နှဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး အော်တိုစားထိုးဘော့ -ပရိတ်သတ် +ပရိသတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။မ +။ မ)
စာကြောင်း ၂၁ -
 
===နှဲတံ===
နှဲတံ ကို အများအားဖြင့် မာကျောပြီး အသွေးအရောင်ကောင်းသော ရှားသား၊ ပိတောက်သား၊ သစ်ကနက်သား၊ ယင်းတိုက်သား၊ ပျဉ်းကတိုးသား၊ ကျွန်းသား စသည်တို့ဖြင့် ပြုလုပ်လေ့ရှိသည်။ ယင်းတိုက်သားမှာ အသံသွင်းရာတွင် အသံကောင်းသဖြင့် အသုံးများသည်။ နှဲတံအလျားမှာမူ ဒေသတစ်ခုနှင့် တစ်ခု မတူညီကြပေ။ နှဲကြီး နှဲတံအလျားသည် နှဲကလေး နှဲတံ အလျားထက်ပို၍ ရှည်လေ့ရှိသည်။ နှဲတံ ပုံသဏ္ဌာန်မှာ အရင်းတွင်သေး၍ အဖျားကြီးသွားလေ့ ရှိသည်။ နှဲတံပေါ်တွင် အပေါက် ၈ ပေါက် ပါပြီး အပေါ်အပေါက် ၇ ပေါက်ကို ဗျည်းပေါက်၊ အောက်ဘက်ရှိ လက်မပေါက် ၁ ပေါက်ကို သရပေါက် ဟု ခေါ်သည်။ သရပေါက် သည်လည်း ဗျည်းပေါက်နှင့် အရွယ်အစား အတူတူ ပင် ဖြစ်သည်။မြန်မာစာရေးထုံးတွင်လည်းဖြစ်သည်။ မြန်မာစာရေးထုံးတွင်လည်း ဗျည်းနှင့်သရ ပေါင်းမှ အသံဖြစ်သကဲ့သို့ နှဲတွင်လည်း ဗျည်းပေါက်ခေါ် လက်နှိပ်ပေါက်နှင့် သရပေါက်ခေါ် လက်မပေါက်တို့ နှစ်မျိုးတွဲမှ အသံဖြစ်ပေါ်ပေသည်။ သရပေါက်သည် နှဲကြူရာတွင်လည်းကောင်း၊ အထေ့အငေါ့တွင် လည်းကောင်း၊ အဆွဲအငင်တွင် လည်းကောင်း အထူးအသုံးကျပေသည်။ လက်နှိပ်ပေါက်များကို တစ်ညီတည်းထား၍ ဖောက်လျှင် နှဲကြီးရော နှဲကလေးပါ တစ်လက်မ ၏ လေးပုံတစ်ပုံ အချင်းအားဖြင့် ဖောက်လေ့ရှိသည်။
 
===နှဲခြေ===
"https://my.wikipedia.org/wiki/နှဲ" မှ ရယူရန်