ငှက်ဖျားရောဂါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လာပါသည် +လာသည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။အ +။ အ)
စာကြောင်း ၃၆ -
ငှက်ဖျားရောဂါတွင် သုံးရက်ခြားတို့တွင် ပြန်လည်ဖြစ်တတ်သည်။
 
ပလပ်စမိုဒီယမ်းဖယ်ဆီပေရမ် ကြောင့် ဖြစ်ပွားသော ငှက်ဖျားရောဂါသည် ၃၆–၄၈ နာရီကြာတိုင်း ပြန်ဖြစ်သည်။ သို့သော် သိသာခြင်းမရှိဘဲ အမြဲတမ်းဆက်ပြီး ဖျားနေတတ်သည်။ ငှက်ဖျား ရောဂါရသည့်ကလေးသည် မကြာခဏဆိုသလို ပုံမှန်မဟုတ်သည့် ကိုယ်နေကိုယ်ဟန်ထား ဖြစ်နေသည်မှာ ဦးနှောက်တွင် အပြင်းအထန်ထိခိုက်ခြင်း လက္ခဏာတစ်ခုဖြစ်ပြီးယင်းသည် ဦးနှောက်အာရုံကြောတွင်းတွင် ဖိအားပြင်းပြင်းခံထားရခြင်းနှင့် ဆက်ဆိုင်နေကြောင်းကိုမူ ကောင်းစွာမသိကြပါ။အထူးသဖြင့်ကောင်းစွာမသိကြပါ။ အထူးသဖြင့် ကလေးသူငယ်များတွင် ငှက်ဖျားရောဂါသည် အသိဉာဏ်ထိခိုက်မှုများ ဖြစ်စေသည်ကို တွေ့ရှိရသည်။ ၎င်းသည် ဦးနှောက်လျင်မြန်စွာ ဖွံ့ဖြိုးလာချိန်တွင်သွေးအားနည်းခြင်း ပြန့်နှံ့လာပြီး ဦးနှာက်အား တိုက်ရိုက် ထိခိုက်စေသည်။ ဦးနှောက်သို့ ငှက်ဖျားရောဂါပိုး ဝင်ရောက်သည့်အတွက် ဖြစ်ပေါ်လာသည့် အာရုံကြောပျက်စီးမှုသည် ကလေးသူငယ်များတွင် ပို၍ စိုးရိမ်ရသည်။ ဦးနှောက်ငှက်ဖျားရောဂါသည် မျက်ကြည်လွှာဖြူဖွေးနေခြင်းနှင့် ဆက်နွယ်နေပြီး ယင်းသည် အခြားသော ဖျားနာခြင်းများနှင့် ထင်ရှားစွာ ခွဲခြားနိုင်သည်။
 
== ရောဂါလက္ခဏာများ ==
ပြင်းထန်သည့်ငှက်ဖျားရောဂါသည် ပလပ်စမိုဒီယမ်းဖယ်ဆီပေရမ်ရောဂါပိုးကြောင့် ဖြစ်ရပြီး၊ ပုံမှန်အားဖြင့် ရောဂါ ပိုးဝင်ရောက်ပြီး ၆ –၁၄ ရက်ကြာမှ ရောဂါလက္ခဏာဖြစ်ပေါ်လာသည်။ အကယ်၍ ဆေးမကုသဘဲထားခဲ့လျှင် ဆိုးဝါးပြင်းထန်သော ငှက်ဖျားရောဂါ နောက်ဆက်တွဲအနေဖြင့် မေ့မျောခြင်းနှင့် သေဆုံးသည်အထိဖြစ်လာနိုင်သည်။ အထူးသဖြင့် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ပိုမိုစိုးရိမ်ရပါ်သည်။ ငှက်ဖျားရောဂါကြောင့် သရက်ရွက်ကြီးခြင်း ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း ၊ ဦးနှောက်သို့ သွေးမရောက်ခြင်း ၊ အသည်းကြီးခြင်း ၊ သွေးတွင်းအချို ဓာတ်နည်းခြင်းနှင့် ကျောက်ကပ်ပျက်စီးပြီး ဟေမိုဂလိုဘင်များ ဆီးနှင့်အတူ စွန့်ပစ်ခြင်းတို့ဖြစ် လာသည်။ ကျောက်ကပ်ပျက်စီးသည့်အခါ ဆီးအမည်းရောင်သွားသော ဖျားနာခြင်းဖြစ်လာပြီး သွေးနီဥများ ပြိုကွဲ၍ ထွက်ပေါ်လာသည့် ဟေမိုဂလိုဘင်များသည် ဆီးအတွင်းသို့ ယိုစိမ့်ဝင်သွားသည်။ အပြင်းစားငှက်ဖျားရောဂါ သည် လျင်မြန်စွာ ဖြစ်လာပြီး နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း သေဆုံးသည်အထိ ဖြစ်သည်။အလွန့်အလွန်ဖြစ်သည်။ အလွန့်အလွန် ဆိုးဝါးပြင်းထန်သည့်အခါတွင် ကြပ်ကြပ်မတ်မတ် စောင့်ရှောက် ကုသနေသော်လည်း သေပျောက်မှုနှုန်းသည် ၂၀%ထက် ကျော်လွန်လာသည်ကို တွေ့ရသည်။ ရောဂါ ကူးဆက်ဖြစ်ပွားနေ သည့်နေရာများတွင် ကုသရေးသည် ရံဖန်ရံခါ စိတ်ကျေနပ်ဖွယ်ရာဖြစ်မလာဘဲ ငှက်ဖျားရောဂါအမျိုးမျိုးတို့ကြောင့် အားလုံးစုံသေပျောက်မှုနှုန်းသည် ဆယ်ယောက်တွင် တစ်ယောက်နှုန်းအထိ မြင့်တက်လာသည်။ ရေရှည်ကြာမြင့်လာသည့်အခါ အပြင်းစားငှက်ဖျားရောဂါခံစားရသည့် ကလေး သူငယ်များတွင် ဖွံ့ဖြိုး တိုးတက်မှု အဟန့်အတားများဖြစ်ပေါ် လာသည်ကို တွေ့ရှိရသည်။
 
== ရောဂါပျိုးချိန် ==