အလောင်းစည်သူ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တောင်ဖက် +တောင်ဘက်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ျိူ +ျို, -ထိုပြင် +ထို့ပြင်)
စာကြောင်း ၂၇ -
 
== မွေးဖွားသော သက္ကရာဇ်နှင့် နန်းစံနှစ် ==
အလောင်းစည်သူမင်းသည် ပုဂံမင်းဆက် (၅၅) ဆက်၏ (၄၅) ဆက်မြောက်မင်းဖြစ်၍ သမိုင်းမှတ်တမ်း အခိုင်အမာကျန်ရစ်သော အနော်ရထာမင်းမှ စတင်ရေတွက်သော် တတိယမြောက် ပုဂံဘုရင်ဖြစ်သည်။ အလောင်းစည်သူမင်းကို [[စောလူးမင်း]] ၏သားတော် စောယွန်းနှင့် [[ကျန်စစ်သား]]၏ သမီးတော် ရွှေအိမ်သည်တို့မှ မြန်မာသက္ကရာဇ် ၄၂၈၊ အေဒီ ၁၀၆၆ တွင်ဖွားမြင်သည်။ <ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဝင်၊ ၉၇။</ref> ထိုမင်း၏ နန်းစံနှစ်နှင့် ပတ်သက်၍ ရှေးမြန်မာရာဇဝင်များဖြစ်သော မဟာရာဇဝင်၊ တွင်းသင်းရာဇဝင်သစ်၊ မှန်နန်းရာဇဝင်၊ ဇာတာတော်ပုံ ရာဇဝင်တို့တွင် အကွဲကွဲအပြားပြား ဆိုထားကြသည်။ ဦးကုလား မဟာရာဇဝင်တွင် မြန်မာနှစ် ၄၅ဝ (အေဒီ ၁ဝ၈၈)၊ တွင်းသင်းရာဇဝင်သစ်တွင် မြန်မာနှစ် ၄၅၅ (အေဒီ ၁ဝ၉၃)၊ မှန်နန်းရာဇဝင်တွင် မြန်မာနှစ် ၄၅၄ (အေဒီ ၁ဝ၉၄)၊ ဇာတာတော်ပုံရာဇဝင် မြန်မာနှစ် ၄၇၃ (အေဒီ ၁၁၁၁) ဟု အလောင်းစည်သူမင်း၏ နန်းစံနှစ်ကို အသီးသီး တွေ့ ရသည်။<ref>မဟာရာဇဝင်-၁၊ ၁၉၀။ တွင်းသင်းရာဇဝင်-၁၊ ၁၁၆။ မှန်နန်း-၁၊ ၂၈၆။ ဇာတာတော်ပုံ၊ ၄၀။</ref> ကျောက်စာများတွင် တွေ့ ရသော အလောင်းစည်သူမင်း၏ ဘွဲ့ အမည်မှာ ၐြီတြိဘုဝနာဒိတျပဝရဓမ္မရာဇာ ဖြစ်၍ ဤဘွဲ့ မျိူးကိုမျိုးကို စတင်ခံယူခဲ့သူ သူ၏ အဘိုး ကျန်စစ်သားမင်း၏ ဘွဲ့ နှင့် "ပဝရ" ဟုသော နာမဝိသေသနပုဒ်သာ ထူးခြားကြောင်း တွေ့ ရသည်။ ခေတ်သစ်သမိုင်းဆရာများက နှောင်းခေတ် စည်သူဘွဲ့ ခံမင်းများနှင့် ခြားနားစေရန် စည်သူ-၁ ဟု အလောင်းစည်သူမင်းကို ခွဲခြားသုံးနှုန်းကြသည်။ <ref>သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေး၊ ၅၁.</ref> အလောင်းစည်သူမင်းသည် အေဒီ ၁၀၆၆ တွင်ဖွားမြင်သူဖြစ်ရာ ပုဂံထီးနန်းကို ဆက်ခံချိန်တွင် သက်​တော် (၂၆) နှစ်မျှသာရှိသေးသည်။
 
== အမည်ကွဲ (၇) မျိုး ==
စာကြောင်း ၅၀ -
မင်းတရားကြီးသည် နိုင်ငံတွင်း နိုင်ငံပ လှည့်လည်နေဖန်များသောအခါ နိုင်ငံတွင်း၌ ထကြွ လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ပြန်သည်။ မြန်မာနိုင်ငံ တောင်ဘက်အစွန်းဒေသဖြစ်သော တနင်္သာရီ၌ ထကြွသဖြင့် ကိုယ်တော်တိုင် ချီတက်နှိမ်နင်းရ၏။ ရခိုင်တောင်ပိုင်းမှ သက်တို့၏ဘုရင် ကတုံထကြွသည်ကိုလည်း နှိမ်နင်းရသည်။ ရခိုင်ပြည်တောင်ပိုင်း၌ မင်းရိုးဘီလူးကို သူပုန် အမတ်လုပ်ကြံ၍ ဆုံးသည်တွင် မင်းဘီးလူးသား မင်းရဲဘယ အကူအညီ ရလိုရငြားဟူ၍ ဘိုးတော် ကျန်စစ်သားမင်းကြီး လက်ထက်က လာရောက်ခစားသည်။ အခွင့်မရပေ။ မင်းရဲဘယ လွန်၍ သူ၏သား လက်ယာမင်းနန်း အလောင်းစည်သူထံ ခစားရသည်။ ထိုတွင်မှ အလောင်းစည်သူ ရခိုင်ကိုတိုက်၍ လက်ယာမင်းနန်ကို နန်းတင်ရသည်။
 
အလောင်းစည်သူမင်းကြီးသည် နိုင်ငံတွင်း၌ စည်းလုံးမှု ပိုမိုခိုင်မြဲစေရန် နိုင်ငံတော် အုပ်ချုပ်မှုနှင့် တရား စီရင်မှုတို့ တပြေးတည်းညီညွတ်အောင် ကိုယ်တော်တိုင် ကြီးကြပ်ကြီးရှု သည့်ပြင် အများပြည်သူ လိုက်နာကြရန် ဓမ္မသတ်ကိုလည်း စီရင်ခဲ့သည်ဟု အဆိုရှိသည်။ အလောင်းစည်သူ၏ တရားစီရင် ထုံးတို့ကို စုဆောင်း၍ အလောင်းစည်သူဖြတ်ထုံးဟု ပြုစုရေးသားထားလေသည်။ ဤနည်းဖြင့် အုပ်ချုပ်မှုရေးရာများ လွယ်ကူလာပေတော့သည်။ ထိုပြင်ထို့ပြင် မြန်မာနိုင်ငံ အရပ်ရပ်သို့ ကြွတော်မူ၍ ကန်ချောင်းဆည်မြောင်းပြုပြီးသော် တောင်ယာဝေ၍ လယ်ပယ်ဖွဲ့ပြီးမှ သူရဲသူခက် ဆင်လုံးမြင်းရင်းတို့ အစာဖြစ်ကောင်းသောအရာကို အစာဖြစ်စေ၍ ထိုသို့ အစုစုသော မြေတို့ကိုပေါင်း၍ ခရိုင်မြို့ပြဖြစ်ကောင်း အရာတို့ကိုလည်း ခရိုင်မြို့ပြ ဖြစ်စေသည်။ ဤသို့ စီရင်တော်မူပြီးမှ နိုင်ငံတော် အစပ်တို့တွင် ကင်းတိုကင်းရှည်ထားတော်မူသည်။ အုပ်ချုပ်ရေး၌သာမဟုတ် ကူးသန်းရောင်းဝယ်ရေး၌လည်း နိုင်ငံတော်အလုံး၌ အသုံးအဆောင် တစ်ချက်တည်း ဖြစ်စေလို သောကြောင့် ချိန်၊ ကျပ်၊ ခွဲ၊ မတ်၊ မူး၊ ပဲတို့ကိုလည်းကောင်း၊ တင်း၊ ခွဲ၊ စိတ်၊ စရွတ်၊ ပြည်၊ ခွက်၊ စလယ်တို့ကိုလည်းကောင်း တညီတညွတ်တည်း ကိုက်ညီစေရန် မင်းမိန့်ဖြင့် ပြဋ္ဌာန်းသတ်မှတ်တော်မူသည်။ ဤနည်းဖြင့် နိုင်ငံတွင်း စီးပွားရေး ဖလှယ်မှုနှင့် ကူးသန်းရောင်းဝယ်မှုများကို လွယ်ကူစေလေသည်။ ထိုပြင်ထို့ပြင် နိုင်ငံသား အားလုံးတို့အား ညီညွတ်မှုဖြင့် စည်းလုံးရေး စိတ်ဓာတ်ကို ကောင်းစွာ သွတ်သွင်းပေးရာလည်း ရောက်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၁၄။ ရန်ကုန်၊ စာပေဗိမာန်ပုံနှိပ်တိုက်၊ ၁၉၇၅။ ၂၇၃-၂၇၅။</ref>
 
== မိဖုရားများ၊ သားတော်သမီးတော်များနှင့် ဆွေမျိုးအဆက်နွယ်များ ==