ရိဒ်ရေကန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြောက်ဖက် +မြောက်ဘက်, -အနောက်ဖက် +အနောက်ဘက်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ျိူ +ျို)
စာကြောင်း ၄၂ -
 
== ရိုးရာစစ်ချီတေးမှလာသော သမိုင်း ==
ရိဒ်ရေကန်နှင့်ပက်သက်သော အထက်ပါပုံပြင်သည် နောက်မှဖြစ်လာသည့် ဒဏ္ဍာရီပင်ဖြစ်သည်။ သို့သော် ယနေ့တိုင် သီဆိုလျက်ရှိနေသေးသော ရိုးရာစစ်ချီတေးအရ၊ "ရိဒ်" ဟူသော ဝေါဟာရသည် "သျှရိ" ဟူသော စကားမှရွှေ့လျော့လာခြင်းပင်။ ယနေ့တွင် ချင်း (ဇိုမီး) ဟုတွင်သောတိုင်းရင်းသားတို့၏ ရှေးဘိုးဘေးများ၊ ဤဒေသ၌စတင်အခြေချစကာလတွင် အဝေးမှကြည့်လျှင် နွားနောက်ဦးချိူပုံပေါက်နေသည်ကိုနွားနောက်ဦးချိုပုံပေါက်နေသည်ကို အကြောင်းပြုလျက် "ရှာလ်ကီးဒူလ်" ဟူ၍လည်းကောင်း၊ သမိုင်းတင်ထင်ရှားသောပုရောဟိတ် ဂါလ်ငါမ်ကို အစွဲပြုလျက် "ဂါလ်ငါမ်သွီးလီ" ဟူ၍လည်းကောင်း၊ မိုဃ်းကျရေပြင်ဟုဆိုလိုသည့် "ဗန်ကဲ့သွီးလီ" ဟူ၍လည်းကောင်း အသီးသီးခေါ်ဆိုခဲ့ကြသည်။<ref>ဗန်းတဲ့ကျေးရွာ၏ ရိုးရာယျဉ်ကျေးမှုနှင့် ဆိုင်၍ဖြစ်သော တရားမမှုစီရင်ရန် တီးတိန်မြို့နယ်တရားသူကြီးရုံး၊ ဖလမ်းခရိုင်တရားသူကြီးရုံး၊ ချင်းပြည်နယ်တရားသူကြီးရုံးနှင့် ဗဟိုတရားသူကြီးရုံး (အထက်မြန်မာပြည်-မန္တလေး) တို့၏ သက်ဆိုင်ရာ ရိုးရာပရောဟိတ်ဆရာများအား အဆင့်ဆင့် စစ်ဆေးမေးမြန်းမှုနှင့် စီရင်ဆုံးဖြတ်မှု အမှုတွဲမှတ်တမ်းများ (၁၉၉၇-၂၀၀၀)။</ref> [[ဂွေးတဲလူမျိုး|ဂွီးသဲ]]နယ် တောင်ပိုင်မင်းကြီးမာန်ဆူမ်း၏ ညီတော်ထွေး၏ အမွေပိုင်မြေအစိပ်အပိုင်းဖြစ်သည်။ ဤဒေသတွင် အခြေချကြပြီး မျိူးဆက်နှစ်ဆက်အလွန်တွင်မျိုးဆက်နှစ်ဆက်အလွန်တွင် မြစ်ညှာဖက်မှ မျက်နှာမည်း (ဘင်္ဂလီကုလားများဖြစ်တန်ရာ၏) များသည် တိုင်အိုချောင်းရိုးအတိုင်း စုန်ဆင်းလာပြီး၊ ဤရေကန်၏ ပတ်ပတ်လည်လည်တွင် တောင်ယာခုတ်လျက်၊ ကျောက်ထရံများကို (ရဲတိုက်ကဲ့သို့) တည်ဆောက်လျက် အခိုင်အမာ အခြေချနေထိုင်လာကြသည်။ ရေကန်ကိုလည်း "သျှရိ" ဟုသမုတ်လျက်၊ နတ်စင်တင်ပူဇော်ကြသည်။ ထို့ကြောင့် [[ဂွေးတဲလူမျိုး|ဂွီးသဲ]]နယ်တောင်ပိုင်မင်းကြီး မာန်ဆူမ်းက အခွန်တော်ပေးပို့ရန် အကြိမ်ကြိမ်ရာဇသံပေးပို့ရာ၊ နာခံခြင်းမရှိရုံမျှမက ၎င်းကာလ [[ဂွေးတဲလူမျိုး|ဂွီးသဲ]]နယ်၏ အိမ်တော်နန်းစိုက်ရာ [[ကျိမ်နွဲ]]မြို့၏ ခံတပ်မြို့တခုဖြစ်သော ဂဲလ်သွီးကို ထိပါးလာကြသည်။ ထို့ကြောင့်၊ "တောင်စဉ်သုံးခုပိုင် [[ဂွေးတဲလူမျိုး|ဂွီးသဲ]]မင်းညီနောင်သုံးဖော် (Mualthum Kampau Guite Unau Thum)" ဟုထင်ရှားသော နောင်တော် [[ကျိမ်နွဲ]]စား မာန်ဆူမ်း၊ ညီတော် [[ဗန်းတဲ့|သွဲ့ယွဲ-ဗန်းတဲ့]]စား ကူလ်ဂင်း (သူ၏သားတော် ဂင်းဒုန့်) နှင့် ညီတော်ထွေး လဲင်းတောင်စား နာ့ဆားဝ် (ကူလ်လိုင်)တို့သည် တပ်ပေါင်းစုကို စီစဉ်၍၊ ၎င်းမျက်နှာမည်းတို့အား တိုင်အိုမြစ်၏အနောက်ဘက်သို့ တိုက်ထုတ်ချေမှူန်းခဲ့ကြသည်။<ref>Ngul L. Zam, B.A. ''Mualthum Kampau Guite Hausate Tangthu'' (History of Guite Chiefs the Sovereign of Three Mountain Region; Amazon/CreateSpace, United States, 2018), 44-46, [https://www.amazon.com/dp/1721693556 ISBN 978-1721693559.]</ref> ၎င်းစစ်ဆင်ရေးတွင် သွဲ့ယွဲ-ဗန်းတဲ့စား ကူလ်ဂင်း၏ ဒုတိယသားတော် (အိမ်ရှေ့စံ ဂင်းဒုန်၏ညီတော်) ဇွန်ဟောက်၊ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲကျအသက်စတေးခဲ့သည်။ ၎င်းကို အမှတ်ပြု ရေးစပ်သော စစ်ချီတေးကို ဗန်းတဲ့ရွာတွင် ရိုးရာပွဲများကျင်းပတိုင်း သီဆိုလေ့ရှိကြသည်မှာ ယနေ့တိုင်ဖြစ်လေသည်။<ref>Thang San Mung, “Sialkidul Li,” in ''Zolus Journal'' 17 (Yangon, Myanmar, 2013): 150-157.</ref>
 
== ချင်းလူမျိုးတို့၏ ယုံကြည်မှု ==