ဩဂတ်စတက်ဆီဇာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြောက်ဖက် +မြောက်ဘက်, -အရှေ့ဖက် +အရှေ့ဘက်, -ျုး +ျူး)
 
စာကြောင်း ၃၀ -
 
== အာဏာရရန် စွမ်းဆောင်ခြင်း ==
ဆီဇာကွယ်လွန်လေသော် အော့တေး ဗီးယပ်သည် ရောမမြို့သို့ပြန်လာ၍ ဂီယာ့စ် ဂျူးလီယပ် ဆီဇာ အော်တေးဗီးယန်းဟူသော အမည်ကို ခံယူလေသည်။ ဆီဇာ ကွယ်လွန်ပြီးနောက် ရောမနိုင်ငံရေး အခြေအနေမှာ ရှုပ်ထွေး လျက်ရှိသည်။ ဆီဇာ၏လက်ရုံးဖြစ်သော မတ်အန်တိုနီကလည်း ရောမမြို့ကို အုပ်ချုပ်လျက်ရှိသည်။ ဆီဇာကိုလုပ်ကြံသတ်ဖြတ်ခဲ့ ကြသော သမ္မတဂိုဏ်းသားတို့လည်း ရောမနိုင်ငံ အရှေ့ပိုင်းတွင် မင်းမူလျက်ရှိကြသည်။ အော်တေးဗီးယန်း တစ်ယောက်လည်း ထိုစစ်ပွဲများ၊ အာဏာလုပွဲများတွင် ပါဝင်ခဲ့သည်။ လူငယ်ဖြစ်သည့်အပြင် ဂျုးလိယက်ဆီဇာ၏ဂျူးလိယက်ဆီဇာ၏ မွေးစားသားဖြစ်သည် ဆိုသည့်ဂုဏ်လောက်သာရှိသဖြင့် အများကပင် ဂရုတစိုက်မရှိခဲ့ကြပေ။ သို့သော် ဦးလေး၏ပညာအမွေကို ကောင်းစွာဆက်ခံခဲ့သည့် အောက်တာဗီယံသည် ထိုအချက်ကိုပင် ပါးနပ်စွာအသုံးချပြီး [[ဂျူးလိယက်ဆီဇာ]]၏ သူရဲကောင်း ၃၀၀၀ ဖြင့် ဖွဲ့စည်းခဲ့သည့် မြင်းတပ် (လီဂျင်းစ်-Legions) ၏ ထောက်ခံမှုကို အလျင်ရယူသည်။ ထိုနောက် ပြိုင်ဖက်များကို ဖယ်ရှားပြီး ထိပ်ဆုံးရောက်သည်အထိ တက်လှမ်းခဲ့သည်။ သို့သော် အများစုဖြစ်သည့် ကျန်တပ်ဖွဲ့များက အော်တေးဗီးယန်း၏ မိတ်ဆွေရင်းဖြစ်သူ [[မက်ခ် အန်တိုနီ]] (Mark Antony) ကို ထောက်ခံခဲ့ကြသဖြင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် စစ်ခဏနားချိန် ဘီစီ ၃၆ တွင် [[ရောမ]]၏နယ်ပယ်ကြီးမှာ အရှေ့နှင့်အနောက်ဟု ထင်ထင်ရှားရှားပင် နှစ်ခြမ်းကွဲတော့သည်။ အရှေ့ဖက်ခြမ်းကိုအရှေ့ဘက်ခြမ်းကို မက်ခ် အန်တိုနီက အုပ်ချုပ်ပြီး အနောက်ခြမ်းကို အောက်တာဗီယံက အုပ်ချုပ်သည်။
 
ထိုစစ်နားချိန်များအတွင်း အန်တိုနီမှာ အီဂျစ်ဘုရင်မ [[ကလီယို ပတ်ထရာ|ကလီယို ပက်ထရာ]]၏ မာယာစက်ကွင်းတွင် နှစ်မြောကာ နိုင်ငံရေးရာများတွင် လှစ်ဟင်းနေသော်ငြား အော်တေးဗီးယန်းအနေဖြင့် မိမိ၏အနေအထားကို ခိုင်မာသထက် ခိုင်မာစေရန် ကြိုးပမ်းအားထုတ်နေခဲ့သည်။ သို့ဖြင့် ဘီစီ ၃၂ စစ်ပြန်စချိန်တွင် အော်တေးဗီယန်း ဦးဆောင်သည့် တပ်များ ထင်ထင်ရှားရှားပင် အသာရသည်။ ဘီစီ ၃၁ တွင် ဖြစ်ပွားသည့် အက်တီယမ် (Actium) စစ်ပွဲအပြီး နောက်တစ်နှစ်တွင် အော်တေးဗီးယန်း အပြတ်အသတ်နိုင်ပြီး နောက်နှစ်တွင် စစ်ရှုံးသည့် အန်တိုနီနှင့် ကလိုယိုပက်ထရာတို့ အဆိပ်သောက်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြသဖြင့် စစ်ပွဲအဆုံးသတ်ပြီး အော်တေးဗီးယန်း အနေဖြင့် ယခင် ၁၄ နှစ်က အဖိုးဖြစ်သူရရှိခဲ့သည့် ဩဇာအာဏာကို တန်းတူရရှိခဲ့သည်။
စာကြောင်း ၄၄ -
သမိုင်းတွင် ဩဂတ်စတက်ဆီဇာ ကဲ့သို့ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အာဏာရှင်မှာ ရှာမှရှားသည်ဟုဆိုရမည်။
* အောင်နိုင်သူ စစ်ဗိုလ်ချုပ်အဖြစ်သာမက နိုင်ငံရေးတွင်လည်း ဂုရုတစ်ဆူဖြစ်သည်။ လိုက်လျောမှုဖြင့် ပြည်တွင်းမှ မညီညွတ်မှုများကို ပြီးပျောက်စေခဲ့သည်။
* အုပ်စိုးချိန် နှစ် ၄၀ သာမက၊ သူကွယ်လွန်ပြီးနောက်တွင်ပင် သူ၏ဩဇာမှာ ထင်ထင်ရှားရှား ကျန်ရှိနေသေးသည်။ သက်ရှိထင်ရှား ရှိစဉ်တွင် စပိန်၊ ဆွစ်ဇာလန်၊ အာရှမိုင်းနားနှင့် ဘောလ်ကန်ဒေသများကို သိမ်းပိုက်ခဲ့ပြီး၊ မြောက်ဖက်နယ်နိမိတ်ကိုလည်းမြောက်ဘက်နယ်နိမိတ်ကိုလည်း ရိုင်း-ဒန်းနျု (Rhine-Daunbe) မျဉ်းအတိုင်း ထားရှိနိုင်ခဲ့သည်။ နောင်နှစ် ၂၀၀ ခန့်အထိ ထိုနယ်နိမိတ်မျဉ်းအတိုင်း တည်တံ့ခဲ့သည်။
* ထိုအချက်များအပြင် ဩဂတ်စတက်ဆီဇာသည် အလွန်အမျှော်အမြင်ရှိ အုပ်ချုပ်ရေး ပညာရှင်လည်းဖြစ်သည်။ ပြည်သူ့ဝန်ထမ်းစနစ်ကို ကောင်းစွာပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အခွန်ကောက်ခံပုံ၊ ဘဏ္ဍာရေးစနစ်နှင့် စစ်တပ်တို့ကို ပြန်လည်ပြင်ဆင်ပြီး အမြဲတမ်းရေတပ်ကို ဖွဲ့စည်းသည်။ ပရေတိုရီယမ် ဂါတ် (Praetorium Guard) အမည်ရှိ ကိုယ်ရံတော်တပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ ထိုတပ်ဖွဲ့မှာ နောင်တွင် ရောမဧကရာဇ်နေရာကိုပင် အပြောင်းအလဲလုပ်နိုင်သည်အထိ အရေးပါလာခဲ့သည်။
* သူ့လက်ထက်တွင် ကွန်ယက်များသဖွယ် လမ်းမကြီးများကို ဖောက်လုပ်ပေးခဲ့သည်။ ထို့ကြောင့်ပင် လမ်းအားလုံးသည် ရောမသို့ဦးတည်သည် ဟူသောဆိုရိုးပင် ဖြစ်ပေါ်လာခဲ့သည်။ ရောမမြို့ကိုလည်း ပြည်သူ့အဆောက်အဦးများ၊ ဘာသာရေး ဝတ်ကျောင်းများ တည်ဆောက်ပေးခြင်းဖြင့် သာယာစည်ပင်စေသည်။ ကိုယ်တိုင်ကလည်း ရောမရှေးဓလေ့ထုံးစံများကို လိုက်နာပြီး လပ်ထက်ခြင်း၊ သားသမီးပွားများခြင်းကို ဥပဒေပြုကာ ကောင်းစွာအားပေးခဲ့သည်။