္သာတမြို့ပေါ်၌ ယခင်က ကျမ်းဂန်တတ် ဆရာတော်ကြီး များ သီတင်းသုံးခဲ့ရာ ကျောင်းတိုက်ကြီးများမှာ လယ်တီ ကျောင်းတိုက်၊ မိုးကောင်းကျောင်းတိုက်၊ ရေတံခွန်ကျောင်း တိုက်၊ ပတ္တမြားကျောင်းတိုက်၊ ဘုရားကြီး ကျောင်းတိုက်၊သပြေပင်ကျောင်းတိုက်တို့အပြင် မြို့အတွင်းပိုင်း၌မူ မြစ်ကွေ့ ကျောင်းတိုက်၊ ရန်ကုန်ကျောင်း တိုက်၊ ပိုးစတောကျောင်း စသည်တို့ ရှိကြသည်။ သီလရှင်စာသင်ကျောင်းတိုက်ကြီး များလည်း ရှိပေသေးသည်။