လျှပ်စစ်သံလိုက်ဖြာထွက်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး သရုပ်ဖေါ်ပုံထည့်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တမဟုတ်ချင်း +တစ်မုဟုတ်ချင်း)
စာကြောင်း ၄ -
ရှေးရိုးရူပဗေဒအရ လျှပ်စစ်သံလိုက်ဖြာထွက်ခြင်းတွင် လျှပ်စစ်သံလိုက်လှိုင်းများ ပါရှိကြသည်။ ၎င်း လှိုင်းများတွင် ပြိုင်တူညီစွာဖြင့် ယိမ်းခါနေသည့် [[လျှပ်စစ်စက်ကွင်း]]နှင့် [[သံလိုက်စက်ကွင်း]] တို့ပါရှိပြီး [[လေဟာနယ်]]တွင် [[အလင်းအလျင်]]ဖြင့် ရွေ့လျားကြသည်။ စက်ကွင်းနှစ်ခု၏ ယိမ်းခါမှုသည် တစ်ခုနှင့်တစ်ခု ထောင့်မှန်ကျပြီး လှိုင်းရွေ့လျားသည့် လားရာဖြင့်လည်း ထောင့်မှန်ကျသည်။ ထို့ကြောင့် ၎င်းတို့သည် [[ထောင်လိုက်လှိုင်း]]များ ဖြစ်ကြသည်။ လျှပ်စစ်သံလိုက်လှိုင်းများအား ၎င်းတို့၏ [[ကြိမ်နှုန်း]] သို့မဟုတ် [[လှိုင်းအလျား]]အရ အမျိုးအစားခွဲခြားနိုင်သည်။ ၎င်းတို့မှာ [[ရေဒီယိုလှိုင်း]]၊ [[မိုက်ခရိုဝေ့ဗ်]]၊ [[အနီအောက်ရောင်ခြည်]]၊ မြင်နိုင်သော[[အလင်း]]၊ [[ခရမ်းလွန်ရောင်ခြည်]]၊ [[အိတ်စ်ရေး]]နှင့် [[ဂမ္မာရောင်ခြည်]] တို့ဖြစ်ကြသည်။
 
[[လျှပ်စစ်ဓာတ်ဆောင်အမှုန်]]များ အရှိန်ဖြင့်ရွေ့လျားသည့်အခါတွင် လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ်လွှတ်သည်။ လျှပ်စစ်သံလိုက်လှိုင်းများသည် ထုတ်လွှတ်ရာ ရင်းမြစ်မှ [[စွမ်းအင်]]၊ [[အဟုန်]]နှင့် [[ထောင့်ပြောင်းအဟုန်]] စသည်တို့ကို သယ်ဆောင်လာသည်။ လျှပ်စစ်သံလိုက်လှိုင်းများ၏ [[ကွမ်တာ]] ကို [[ဖိုတွန်]]ဟုခေါ်ပြီး[[ဒြပ်ထု]]မှာ သုညဖြစ်သည်။ သို့သော်လည်း[[ဒြပ်ဆွဲအား]]၏ သက်ရောက်မှုရှိသည်။ လျှပ်စစ်သံလိုက်လှိုင်းများသည် ၎င်းတို့၏ ပင်ရင်း၏ လွမ်းမိုးသက်ရောက်မှုမရှိဘဲ ဖြာထွက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည့် အလင်းအလျင်ဖြင့် ရွေ့လျားသောကြောင့် ထုတ်လွှတ်ပြီး တမဟုတ်ချင်းတစ်မုဟုတ်ချင်း ပင်ရင်း၏ သက်ရောက်နိုင်သည့် အကွာအဝေးထက် ကျော်လွန်ရောက်ရှိသွား၍ ဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်သံလိုက်ဖြာထွက်ခြင်းကို [[အဝေးစက်ကွင်း]]ဟု ရည်ညွှန်းလေ့ရှိသည်။
 
လျှပ်စစ်သံလိုက်ဆိုင်ရာ ကွမ်တမ်သီအိုရီအရ လျှပ်စစ်သံလိုက်ဖြာထွက်ခြင်းတွင် ဖိုတွန် များပါရှိကြသည်။