ပလတ်စတစ်: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထိုပြင် +ထို့ပြင်)
စာကြောင်း ၄၂ -
 
အေးလျှင် အိပ်သည်ဆိုသော ပလတ်စတစ်မျိုးသည် အပူပေးလျှင် ပျော်၍ အအေးခံလိုက်လျှင် မာလာသည်။ ဤပလတ်စတစ်ကို ပုံသွန်းရန်မှာ မာမိုပလတ်စတစ် ပုံသွန်းမှုန့်များကို ကတော့ဖြင့် အပူတိုက်ခန်းထဲသို့ ထည့်ပေးရသည်။ ပူလာသောအခါ ထိုအမှုန့်တို့သည် ကော်စေးပျော့ပျော့ဖြစ်သွား၏။ ထို့နောက် ကော်စေးပျော့ကို အပူချိန်နည်းသော သွန်းပုံထဲသို့ ထိုးသွင်းပေးသည်။ ထိုသွန်းပုံတွင် ပလတ်စတစ်ကို အအေးပေးပြီးလျှင် မာလာသည်အထိ ဖိပေးထားသည်။ လွှာထပ်စပ်နည်းဖြစ်သည်။ ဆင်းဒွစ်မုန့်ခေါ် အသားညှပ်ပေါင်မုန်လုပ်သည်နှင့်တူ၏။ အဝတ်လွှာ၌ဖြစ်စေ၊ စက္ကူလွှာတို့၌ဖြစ်စေ၊ သစ်လွှာတို့၌ဖြစ်စေ ပလတ်စတစ်ကော်စေးကို ကြားညှပ်ထားသည်။ ထိုနောက် ထိုအလွှာတို့ကို ဖိပေးသည်။ ယင်းသို့ဖိပေးသည်တွင် ကော်စေးသည် ဓာတ်ပြုမှုကြောင့် "အိပ်"သော်လည်း အိပ်သွား၏။ သို့မဟုတ် အအေးကြောင့် မာသော်လည်း မာလာသည်။
ညှစ်ထုတ်နည်းသည် သွားတိုက်ဆေးညှစ်ထုတ်ပုံနှင့်အလွန်တူသည်။ ပုံသွန်းမှုန့်များကို စက်အိမ်ထဲသို့ ကတော့ဖြင့် ထည့်ပေးသည်။ စက်ထဲတွင် ထိုအမှုန့်တိုကိုပလတ်စတစ်အခြေရောက်သည်အထိ အပူပေးသည်။ ထိုနောက် ပလတ်စတစ်ကို သွန်းပုံမှ အဆက်မပြတ်ညှစ်ထုတ်သည်။ ပလတ်စတစ်ပြွန်ချောင်းများကို ဤနည်းဖြင့် ပြုလုပ်ယူသည်။ ထိုပြင်ထို့ပြင် ယောက်ျားခါးပတ်များ၊ တန်ဆာပဘာ လက်ကိုင်ရိုးများ၊ ပုံမှန်ပစ္စည်းများတို့ကိုလည်းကောင်း ဤနည်းဖြင့် ပြုလုပ်သည်။
 
လက်ညှစ်ပုလင်း၊ အက်ဆစ်ထည့်စရာဗူးခွက်စသည်တို့ကို ပြုလုပ်ရာ၌ ပလတ်စတစ်ကို ဖန်မှုတ်သကဲ့သို့ မှုတ်ယူသည်။ မှုတ်နည်းတစ်ခုမှာ အရည်ပျော်ပြီး ပေါ်လီအက်သီလင်းကို ခေါင်းပွပြွန်ချောင်းထဲသို့ ညှစ်သွင်းသည်။ဤပြွန်ချောင်းကို သွန်းပုံတွင်ထည့်၍ သွန်းပုံးအတိုင်းပြန့်ကားလာအောင် လေမှုတ်သွင်းပေးလေသည်။ အခြားမှုတ်နည်းတစ်ခုမှာ သာမိုပလတ်စတစ်ပစ္စည်းနှစ်ချပ်ကို သွန်းပုံခြမ်းနှစ်ခြမ်းအကြားဝယ် ညှပ်ထားသည်။ ထိုအချပ်နှစ်ချပ်အကြားသို့ ဖိအားကြီးလေကိုဖြစ်စေ၊ ဖိအားကြီး ရေနွေးငွေကိုဖြစ်စေ မှုတ်သွင်းပေးသည်။ ထိုအချပ်တို့သည် အပူနှင့် ဖိအားတို့ကြောင့် ကားထွက်ရာ၊ သွန်းပုံနှင့် ထိသော်အခါ သွန်းပုံ၏ သဏ္ဌာန်ကို ရရှိလေသည်။