ဥပဒေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထိုပြင် +ထို့ပြင်, -ငှါး +ငှား)
စာကြောင်း ၅ -
ယဉ်ကျေးမှု မပြည့်စုံသေးမီ ရှေးခေတ်က လူများသည် မိမိတို့ နေထိုင်သော အဖွဲ့အစည်းတွင် လူအများ လိုက်နာကျင့်သုံးရန် စည်းကမ်းများ ဥပဒေများကို သတ်မှတ် ထားခြင်း မရှိချေ။ သို့ရာတွင် နှစ်ကာလကြာ မြင့်သော်၊ လူတို့၏နေရေးထိုင်ရေး၊ သာယာမှု၊ ငြိမ်းချမ်းမှုအတွက် အိမ်နားနီးချင်းများသည် တစ်ဦး၏ အလိုကို တစ်ဦးက လေးစားရန် လိုအပ်ကြောင်းကို သိလာကြသည်။ ဤသို့အားဖြင့် ဓလေ့ထုံးစံများ ပေါ်လာ သည်။ သို့ရာတွင် [[ဓလေ့ထုံးစံ]]များမှာ ပုံသေမဟုတ်၊ ရေးမှတ်ထားခြင်း လည်း မရှိ၊ ယင်းတို့ကို အမြဲတမ်းလည်း မလိုက်နာကြချေ။ ဓလေ့ထုံးစံများကို မလိုက်နာသူများအား ကဲ့ရဲ့သင်္ဂြိုဟ်ခြင်း၊ အပေါင်းအသင်း အဖြစ်မှ ရပ်စဲခြင်းကိုသာ ပြုလုပ်၍ မအောင်မြင်သောအခါမှသာလျှင် အုပ်ချုပ်သူ အစိုးရများက ဝင်ရောက် စွက်ဖက်၍ လူများလိုက်နာရန် ဥပဒေများကို ပြဋ္ဌာန်းပေးလေတော့သည်။ ယခု အခါတွင် ဥပဒေဆိုသည်မှာ လူများ လိုက်နာကျင့်သုံးရန်အတွက် အာဏာပိုင်များ ပြဋ္ဌာန်းထားသော စည်းကမ်းများဖြစ်သည်ဟု ယေဘုယျအားဖြင့် နားလည်ကြသည်။ ဥပဒေဟု ဆိုရာ၌ ဥပဒေအမျိုးမျိုးရှိသည်ကို သတိထားသင့်သည်။ ရှေးဟောင်း[[ရောမ]]ဥပဒေ၊ [[အင်္ဂလိပ်]]မိရိုးဖလာဥပဒေ၊ ဥပဒေပြုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သော ဥပဒေ (ဝါ) အက်ဥပဒေ၊ အယူဝါဒဆိုင်ရာဥပဒေ၊ အက်ကွီတီခေါ် သာတူညီမျှ ဥပဒေ စသည်ဖြင့် ခြားနားလေသည်။ ယခု ကျွန်ုပ်တို့ လက်ထက်တိုင်အောင် တည်ရှိနေ သော ဥပဒေများထဲတွင် ရှေးအကျဆုံးသော ဥပဒေမှာ [[ဘီစီ]] ၂၁ဝဝ ခန့်တွင် နန်းစံခဲ့သော [[ဗက်ဗီးလုံးနီးယားနိုင်ငံ|ဗက်ဗီလုံးနီးယား]] ပြည့်ရှင် [[ဟမ္မူရာဗီ]] ပြုလုပ်ခဲ့သော ဥပဒေများဖြစ်သည်။
 
ဟမ္မူရာဗီဘုရင်သည် ရှေးသူဟောင်းတို့ ပြုထားခဲ့သော ဥပဒေအမျိုးမျိုးကို စုပေါင်းပြီးလျှင် မိမိဉာဏ်နှင့် ဖြည့်သွင်းသင့်သော ဥပဒေများကို ထပ်လောင်းဖြည့်သွင်း ကာ ဥပဒေသစ်ကို ပြု၏။ ဥပဒေများကို အရှည်သဖြင့် တည်တံ့ရန် ရှစ်ပေခန့် မြင့်သော ကျောက်တုံးကြီးတွင် စာကြောင်းရေပေါင် သုံးထောင့်ခြောက်ရာခန့် ထွင်းထားခဲ့၏။ ဥပဒေတွင် မုဆိုးမများ၊ မိဘမဲ့ ကလေးများ၊ ဆင်းရဲသားများကိုလည်း နှိပ်စက်ညှဉ်းပန်းခြင်းမပြုနိုင်ရန် အထူးထည့်သွင်းပြုစုသည်။ လက်ထပ်ရေးဥပဒေများကိုလည်း အသေအချာ စီစဉ်၏။ မိန်းမများကို အခွင့်အရေးများစွာပေးသည်။ မိန်းမများ အား ကိုယ်ပိုင် ရောင်းဝယ်ရေးအလုပ်ကို လုပ်ခွင့်ပြုသည်။ လင်နှင့် မယား၊ ဆရာနှင့်တပည့်၊ သခင်နှင့်ကျွန်၊ မြေပိုင်ရှင်နှင့်မြေငှါးမြေပိုင်ရှင်နှင့်မြေငှား စသောသူတို့၏ ပေါင်းသင်းဆက်ဆံရေး တာဝန်ဝတ္တရားများကို အစုံအလင်ညွှန်ကြား ထားလေသည်။ [[ရောမ]]ဥပဒေသည် [[ဥရောပ]] ဥပဒေစနစ် နှစ်မျိုးတွင် တစ်မျိုး အပါအဝင်ဖြစ်သည်။ ကျန်တစ်မျိုးမှာ အင်္ဂလိပ် ဥပဒေစနစ်ဖြစ်သည်။ ရောမလူမျိုးများသည် အုပ်ချုပ်ရေးတွင် အလွန်ကျွမ်းကျင်သူများ ဖြစ်ခဲ့ကြသည့် အားလျော်စွာ နှစ်ရှည်လများ တည်ရှိခဲ့သော ဓလေ့ထုံးစံများပေါ်တွင် အခြေခံထား၍ ဥပဒေများကို ပြုစုခဲ့ကြသည်။ ရောမသမ္မတနိုင်ငံလက်ထက်တွင် ဥပဒေများ စတင်ပေါ်ပေါက်၍ ရောမ နိုင်ငံတော် ဖြစ်လာသောအခါ ထွန်းကားလာလေရာ၊ ၁၄၅၃ ခုနှစ်တိုင်အောင်ပင် ဖြစ်တော့သည်။ ချို့ယွင်းသော ဥပဒေများကို ပြင်ဆင်ခြင်း၊ တရားစီရင်ချက်များနှင့် ဥပဒေပြုအဖွဲ့မှ ဥပဒေသစ်များကို ပြုလုပ်ခြင်း များဖြင့် ရောမဥပဒေစနစ်ကို ခိုင်မြဲအောင် တည်ဆောက်ကြသည်။ [[ဘီစီ]] ၄၅ဝ ပြည့်နှစ်တွင် ရောမနိုင်ငံ [[ဓမ္မသတ်တရား၊ ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်|ဓမ္မသတ်]] ၁၂ စောင်တွဲကို ပထမဆုံးအကြိမ် ဥပဒေများအဖြစ် စနစ်တကျ ပြုလုပ်သည်။ [[အေဒီ]] ၅၂၈-၅၃၄ ခုနှစ်များတွင် စိုးစံခဲ့သော ရောမဧကရာဇ်ဘုရင် ဂျပ်စတင်းနီးယန်း လက်ထက်တွင်ကား ရောမနိုင်ငံရှိ ဥပဒေဟူသမျှကို ညှိနှိုင်းပြုစု တည်းဖြတ်ရန် ကော်မရှင်အဖွဲ့တစ်ခု ခန့်အပ်သည်။ ထိုကော်မရှင်က ရောမနိုင်ငံ ဓမ္မသတ် ၁၂ စောင်တွဲကိုလည်းကောင်း၊ ရောမနိုင်ငံ ရှေ့နေရှေ့ရပ်၊ ခုံသမာဓိ [[တရားသူကြီး]]တို့၏ [[ဖြတ်ထုံး]] သင်္ခေပကျမ်းကို လည်းကောင်း၊ ဥပဒေလေ့လာသူ စာသင်သားတို့အတွက် ဥပဒေပေါင်းချုပ်ကို လည်းကောင်း ပြုစုစီရင်သည်။ ယင်းကျမ်းစုကို ''ကော်ပပ်ဂျူးရစ် စီဗီလစ်''ဟုခေါ်၍ အဓိပ္ပာယ်အားဖြင့် ဓမ္မသတ်ပေါင်းချုပ်ပင်ဖြစ်သည်။ ယခုခေတ်မှီ နိုင်ငံတို့၏ တရားဥပဒေများမှာ ယင်းရောမဓမ္မသတ်ပေါင်းချုပ်ကို မှီ၍ပြုသော ဥပဒေများ ဖြစ်သည်။
 
ယင်း၏ ထူးခြားသောဂုဏ်အင်္ဂါတစ်ရပ်မှာ နိုင်ငံအချင်းချင်း ဆက်သွယ်သော ဥပဒေစနစ် ပါရှိခြင်း ဖြစ်သည်။ [[နိုင်ငံသမိုင်း]] [[အလယ်ခေတ်]]နောက်ပိုင်း ဖြစ်သောနှစ်များတွင် ရောမဥပဒေကို [[ဥရောပတိုက်]] တက္ကသိုလ် ကျောင်းများ၌ သင်ကြားပို့ချလေသည်။ အင်္ဂလန်ပြည်မှတစ်ပါး အနောက်ဥရောပတိုက်ရှိ လူမျိုးများ၏ ဥပဒေများမှာ ရောမဥပဒေ၏ အငွေ့အသက်မှ ကင်းလွတ်ခြင်း မရှိကြချေ။
စာကြောင်း ၁၃ -
အင်္ဂလိပ်ဥပဒေစနစ်တွင် ''အက်ကွီတီ''ခေါ် သာတူညီမျှ ဥပဒေဟု ဥပဒေတစ်မျိုး ရှိလေသည်။ တစ်ခါတစ်ရံ ရိုရိုး ဥပဒေအရ တသွေမတိမ်း လိုက်နာဆောင်ရွက်ပါက မတရားမှုများဖြစ်တတ်လေသည်။ ထိုအခါ သာတူညီမျှ ဥပဒေနှင့် ညိ|နှိုင်းဆုံးဖြတ်မှ နှစ်ဦးနှစ်ဖက် ညီမျှမှု ရရှိလေသည်။ ၁၈၇၃ ခုနှစ်တိုင်အောင် အင်္ဂလိပ် အက်ကွီတီတရားဥပဒေခုံရုံးဟူ၍ သီးသန့်ထားရှိခဲ့သည်။ အက်ကွီတီ [[ခုံသမာဓိရုံး]]သည် ထိုစဉ်က တရားရေးဝန်ကြီး၏ လက်အောက်ခံ ဖြစ်သည်။ အထက်ပါ ဥပဒေများအပြင် ဥပဒေပြုလွှတ်တော်မှ ပြဋ္ဌာန်း အတည်ပြုလိုက်သော ဥပဒေသစ်များလည်း ရှိပေသေးသည်။ အများသုံးဥပဒေများ၊ သို့မဟုတ် စီရင်ချက်များပေါ်တွင် အခြေခံထားသော ဥပဒေများကို မသုံးစွဲနိုင်သော အခြေအနေ များဖြစ်ပေါ်လာသောအခါ ဥပဒေပြုလွှတ်တော်များဖြစ်သော ပါလီမန်၊ [[ကွန်ဂရက်]] နှင့် ဥပဒေပြုအဖွဲ့များမှ ဥပဒေအသစ်များကို ပြဋ္ဌာန်းပေးလေသည်။
 
ထိုပြင်ထို့ပြင် တရားမဥပဒေနှင့် [[ရာဇဝတ်ဥပဒေ]] ဟူသော ဥပဒေ နှစ်မျိုးကို အသိအမှတ်ပြုလာကြသည်။ တရားမ ဥပဒေသည် လူများ၏ အခွင့်အရေးများကို ဖော်ပြထားသည်။ အခွင့်အရေး
များကို မည်ကဲ့သို့ စောင့်ထိန်းရမည်။ ဆုံးပါးလက်လွတ်သွားပါက မည်ကဲ့သို့ ပြန်လည် ရယူရမည်ကို နည်းလမ်းပြထားသည်။ ရာဇဝတ် ဥပဒေမှာမူကား ပြည်သူ့အကျိုး၊ လူတစ်ဦး တစ်ယောက်၏အကျိုးနှင့် ဆန့်ကျင်သော အပြုအမူများကို တားမြစ်သည်။ အရေးယူသည်။ ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးသည်။ အထက်ပါဥပဒေများမှာ မြို့ပြဆိုင်ရာ ဥပဒေဖြစ်ကြသည်။ စစ်ဘက်ဆိုင်ရာ ဥပဒေများလည်း ရှိသေးသည်။ [[မာရှယ်လော]]ခေါ် စစ်ဥပဒေမှာကား နိုင်ငံတွင် အရေးတကြီး အခြေအနေများ ပေါ်ပေါက်မှသာ အသုံးပြုရ သည်။ ပမာအားဖြင့် နိုင်ငံခြားမှ လာရောက်တိုက်ခိုက်သည့်အခါ၊ သူပုန်ထသည့်အခါ၊ ပြည်တွင်းဆူပူ သောင်းကျန်းမှုများရှိသည့်အခါများတွင် စစ်ဥပဒေကို ထုတ်ပြန်ရသည်။
 
"https://my.wikipedia.org/wiki/ဥပဒေ" မှ ရယူရန်